





ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ ချယ်လ်ဆီးအသင်းမှာ
ရုန်းကန်နေရတဲ့တိုက်စစ်မှူးလူကာကူကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။





အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံနာမည်ကျော်ကစားသမားလူကာကူဟာ
ပြီးခဲ့တဲ့နွေရာသီကမှ အသင်းဟောင်းချယ်လ်ဆီးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး
ပေါင်(၉၈)သန်းနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် အခုနောက်ပိုင်းမှာခြေစွမ်းမပြနိုင်သလို





နည်းပြတူချယ်လ်ကလည်း လူကာကူထက် ဟားဗတ်ဇ်ကို ဦးစားပေးအသုံးပြုနေတာကြောင့်
ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတာပါ။ အဲဒါကြောင့် လူကာကူဟာ သူ့ရဲ့ကစားသမားဘဝကို





ပြင်သစ်မြေမှာပြန်လည်စတင်ဖို့ဆန္ဒရှိနေပြီး အေးဂျင့်ဖြစ်သူရိုင်အိုလာကလည်း
PSG အသင်းအားကစားဒါရိုက်တာလီအန်ဒရိုနဲ့အပြောင်းအရွှေ့ကိစ္စအတွက်
ဆွေးနွေးခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ PSG အသင်းရဲ့အဓိက





တိုက်စစ်ကစားသမားဖြစ်သူ ဘာပေဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကျရင်
အသင်းနဲ့လမ်းခွဲဖို့ရှိနေတာကြောင့် တိုက်စစ်ပိုင်းအားဖြည့်ဖို့လိုအပ်နေတဲ့အတွက်





လူကာကူကိုခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဘာပေရဲ့စာချုပ်က ရာသီကုန်ကျရင်
သက်တမ်းပြည့်မှာဖြစ်သလို ရီးယဲလ်အသင်းကိုပြောင်းရွှေ့ဖို့နီးစပ်နေပါတယ်။
လူကာကူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ(၅)ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့်





PSG အသင်းကတော့ ဘာပေရဲ့နေရာမှာ လူကာကူ အစားဝင်နိုင်မယ်လို့
ယုံကြည်နေတာဖြစ်ပါတယ်။ PSG အသင်းဟာ လူကာကူအပြင် အေဂျက်စ်





ကစားသမားအန်သိုနီ၊ နိုက်စ်အသင်းတိုက်စစ်မှူးဂိုအီယီတို့ကိုလည်း ပစ်မှတ်ထားနေပြီး
သူတို့တွေကတော့ လူကာကူထက် ပြောင်းရွှေ့ကြေးပေးရတာပိုနည်းမယ့်
အနေအထားမှာရှိနေပါတယ်။





zawgyi
ခ်ယ္လ္ဆီးမွာ ႐ုန္းကန္ေနရတဲ့လူကာကူကိုေခၚယူဖို႔ PSG ႀကိဳးပမ္း





ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဟာ ခ်ယ္လ္ဆီးအသင္းမွာ
႐ုန္းကန္ေနရတဲ့တိုက္စစ္မႉးလူကာကူကိုေခၚယူဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီျဖစ္ပါတယ္။
အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘယ္လ္ဂ်ီယံနာမည္ေက်ာ္ကစားသမားလူကာကူဟာ





ၿပီးခဲ့တဲ့ေႏြရာသီကမွ အသင္းေဟာင္းခ်ယ္လ္ဆီးကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး
ေပါင္(၉၈)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေျခစြမ္းမျပႏိုင္သလို





နည္းျပတူခ်ယ္လ္ကလည္း လူကာကူထက္ ဟားဗတ္ဇ္ကို ဦးစားေပးအသုံးျပဳေနတာေၾကာင့္
ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတာပါ။ အဲဒါေၾကာင့္ လူကာကူဟာ သူ႔ရဲ႕ကစားသမားဘဝကို
ျပင္သစ္ေျမမွာျပန္လည္စတင္ဖို႔ဆႏၵရွိေနၿပီး ေအးဂ်င့္ျဖစ္သူ႐ိုင္အိုလာကလည္း





PSG အသင္းအားကစားဒါ႐ိုက္တာလီအန္ဒ႐ိုနဲ႔အေျပာင္းအေ႐ႊ႕ကိစၥအတြက္
ေဆြးေႏြးခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။ PSG အသင္းရဲ႕အဓိက





တိုက္စစ္ကစားသမားျဖစ္သူ ဘာေပဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕က်ရင္
အသင္းနဲ႔လမ္းခြဲဖို႔ရွိေနတာေၾကာင့္ တိုက္စစ္ပိုင္းအားျဖည့္ဖို႔လိုအပ္ေနတဲ့အတြက္
လူကာကူကိုေခၚယူလိုေနတာျဖစ္ပါတယ္။ ဘာေပရဲ႕စာခ်ဳပ္က ရာသီကုန္က်ရင္





သက္တမ္းျပည့္မွာျဖစ္သလို ရီးယဲလ္အသင္းကိုေျပာင္းေ႐ႊ႕ဖို႔နီးစပ္ေနပါတယ္။
လူကာကူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ(၅)ဂိုးသာသြင္းယူႏိုင္ခဲ့ေပမယ့္





PSG အသင္းကေတာ့ ဘာေပရဲ႕ေနရာမွာ လူကာကူ အစားဝင္ႏိုင္မယ္လို႔
ယုံၾကည္ေနတာျဖစ္ပါတယ္။ PSG အသင္းဟာ လူကာကူအျပင္ ေအဂ်က္စ္
ကစားသမားအန္သိုနီ၊ ႏိုက္စ္အသင္းတိုက္စစ္မႉးဂိုအီယီတို႔ကိုလည္း ပစ္မွတ္ထားေနၿပီး





သူတို႔ေတြကေတာ့ လူကာကူထက္ ေျပာင္းေ႐ႊ႕ေၾကးေပးရတာပိုနည္းမယ့္
အေနအထားမွာရွိေနပါတယ္။
Leave a Reply