ချယ်လ်ဆီးပိုင်ရှင်သစ်ဖြစ်လာမယ့် နောက်ဆုံး ဆန်ခါတင် နှစ်ဖွဲ့

ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ အဖွဲ့တွေထဲက

နောက်ဆုံး ဆန်ခါတင် အဖွဲ့နှစ်ခု ထွက်ပေါ်လာခဲ့ပြီလို့ တယ်လီဂရပ်မှ

သတင်းထောက် Matt Law က ထုတ်ပြောလာပါတယ်။

သတင်းများအရ ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် စိတ်ဝင်စားသူ

(၂၀၀)ဝန်းကျင်ရှိခဲ့ပြီး တရားဝင်ကမ်းလှမ်းမှုပြုလုပ်သူ (၃၀) ဝန်းကျင်ရှိခဲ့ကြောင်း

သိရပါတယ်။ ဆန်ခါတင် နှစ်ဖွဲ့ထဲက တစ်ဖွဲ့ကတော့ Todd Boehly ဖြစ်ပြီး

အမေရိကန် ဘေ့စ်ဘောအဖွဲ့ LA Dodgers ရဲ့ ပိုင်ရှင်တွေထဲက တစ်ဦးဖြစ်တဲ့

Todd Boehly ဟာ ဆွစ်ဘီလျံနာ Hansjorg Wyss အပါအဝင်

ကယ်လီဖိုးနီးယားက ရင်းနှီးမြုပ်နှံသူတွေနဲ့တကွ ဒီအဖွဲ့ကို ဦးဆောင်ထားပါတယ်။

နောက်တစ်ဖွဲ့ကတော့ Sir Martin Broughton/Josh Harrisပါ။

Sir Martin Broughton ဟာ လီဗာပူးအသင်း ဥက္ကဋ္ဌ ဟောင်းဖြစ်ပါတယ်။

Josh Harris ကတော့ ပဲလေစ့်အသင်း ရှယ်ယာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒီအဖွဲ့ထဲက ပုဂ္ဂိုလ်နှစ်ဦးဟာ ပဲလေစ့်အသင်းရဲ့ ရှယ်ယာရှင်တွေပါ။

Broughton ကတော့ လီဗာပူး ဥက္ကဋ္ဌအဖြစ် ၆ လ တာဝန်ယူခဲ့ကာ FSG ထံ

လီဗာပူးကို ရောင်းထုတ်နိုင်ဖို့ ကူညီခဲ့သူဖြစ်ပါတယ်။ သူက ချယ်လ်ဆီး

အမာခံပရိသတ်လည်း ဖြစ်ပါတယ်။

zawgyi

ခ်ယ္လ္ဆီးပိုင္ရွင္သစ္ျဖစ္လာမယ့္ ေနာက္ဆုံး ဆန္ခါတင္ ႏွစ္ဖြဲ႕

ခ်ယ္လ္ဆီးအသင္းကို ဝယ္ယူဖို႔ ကမ္းလွမ္းထားတဲ့ အဖြဲ႕ေတြထဲက

ေနာက္ဆုံး ဆန္ခါတင္ အဖြဲ႕ႏွစ္ခု ထြက္ေပၚလာခဲ့ၿပီလို႔ တယ္လီဂရပ္မွ

သတင္းေထာက္ Matt Law က ထုတ္ေျပာလာပါတယ္။

သတင္းမ်ားအရ ခ်ယ္လ္ဆီးအသင္းကို ဝယ္ယူရန္ စိတ္ဝင္စားသူ

(၂၀၀)ဝန္းက်င္ရွိခဲ့ၿပီး တရားဝင္ကမ္းလွမ္းမႈျပဳလုပ္သူ (၃၀) ဝန္းက်င္ရွိခဲ့ေၾကာင္း

သိရပါတယ္။ ဆန္ခါတင္ ႏွစ္ဖြဲ႕ထဲက တစ္ဖြဲ႕ကေတာ့ Todd Boehly ျဖစ္ၿပီး

အေမရိကန္ ေဘ့စ္ေဘာအဖြဲ႕ LA Dodgers ရဲ႕ ပိုင္ရွင္ေတြထဲက တစ္ဦးျဖစ္တဲ့

Todd Boehly ဟာ ဆြစ္ဘီလ်ံနာ Hansjorg Wyss အပါအဝင္

ကယ္လီဖိုးနီးယားက ရင္းႏွီးျမဳပ္ႏွံသူေတြနဲ႔တကြ ဒီအဖြဲ႕ကို ဦးေဆာင္ထားပါတယ္။

ေနာက္တစ္ဖြဲ႕ကေတာ့ Sir Martin Broughton/Josh Harrisပါ။

Sir Martin Broughton ဟာ လီဗာပူးအသင္း ဥကၠ႒ ေဟာင္းျဖစ္ပါတယ္။

Josh Harris ကေတာ့ ပဲေလစ့္အသင္း ရွယ္ယာရွင္ေတြထဲက တစ္ဦးျဖစ္ပါတယ္။

ဒီအဖြဲ႕ထဲက ပုဂၢိဳလ္ႏွစ္ဦးဟာ ပဲေလစ့္အသင္းရဲ႕ ရွယ္ယာရွင္ေတြပါ။

Broughton ကေတာ့ လီဗာပူး ဥကၠ႒အျဖစ္ ၆ လ တာဝန္ယူခဲ့ကာ FSG ထံ

လီဗာပူးကို ေရာင္းထုတ္ႏိုင္ဖို႔ ကူညီခဲ့သူျဖစ္ပါတယ္။ သူက ခ်ယ္လ္ဆီး

အမာခံပရိသတ္လည္း ျဖစ္ပါတယ္။