
ချယ်လ်ဆီးအသင်းဟာ အာဂျင်တီးနားလူငယ်ကြယ်ပွင့်
အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး
ပေါင်(၁၀၆.၈)သန်းနဲ့ခေါ်ယူခဲ့ပြီး အဲဒီအပြောင်းအရွှေ့ကြောင့်
ရေးဗားပလိတ်အသင်း ငွေကြေးအမြတ်အစွန်း အများကြီး
ရရှိခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်
နာရီပိုင်းအလိုမှာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက်
အသည်းအသန်ကြိုးပမ်းခဲ့ပြီး အခုအချိန်မှာတော့ ဗြိတိန်စံချိန်တင်
ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ပြီဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ အန်ဇိုဖာနန်ဒက်ဇ်အတွက် ဘင်ဖီကာအသင်းကို
ပေါင်သန်း(၃၀)အရင်ပေးချေမှာဖြစ်ပြီး ကျန်တဲ့ပြောင်းရွှေ့ကြေးကိုတော့
(၅)ရစ်ခွဲပြီး ပေးသွားမှာပါ။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ကွင်းလယ်လူ
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းနဲ့ (၈)နှစ်ခွဲသက်တမ်းအထိ
နှစ်ရှည်စာချုပ်,ချုပ်ဆိုခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ချင်နေတဲ့
သူ့ရဲ့ ဆန္ဒတွေ ပြည့်ဝသွားပါပြီ။
အာဂျင်တီးနားထိပ်သီးကလပ် ရေးဗားပလိတ်မှာ ပရော်ဖက်ရှင်နယ်
ဘောလုံးသမားဘ၀ စတင်ခဲ့သူ အန်ဇိုဖာနန်ဒက်ဇ်ဟာ နှစ်အနည်းငယ်
အတွင်းမှာပဲ ကမ္ဘာ့အကောင်းဆုံး လူငယ်ကွင်းလယ်လူစာရင်းဝင်ဖြစ်လာပြီး
၂၀၂၂ ခုနှစ်မှာ ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ခဲ့သလို ပြီးခဲ့တဲ့
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့ ချန်ပီယံဆုဆွတ်ခူးခဲ့တဲ့
အပြင် လူငယ်အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အန်ဇိုဖာနန်ဒက်ဇ်
ပြောင်းရွှေ့သွားပြီးတဲ့နောက် သူ့အသင်းဟောင်း ရေးဗားပလိတ်အသင်းဟာ
ဘင်ဖီကာအသင်းနဲ့ သဘောတူညီချက်အရ ပြောင်းရွှေ့ကြေးတစ်စိတ်တစ်ပိုင်း
အဖြစ် ပေါင်(၃၆)သန်းအထိရရှိမှာဖြစ်ပြီး ဒါက ကလပ်စံချိန်တင်ပမာဏလည်း
ဖြစ်ပါတယ်။
[Zawgyi]
ခ်ယ္လ္ဆီးအသင္းဟာ အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္
အန္ဇိုဖာနန္ဒက္ဇ္ကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး
ေပါင္(၁၀၆.၈)သန္းနဲ႔ေခၚယူခဲ့ၿပီး အဲဒီအေျပာင္းအေ႐ႊ႕ေၾကာင့္
ေရးဗားပလိတ္အသင္း ေငြေၾကးအျမတ္အစြန္း အမ်ားႀကီး
ရရွိခဲ့ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္
နာရီပိုင္းအလိုမွာ အန္ဇိုဖာနန္ဒက္ဇ္ကို ေခၚယူႏိုင္ေရးအတြက္
အသည္းအသန္ႀကိဳးပမ္းခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ၿဗိတိန္စံခ်ိန္တင္
ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ၿပီျဖစ္ပါတယ္။
ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အန္ဇိုဖာနန္ဒက္ဇ္အတြက္ ဘင္ဖီကာအသင္းကို
ေပါင္သန္း(၃၀)အရင္ေပးေခ်မွာျဖစ္ၿပီး က်န္တဲ့ေျပာင္းေ႐ႊ႕ေၾကးကိုေတာ့
(၅)ရစ္ခြဲၿပီး ေပးသြားမွာပါ။ အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ကြင္းလယ္လူ
အန္ဇိုဖာနန္ဒက္ဇ္ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ (၈)ႏွစ္ခြဲသက္တမ္းအထိ
ႏွစ္ရွည္စာခ်ဳပ္,ခ်ဳပ္ဆိုခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ခ်င္ေနတဲ့
သူ႔ရဲ႕ ဆႏၵေတြ ျပည့္ဝသြားပါၿပီ။
အာဂ်င္တီးနားထိပ္သီးကလပ္ ေရးဗားပလိတ္မွာ ပေရာ္ဖက္ရွင္နယ္
ေဘာလုံးသမားဘ၀ စတင္ခဲ့သူ အန္ဇိုဖာနန္ဒက္ဇ္ဟာ ႏွစ္အနည္းငယ္
အတြင္းမွာပဲ ကမာၻ႔အေကာင္းဆုံး လူငယ္ကြင္းလယ္လူစာရင္းဝင္ျဖစ္လာၿပီး
၂၀၂၂ ခုႏွစ္မွာ ဘင္ဖီကာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သလို ၿပီးခဲ့တဲ့
ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔ ခ်န္ပီယံဆုဆြတ္ခူးခဲ့တဲ့
အျပင္ လူငယ္အေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္။
ခ်ယ္လ္ဆီးအသင္းကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အန္ဇိုဖာနန္ဒက္ဇ္
ေျပာင္းေ႐ႊ႕သြားၿပီးတဲ့ေနာက္ သူ႔အသင္းေဟာင္း ေရးဗားပလိတ္အသင္းဟာ
ဘင္ဖီကာအသင္းနဲ႔ သေဘာတူညီခ်က္အရ ေျပာင္းေ႐ႊ႕ေၾကးတစ္စိတ္တစ္ပိုင္း
အျဖစ္ ေပါင္(၃၆)သန္းအထိရရွိမွာျဖစ္ၿပီး ဒါက ကလပ္စံခ်ိန္တင္ပမာဏလည္း
ျဖစ္ပါတယ္။