ချန်ပီယံလိဂ် မကန်ရတဲ့ မန်ယူနဲ့ကက်စ်မီရိုကို ယူရိုပါလိဂ်တွစ်တာအကောင့် လှောင်ပြောင်

ယူအီးအက်ဖ်အေရဲ့တရားဝင်တွစ်တာအကောင့်တစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်အကောင့်မှာတင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် မန်ယူပရိသတ်တွေ ရှူးရှူးရှဲရှဲဖြစ်ကုန်ကြပါတယ်။ ယူအီးအက်ဖ်အေဟာ

သက်ဆိုင်ရာပြိုင်ပွဲတွေအလိုက် သတင်းရင်းမြစ်တွေထုတ်လုပ်နိုင်ဖို့ တွစ်တာအကောင့်တွေ ခွဲထားပါတယ်။ ချန်ပီယံလိဂ်တွစ်တာအကောင့်မှာ Followers ၄၃.၄ သန်းရှိပြီး ယူရိုပါလိဂ်အကောင့်မှာ

၁၀ သန်းရှိပါတယ်။ မနေ့ည ချန်ပီယံလိဂ်မဲခွဲချိန်မှာ ထပ်ဆင့်ခြေစစ်ပွဲ ဒု-ကျော့တွေကစားဖို့ရှိနေသေးတဲ့ ယူရိုပါလိဂ်အကောင့်ဟာ ပရိသတ်စိတ်ဝင်စားမယ့် ပို့စ်တစ်ခုတင်လိုက်တာပါ။ မန်ယူကိုရောက်လာတဲ့

ကစားသမားသစ် ကက်စ်မီရိုနဲ့ သူတို့ရဲ့ယူရိုပါလိဂ်လိုဂိုပုံကို တွဲတင်ပြီး “ ကက်စ်မီရိုဟာ ခြိမ်းခြောက်မှုအသစ်ပဲ ” လို့လည်း ရေးထားပါတယ်။ ယူရိုပါလိဂ်ကစားရမယ့် ဘရာဇီးလ်သားကို တကယ်ကြိုဆိုချင်တာလား၊

မန်ယူကိုပြောင်းရွှေ့ခဲ့တာကြောင့် ချန်ပီယံလိဂ်နဲ့လွဲရပြီလို့ လှောင်ချင်တာလားဆိုတာတော့ ယူရိုပါလိဂ်အကောင့်ရဲ့အက်ဒမင်တွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ယူနိုက်တက်ပရိသတ်တွေကတော့

ဒါ တမင်ရိတာဆိုပြီး ပေါက်ကွဲကုန်ကြပါတယ်။ ယူရိုပါလိဂ်အက်ဒမင်တွေကတော့ လုပ်ချလိုက်ပြန်ပြီ၊ ရူးနေတာပါကွာ.. ကက်စ်မီရိုပုံတွေ လာတင်နေတယ်၊ ကျေးဇူးပြုပြီး ကိုယ့်ဘာသာကိုယ် နေလို့မရဘူးလား

စတဲ့မှတ်ချက်တွေ ပလူပျံကုန်ပါတော့တယ်။ ချန်ပီယံလိဂ်တွစ်တာအကောင့်မှာ အုပ်စုအဆင့်မဲခွဲပွဲတွေအကြောင်း အုန်းအုန်းထနေချိန်မှာ ယူရိုပါလိဂ်တွစ်တာအကောင့်ရဲ့လူခေါ်နည်းပါပဲလို့ တစ်ချို့က မှတ်ချက်ပေးနေကြပါတယ်။

(zawgyi)

ယူအီးအက္ဖ္ေအရဲ႕တရားဝင္တြစ္တာအေကာင့္တစ္ခုျဖစ္တဲ့ ယူ႐ိုပါလိဂ္အေကာင့္မွာတင္လိုက္တဲ့ ပို႔စ္တစ္ခုေၾကာင့္ မန္ယူပရိသတ္ေတြ ရႉးရႉးရွဲရွဲျဖစ္ကုန္ၾကပါတယ္။ ယူအီးအက္ဖ္ေအဟာ သက္ဆိုင္ရာၿပိဳင္ပြဲေတြအလိုက္

သတင္းရင္းျမစ္ေတြထုတ္လုပ္ႏိုင္ဖို႔ တြစ္တာအေကာင့္ေတြ ခြဲထားပါတယ္။ ခ်န္ပီယံလိဂ္တြစ္တာအေကာင့္မွာ Followers ၄၃.၄ သန္းရွိၿပီး ယူ႐ိုပါလိဂ္အေကာင့္မွာ ၁၀ သန္းရွိပါတယ္။

မေန႔ည ခ်န္ပီယံလိဂ္မဲခြဲခ်ိန္မွာ ထပ္ဆင့္ေျခစစ္ပြဲ ဒု-ေက်ာ့ေတြကစားဖို႔ရွိေနေသးတဲ့ ယူ႐ိုပါလိဂ္အေကာင့္ဟာ ပရိသတ္စိတ္ဝင္စားမယ့္ ပို႔စ္တစ္ခုတင္လိုက္တာပါ။ မန္ယူကိုေရာက္လာတဲ့ ကစားသမားသစ္ ကက္စ္မီ႐ိုနဲ႔

သူတို႔ရဲ႕ယူ႐ိုပါလိဂ္လိုဂိုပုံကို တြဲတင္ၿပီး “ ကက္စ္မီ႐ိုဟာ ၿခိမ္းေျခာက္မႈအသစ္ပဲ ” လို႔လည္း ေရးထားပါတယ္။ ယူ႐ိုပါလိဂ္ကစားရမယ့္ ဘရာဇီးလ္သားကို တကယ္ႀကိဳဆိုခ်င္တာလား၊ မန္ယူကိုေျပာင္းေ႐ႊ႕ခဲ့တာေၾကာင့္

ခ်န္ပီယံလိဂ္နဲ႔လြဲရၿပီလို႔ ေလွာင္ခ်င္တာလားဆိုတာေတာ့ ယူ႐ိုပါလိဂ္အေကာင့္ရဲ႕အက္ဒမင္ေတြကိုယ္တိုင္ပဲ သိပါလိမ့္မယ္။ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဒါ တမင္ရိတာဆိုၿပီး ေပါက္ကြဲကုန္ၾကပါတယ္။

ယူ႐ိုပါလိဂ္အက္ဒမင္ေတြကေတာ့ လုပ္ခ်လိုက္ျပန္ၿပီ၊ ႐ူးေနတာပါကြာ.. ကက္စ္မီ႐ိုပုံေတြ လာတင္ေနတယ္၊ ေက်းဇူးျပဳၿပီး ကိုယ့္ဘာသာကိုယ္ ေနလို႔မရဘူးလား စတဲ့မွတ္ခ်က္ေတြ ပလူပ်ံကုန္ပါေတာ့တယ္။

ခ်န္ပီယံလိဂ္တြစ္တာအေကာင့္မွာ အုပ္စုအဆင့္မဲခြဲပြဲေတြအေၾကာင္း အုန္းအုန္းထေနခ်ိန္မွာ ယူ႐ိုပါလိဂ္တြစ္တာအေကာင့္ရဲ႕လူေခၚနည္းပါပဲလို႔ တစ္ခ်ိဳ႕က မွတ္ခ်က္ေပးေနၾကပါတယ္။