ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်တဲ့ အသင်း ၅ သင်းကို ရွေးချယ်လိုက်တဲ့ လီယွန်နယ် မက်ဆီ

PSG အသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ဒီနှစ် ချန်ပီယံလိဂ် မှာ

ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်း ၅ သင်းကို ရွေးထုတ် သွားခဲ့ ပါတယ်။

မက်ဆီ ရဲ့ PSG ကတော့ ပြီးခဲ့တဲ့ အပတ် တုန်းက ရီးရဲလ်မက်ဒရစ် ကို

အရေးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါပြီ။

မက်ဆီ က ၁၆ သင်းအဆင့် ကနေ လက်ပြ မနှုတ်ဆက်ရခင် မှာ

စပိန် သတင်းစာ မာကာ ကို အခုလိုပြောသွားခဲ့ ပါတယ်။

“လူတိုင်းက ကျွန်တော်တို့ကို ရေပန်း အစားဆုံးလို့ ဝိုင်းပြီး

သတ်မှတ် ထားကြပါတယ်။ အသင်းရဲ့ အင်အား အရ ဒါကို ကျွန်တော်

မငြင်းနိုင် ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ တိုးတက်စရာတွေ

အများကြီး ရှိနေ ပါသေးတယ်” “ပွဲတစ်ပွဲ ကို အသင်းတစ်သင်း ပုံစံမျိုးနဲ့

အနိုင် ယူဖို့ လိုအပ်သလို အသင်းက ထိပ်သီး ကစားသမားတွေ ရဲ့

စွမ်းဆောင်မှုတွေလည်း ပါဝင်ဖို့ လိုအပ်မှာပါ”

“နောက်ပြီးတော့ ကျွန်တော်တို့ ချည်းပဲ ဗိုလ်စွဲဖို့ ရေပန်း စားနေတာ မဟုတ်ပါဘူး။

အခြား ထိပ်တန်း အသင်းတွေ ၊ အခြား ချန်ပီယံလောင်းတွေလည်း ရှိပါတယ်။

အကောင်းဆုံး အသင်းတွေ ဒီမှာ ဝင်ပြိုင်နေကြတာပါ ၊ အပေါ်ဆင့်တွေ

ရောက်လေ ပိုခက်ခဲ လေပါပဲ” “ဒီဘက်ခေတ်တွေမှာ လီဗာပူး က

အရမ်းကောင်းတဲ့ အသင်း တစ်သင်းပါ။ ချန်ပီယံလိဂ် နဲ့ ပြန်ထိတွေ့တဲ့

လီဗာပူး ဖြစ်နေ ပါပြီ။ မန်စီးတီး ၊ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ် နဲ့ အက်သလက်တီကို

မက်ဒရစ် တို့ကလည်း ဗိုလ်စွဲဖို့ အလားအလာကောင်းတဲ့ အသင်းတွေပါပဲ” လို့

မက်ဆီ က ပြောပြ သွားခဲ့ ပါတယ်။

zawgyi

ခ်န္ပီယံလိဂ္ ဗိုလ္စြဲႏိုင္တဲ့ အသင္း ၅ သင္းကို ေ႐ြးခ်ယ္လိုက္တဲ့ လီယြန္နယ္ မက္ဆီ

PSG အသင္းရဲ႕ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီ ဟာ ဒီႏွစ္ ခ်န္ပီယံလိဂ္ မွာ

ဗိုလ္စြဲဖို႔ အလားအလာ အေကာင္းဆုံး အသင္း ၅ သင္းကို ေ႐ြးထုတ္ သြားခဲ့ ပါတယ္။

မက္ဆီ ရဲ႕ PSG ကေတာ့ ၿပီးခဲ့တဲ့ အပတ္ တုန္းက ရီးရဲလ္မက္ဒရစ္ ကို

အေရးနိမ့္ကာ ၿပိဳင္ပြဲ ကေန ထြက္ခြာ ခဲ့ရပါၿပီ။

မက္ဆီ က ၁၆ သင္းအဆင့္ ကေန လက္ျပ မႏႈတ္ဆက္ရခင္ မွာ

စပိန္ သတင္းစာ မာကာ ကို အခုလိုေျပာသြားခဲ့ ပါတယ္။

“လူတိုင္းက ကြၽန္ေတာ္တို႔ကို ေရပန္း အစားဆုံးလို႔ ဝိုင္းၿပီး

သတ္မွတ္ ထားၾကပါတယ္။ အသင္းရဲ႕ အင္အား အရ ဒါကို ကြၽန္ေတာ္

မျငင္းႏိုင္ ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ တိုးတက္စရာေတြ

အမ်ားႀကီး ရွိေန ပါေသးတယ္” “ပြဲတစ္ပြဲ ကို အသင္းတစ္သင္း ပုံစံမ်ိဳးနဲ႔

အႏိုင္ ယူဖို႔ လိုအပ္သလို အသင္းက ထိပ္သီး ကစားသမားေတြ ရဲ႕

စြမ္းေဆာင္မႈေတြလည္း ပါဝင္ဖို႔ လိုအပ္မွာပါ”

“ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ခ်ည္းပဲ ဗိုလ္စြဲဖို႔ ေရပန္း စားေနတာ မဟုတ္ပါဘူး။

အျခား ထိပ္တန္း အသင္းေတြ ၊ အျခား ခ်န္ပီယံေလာင္းေတြလည္း ရွိပါတယ္။

အေကာင္းဆုံး အသင္းေတြ ဒီမွာ ဝင္ၿပိဳင္ေနၾကတာပါ ၊ အေပၚဆင့္ေတြ

ေရာက္ေလ ပိုခက္ခဲ ေလပါပဲ” “ဒီဘက္ေခတ္ေတြမွာ လီဗာပူး က

အရမ္းေကာင္းတဲ့ အသင္း တစ္သင္းပါ။ ခ်န္ပီယံလိဂ္ နဲ႔ ျပန္ထိေတြ႕တဲ့

လီဗာပူး ျဖစ္ေန ပါၿပီ။ မန္စီးတီး ၊ ဘိုင္ယန္ျမဴးနစ္ ၊ ရီးရဲလ္ နဲ႔ အက္သလက္တီကို

မက္ဒရစ္ တို႔ကလည္း ဗိုလ္စြဲဖို႔ အလားအလာေကာင္းတဲ့ အသင္းေတြပါပဲ” လို႔

မက္ဆီ က ေျပာျပ သြားခဲ့ ပါတယ္။