ချန်ပီယံလိဂ်အိပ်မက်ကိုစွန့်လွှတ်ပြီး ရော်နယ်ဒို မန်ယူမှာပဲ ဆက်နေတော့မယ်

အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်နေမယ်ဆိုတဲ့အကြောင်း ရော်နယ်ဒို ကြီးမားတဲ့အရိပ်အမြွက်ပြလိုက်ပါပြီလို့ ဗြိတိန်သတင်းစာ The Sun က ဖေါ်ပြပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ

ဗီလာနဲ့ ၂ဂိုးစီသရေကျတဲ့ပွဲအထိ မန်ယူနဲ့လာရောက်ပူးပေါင်းခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လေ့ကျင့်နေတဲ့အကြောင်း အင်စတာဂရမ်မှာ ပုံတွေတင်လာခဲ့တာပါ။

မနှစ်က မန်ယူရဲ့လေ့ကျင့်ရေးဘောင်းဘီတိုဝတ်ဆင်ထားတဲ့ ရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေတော့မယ့်အကြောင်း အတိတ်ပေးလိုက်တာလို့ ရေးသားထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အခုလိုပုံမျိုးတင်ခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်မှာတော့ ရည်ရွယ်ချက်ကို ပိုပြီးသဲကွဲစေခဲ့တယ်လို့လည်း သုံးသပ်ထားပါတယ်။ တစ်ချို့ကလည်း ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊

ချဲလ်ဆီးနဲ့ အက်သလက်တီကို ဘယ်အသင်းမှ တုပ်တုပ်မလှုပ်တဲ့နောက် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်အိပ်မက်ကိုစွန့်လွှတ်ပြီး ယူရိုပါလိဂ်သာကစားဖို့

ဆုံးဖြတ်လိုက်ပုံရတယ်လို့ ဆိုနေကြပါတယ်။ မန်ယူနည်းပြသစ်တန်းဟတ်ရဲ့ တိုက်စစ်မှူးသစ်ခေါ်ယူပေးဖို့ တောင်းဆိုလိုက်တာကလည်း သူ့အတွက်

အချက်ပေးခေါင်းလောင်းသံ ဖြစ်သွားပုံရပါတယ်။ နယ်သာလန်သားဟာ အစောပိုင်းမှာ ရော်နယ်ဒိုကိုဗဟိုပြုတဲ့ အနာဂတ်အစီအစဉ်တွေဆွဲထားကြောင်း

ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ချန်ပီယံဆုစိန်ခေါ်ချင်ရင် တိုက်စစ်အားဖြည့်ဖို့လိုတယ်လို့ အသင်းဘုတ်အဖွဲ့ကို တောင်းဆိုခဲ့တာပါ။

(zawgyi)

အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဆက္ေနမယ္ဆိုတဲ့အေၾကာင္း ေရာ္နယ္ဒို ႀကီးမားတဲ့အရိပ္အႁမြက္ျပလိုက္ပါၿပီလို႔ ၿဗိတိန္သတင္းစာ The Sun က ေဖၚျပပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ဗီလာနဲ႔ ၂ဂိုးစီသေရက်တဲ့ပြဲအထိ မန္ယူနဲ႔လာေရာက္ပူးေပါင္းျခင္း မရွိခဲ့ပါဘူး။ ဒါေပမဲ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေလ့က်င့္ေနတဲ့အေၾကာင္း အင္စတာဂရမ္မွာ

ပုံေတြတင္လာခဲ့တာပါ။ မႏွစ္က မန္ယူရဲ႕ေလ့က်င့္ေရးေဘာင္းဘီတိုဝတ္ဆင္ထားတဲ့ ေရာ္နယ္ဒိုဟာ အိုးလ္ထရက္ဖို႔ဒ္မွာပဲ ဆက္ရွိေနေတာ့မယ့္အေၾကာင္း အတိတ္ေပးလိုက္တာလို႔

ေရးသားထားတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က အခုလိုပုံမ်ိဳးတင္ခဲ့ဖူးေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ရည္႐ြယ္ခ်က္ကို ပိုၿပီးသဲကြဲေစခဲ့တယ္လို႔လည္း သုံးသပ္ထားပါတယ္။

တစ္ခ်ိဳ႕ကလည္း ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ျမဴးနစ္၊ ခ်ဲလ္ဆီးနဲ႔ အက္သလက္တီကို ဘယ္အသင္းမွ တုပ္တုပ္မလႈပ္တဲ့ေနာက္ ေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္အိပ္မက္ကိုစြန႔္လႊတ္ၿပီး ယူ႐ိုပါလိဂ္သာကစားဖို႔

ဆုံးျဖတ္လိုက္ပုံရတယ္လို႔ ဆိုေနၾကပါတယ္။ မန္ယူနည္းျပသစ္တန္းဟတ္ရဲ႕ တိုက္စစ္မႉးသစ္ေခၚယူေပးဖို႔ ေတာင္းဆိုလိုက္တာကလည္း သူ႔အတြက္ အခ်က္ေပးေခါင္းေလာင္းသံ ျဖစ္သြားပုံရပါတယ္။

နယ္သာလန္သားဟာ အေစာပိုင္းမွာ ေရာ္နယ္ဒိုကိုဗဟိုျပဳတဲ့ အနာဂတ္အစီအစဥ္ေတြဆြဲထားေၾကာင္း ေျပာခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ခ်န္ပီယံဆုစိန္ေခၚခ်င္ရင္ တိုက္စစ္အားျဖည့္ဖို႔လိုတယ္လို႔ အသင္းဘုတ္အဖြဲ႕ကို ေတာင္းဆိုခဲ့တာပါ။