ချန်ပီယံလိဂ်အလင်းရောင်စူးလို့ မျက်စိကျိန်းစပ်စပ် ဖြစ်သွားတာလား ကွန်တီ

ပေါ်တူဂီမြေကို သွားရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ စပို့တင်းလစ္စဘွန်းကို ၂-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့အတွက် စပါးနည်းပြကွန်တီတစ်ယောက် ပက်ပက်စက်စက်ကို အလှောင်ခံနေရပြီဖြစ်ပါတယ်။ စပါးဟာ အိမ်ရှင်အသင်းကို ၈၉ မိနစ်အထိ ဂိုးမရှိသရေ ကစားနိုင်ခဲ့ပေမယ့်

လစ္စဘွန်းအသင်း လူစားဝင်ကစားသမားတွေ ဖြစ်ကြတဲ့ ပေါ်လင်ဟိုနဲ့ အာသာတို့ရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် အလဲထိုးခံ လိုက်ရတာဖြစ်ပါတယ်။ အခုပွဲရှုံးခဲ့တာကြောင့် ကွန်တီရဲ့ ချန်ပီယံလိဂ်မှတ်တမ်းဟာ ရှုံးပွဲ ၁၂ ပွဲအထိ ရှိလာပြီဖြစ်ပြီး သရေပွဲ ၁၁ ပွဲနဲ့ နိုင်ပွဲ ၁၃ ပွဲ မှတ်တမ်းရရှိထားပါပြီ။

အမှတ်ပေးဖလားပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်နဲ့ စီးရီးအေဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပေမယ့် ဥရောပကလပ်အသင်းပြိုင်ပွဲမှာတော့ ကွန်တီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိလာနေပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်ပေါ်မှာလည်း ပြိုင်ဘက်အသင်း ပရိသတ်တွေရဲ့ ပိုးစိုးပက်စက်

လှောင်ပြောင်မှုကို ကွန်တီတစ်ယောက် လည်စင်းပြီး ခံနေရပြီဖြစ်ပါတယ်။ တချို့တွေက ဓာတ်ပုံဥပမာတွေနဲ့ လှောင်ပြောင်ကြသလို တချို့က လည်း ဗီဒီယိုအတိုလေးတွေနဲ့ သရော်ကြတာ အရပ်ပျက်မတတ်ကို ဖြစ်နေပါပြီ။ ပရိသတ်တစ်ယောက်ကတော့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရဲ့ မိန့်ခွန်းပြောနေတဲ့

ဗီဒီယိုကို တည်းဖြတ်ပြီး လှောင်ပြောင်ထားပါတယ်။ အဲဒီဗီဒီယိုထဲမှာ ထရမ့်က ‘’ဟာ။ မီးတွေ ပိတ်လိုက်စမ်း၊ ပိတ်ပေးပါ။ ပိတ်လိုက်ပါ။ အရမ်းကို စူးလွန်းနေတယ်။ ပိတ်လိုက်တော့’’ ဆိုပြီး စင်မြင့် ထက်ကနေ အော်ပြောနေတဲ့ ဗီဒီယိုပါ။ အဲဒီ ဗီဒီယိုအတွက် စာတန်းထိုးထား တာကတော့

ချန်ပီယံလိဂ် အလင်းရောင်အောက်က ကွန်တီဆိုပြီး လှောင် ပြောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပြီး စပါးနည်းပြ ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ် ပြိုင်ပွဲဆိုတာဟာ အဆင့်အတန်းမြင့်မားလွန်းတဲ့ ပြိုင်ပွဲဖြစ်ပြီး အမှားလုပ်မိလို့ မရတဲ့အကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

‘’ချန်ပီယံလိဂ် ဆိုတာက အဆင့်အတန်း အရမ်းမြင့်မားတဲ့ ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာ ကစားရတာ အမှားတွေကို လျှော့ချပစ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ အဆုံးသတ်ကျ ရင် ပေးဆပ်သွားရနိုင်ပါတယ်။ ကျွန်တော်တို့ ပေးဆပ်ခဲ့ရတာဖြစ်ပြီး အများ ကြီး ပေးခဲ့ရပါတယ်’’ လို့ ကွန်တီက

လစ္စဘွန်းနဲ့ ပွဲစဉ်အပြီးမှာ ဝန်ခံသွားခဲ့ပါ တယ်။ ဒါကြောင့် စောစောက ပရိသတ် စာတန်းရေးထိုးခဲ့သလိုပါပဲ။ ချန်ပီယံ လိဂ် အလင်းရောင်စူးတာကြောင့် ကွန်တီတစ်ယောက် မျက်စိ ကျိန်းစပ်စပ် ဖြစ်သွားခဲ့ပြီပဲလို့ ဆိုရပါတော့မယ်။

(zawgyi)

ေပၚတူဂီေျမကို သြားေရာက္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ စပို႔တင္းလစၥဘြန္းကို ၂-၀ ဂိုးနဲ႔ ရႈံးခဲ့တဲ့အတြက္ စပါးနည္းျပကြန္တီတစ္ေယာက္ ပက္ပက္စက္စက္ကို အေလွာင္ခံေနရၿပီျဖစ္ပါတယ္။ စပါးဟာ အိမ္ရွင္အသင္းကို ၈၉ မိနစ္အထိ ဂိုးမရွိသေရ ကစားႏိုင္ခဲ့ေပမယ့္

လစၥဘြန္းအသင္း လူစားဝင္ကစားသမားေတြ ျဖစ္ၾကတဲ့ ေပၚလင္ဟိုနဲ႔ အာသာတို႔ရဲ႕ ေနာက္က်သြင္းဂိုးေတြေၾကာင့္ အလဲထိုးခံ လိုက္ရတာျဖစ္ပါတယ္။ အခုပြဲရႈံးခဲ့တာေၾကာင့္ ကြန္တီရဲ႕ ခ်န္ပီယံလိဂ္မွတ္တမ္းဟာ ရႈံးပြဲ ၁၂ ပြဲအထိ ရွိလာၿပီျဖစ္ၿပီး

သေရပြဲ ၁၁ ပြဲနဲ႔ ႏိုင္ပြဲ ၁၃ ပြဲ မွတ္တမ္းရရွိထားပါၿပီ။ အမွတ္ေပးဖလားၿပိဳင္ပြဲေတြမွာ ပရီးမီးယားလိဂ္နဲ႔ စီးရီးေအဖလားတို႔ကို ဆြတ္ခူးရရွိခဲ့ေပမယ့္ ဥေရာပကလပ္အသင္းၿပိဳင္ပြဲမွာေတာ့ ကြန္တီရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ေမးခြန္းထုတ္မႈေတြ ရွိလာေနပါတယ္။

ဒါ့အျပင္ လူမႈကြန္ရက္ေပၚမွာလည္း ၿပိဳင္ဘက္အသင္း ပရိသတ္ေတြရဲ႕ ပိုးစိုးပက္စက္ ေလွာင္ေျပာင္မႈကို ကြန္တီတစ္ေယာက္ လည္စင္းၿပီး ခံေနရၿပီျဖစ္ပါတယ္။ တခ်ိဳ႕ေတြက ဓာတ္ပုံဥပမာေတြနဲ႔ ေလွာင္ေျပာင္ၾကသလို တခ်ိဳ႕က လည္း

ဗီဒီယိုအတိုေလးေတြနဲ႔ သေရာ္ၾကတာ အရပ္ပ်က္မတတ္ကို ျဖစ္ေနပါၿပီ။ ပရိသတ္တစ္ေယာက္ကေတာ့ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ ရဲ႕ မိန႔္ခြန္းေျပာေနတဲ့ ဗီဒီယိုကို တည္းျဖတ္ၿပီး ေလွာင္ေျပာင္ထားပါတယ္။ အဲဒီဗီဒီယိုထဲမွာ ထရမ့္က ‘’ဟာ။ မီးေတြ ပိတ္လိုက္စမ္း၊ ပိတ္ေပးပါ။ ပိတ္လိုက္ပါ။

အရမ္းကို စူးလြန္းေနတယ္။ ပိတ္လိုက္ေတာ့’’ ဆိုၿပီး စင္ျမင့္ ထက္ကေန ေအာ္ေျပာေနတဲ့ ဗီဒီယိုပါ။ အဲဒီ ဗီဒီယိုအတြက္ စာတန္းထိုးထား တာကေတာ့ ခ်န္ပီယံလိဂ္ အလင္းေရာင္ေအာက္က ကြန္တီဆိုၿပီး ေလွာင္ ေျပာင္သြားခဲ့တာပဲ ျဖစ္ပါတယ္။  ေနာက္ၿပီး စပါးနည္းျပ ကိုယ္တိုင္ကလည္း

ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲဆိုတာဟာ အဆင့္အတန္းျမင့္မားလြန္းတဲ့ ၿပိဳင္ပြဲျဖစ္ၿပီး အမွားလုပ္မိလို႔ မရတဲ့အေၾကာင္း ဝန္ခံေျပာဆိုသြားခဲ့ပါတယ္။ ‘’ခ်န္ပီယံလိဂ္ ဆိုတာက အဆင့္အတန္း အရမ္းျမင့္မားတဲ့ ၿပိဳင္ပြဲပါ။ ဒီၿပိဳင္ပြဲမွာ ကစားရတာ အမွားေတြကို ေလွ်ာ့ခ်ပစ္ရပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဆုံးသတ္က် ရင္ ေပးဆပ္သြားရႏိုင္ပါတယ္။

ကြၽန္ေတာ္တို႔ ေပးဆပ္ခဲ့ရတာျဖစ္ၿပီး အမ်ား ႀကီး ေပးခဲ့ရပါတယ္’’ လို႔ ကြန္တီက လစၥဘြန္းနဲ႔ ပြဲစဥ္အၿပီးမွာ ဝန္ခံသြားခဲ့ပါ တယ္။ ဒါေၾကာင့္ ေစာေစာက ပရိသတ္ စာတန္းေရးထိုးခဲ့သလိုပါပဲ။ ခ်န္ပီယံ လိဂ္ အလင္းေရာင္စူးတာေၾကာင့္ ကြန္တီတစ္ေယာက္ မ်က္စိ က်ိန္းစပ္စပ္ ျဖစ္သြားခဲ့ၿပီပဲလို႔ ဆိုရပါေတာ့မယ္။