ချန်ပီယံလိဂ်အကောင်းဆုံးအသင်းလူစာရင်း အွန်လိုင်းမှာ ပေါက်ကြား

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းလူစာရင်း အွန်လိုင်းမှာ ပေါက်ကြားခဲ့ပါတယ်။ တကယ်တော့ ဒီည ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲရောက်မှ ထုံးစံအတိုင်း ကြေညာရမှာပါ။ ဒါပေမဲ့ ယူအီးအက်ဖ်အေရဲ့နည်းပညာဆိုင်ရာအစီရင်ခံစာမှာ

အကောင်းဆုံးအသင်းလူစာရင်း အသေးစိတ်ပါရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီလူစာရင်းကို ဂါရတ်ဆောက်ဂိတ်၊ ဒေးဗစ်ဂျိမ်းစ်၊ ရော်ဘတ်တိုမာတီနက်ဇ်နဲ့ တင်ကာဟေးလ်တို့အပါအဝင် အဖွဲ့ဝင် ၂၃ ဦးနဲ့ဖွဲ့စည်းထားတဲ့ ယူအီးအက်ဖ်အေ နည်းစနစ်ကော်မတီက

ဆုံးဖြတ်ရွေးချယ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးလ်ကိုအနိုင်ယူပြီး သူတို့ရဲ့ ၁၄ ကြိမ်မြောက် ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုပေါက်ကြားလာတဲ့ အကောင်းဆုံးအသင်းမှာလည်း

ဗိုလ်လုပွဲကစားခဲ့တဲ့ အသင်းနှစ်သင်းက ကစားသမားတွေ အများဆုံးပါဝင်လာခဲ့ပါတယ်။ ရီးရဲလ်နဲ့ လီဗာပူးလ်ကစားသမားတွေ ၄ ဦးစီ ရွေးချယ်ခံခဲ့ရတာပါ။ ဂိုးသမားနေရာမှာ ကော်တိုရစ်၊ ကွင်းလယ်တစ်နေရာအတွက် လူကာမိုဒရစ်ရွေးချယ်ခံရသလို

အကောင်းဆုံးလူငယ်တိုက်စစ်မှူးဖြစ်ခဲ့တဲ့ ဗင်နီစီးယက်စ်ကလည်း ၁၅ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဘန်ဇီမာနဲ့အတူ တိုက်စစ်မှာရွေးချယ်ခံခဲ့ရပါတယ်။ နောက်တန်း ၄ နေရာအနက် ၃ နေရာကိုတော့ အာနိုးလ်၊ ဗန်ဒိုက်နဲ့ ရောဘတ်ဆန်တို့ ကြိုးကြာနီတွေက

အခုရီးရဲလ်ရောက်နေတဲ့ ချဲလ်ဆီးနောက်ခံလူရူဒီဂါနဲ့အတူ ရယူထားပါတယ်။ ဒီစာရင်းမှာပါဝင်ခွင့်ရတဲ့ နောက်ထပ်လီဗာပူးလ်ကစားသမားကတော့ ကွင်းလယ်လူဖာဘင်ဟိုပါ။ မန်စီးတီးကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းက ကွင်းလယ်တစ်နေရာပိုင်ဆိုင်ခွင့်ရခဲ့ပြီး

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီက တိုက်စစ်မှာပါဝင်ခွင့်ရခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလက်နဲ့မာနေးတို့ကတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ အကောင်းဆုံးနည်းပြကတော့ ချန်ပီယံလိဂ်ဖလားပိုင်ရှင် အန်ဆယ်လော့တီ ရွေးချယ်ခံခဲ့ရပါတယ်။

(zawgyi)

ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္အေကာင္းဆုံးအသင္းလူစာရင္း အြန္လိုင္းမွာ ေပါက္ၾကားခဲ့ပါတယ္။ တကယ္ေတာ့ ဒီည ခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲပြဲေရာက္မွ ထုံးစံအတိုင္း ေၾကညာရမွာပါ။ ဒါေပမဲ့ ယူအီးအက္ဖ္ေအရဲ႕နည္းပညာဆိုင္ရာအစီရင္ခံစာမွာ

အေကာင္းဆုံးအသင္းလူစာရင္း အေသးစိတ္ပါရွိသြားခဲ့တာျဖစ္ပါတယ္။ ဒီလူစာရင္းကို ဂါရတ္ေဆာက္ဂိတ္၊ ေဒးဗစ္ဂ်ိမ္းစ္၊ ေရာ္ဘတ္တိုမာတီနက္ဇ္နဲ႔ တင္ကာေဟးလ္တို႔အပါအဝင္ အဖြဲ႕ဝင္ ၂၃ ဦးနဲ႔ဖြဲ႕စည္းထားတဲ့ ယူအီးအက္ဖ္ေအ နည္းစနစ္ေကာ္မတီက

ဆုံးျဖတ္ေ႐ြးခ်ယ္ခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္က လီဗာပူးလ္ကိုအႏိုင္ယူၿပီး သူတို႔ရဲ႕ ၁၄ ႀကိမ္ေျမာက္ ဥေရာပဖလားကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အခုေပါက္ၾကားလာတဲ့ အေကာင္းဆုံးအသင္းမွာလည္း

ဗိုလ္လုပြဲကစားခဲ့တဲ့ အသင္းႏွစ္သင္းက ကစားသမားေတြ အမ်ားဆုံးပါဝင္လာခဲ့ပါတယ္။ ရီးရဲလ္နဲ႔ လီဗာပူးလ္ကစားသမားေတြ ၄ ဦးစီ ေ႐ြးခ်ယ္ခံခဲ့ရတာပါ။ ဂိုးသမားေနရာမွာ ေကာ္တိုရစ္၊ ကြင္းလယ္တစ္ေနရာအတြက္ လူကာမိုဒရစ္ေ႐ြးခ်ယ္ခံရသလို

အေကာင္းဆုံးလူငယ္တိုက္စစ္မႉးျဖစ္ခဲ့တဲ့ ဗင္နီစီးယက္စ္ကလည္း ၁၅ ဂိုးသြင္းၿပီး ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ ဘန္ဇီမာနဲ႔အတူ တိုက္စစ္မွာေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ ေနာက္တန္း ၄ ေနရာအနက္ ၃ ေနရာကိုေတာ့ အာႏိုးလ္၊ ဗန္ဒိုက္နဲ႔ ေရာဘတ္ဆန္တို႔ ႀကိဳးၾကာနီေတြက

အခုရီးရဲလ္ေရာက္ေနတဲ့ ခ်ဲလ္ဆီးေနာက္ခံလူ႐ူဒီဂါနဲ႔အတူ ရယူထားပါတယ္။ ဒီစာရင္းမွာပါဝင္ခြင့္ရတဲ့ ေနာက္ထပ္လီဗာပူးလ္ကစားသမားကေတာ့ ကြင္းလယ္လူဖာဘင္ဟိုပါ။ မန္စီးတီးကြင္းလယ္ၾကယ္ပြင့္ ဒီဘ႐ိုင္းက ကြင္းလယ္တစ္ေနရာပိုင္ဆိုင္ခြင့္ရခဲ့ၿပီး

ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘာပီက တိုက္စစ္မွာပါဝင္ခြင့္ရခဲ့ပါတယ္။ လီဗာပူးလ္တိုက္စစ္မႉးေတြျဖစ္တဲ့ ဆာလက္နဲ႔မာေနးတို႔ကေတာ့ ေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။ အေကာင္းဆုံးနည္းျပကေတာ့ ခ်န္ပီယံလိဂ္ဖလားပိုင္ရွင္ အန္ဆယ္ေလာ့တီ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။