





ပြီးခဲ့တဲ့စနေညက လက်စတာနဲ့စိတ်ပျက်ဖွယ်သရေပွဲဟာ မန်ယူရဲ့ချန်ပီယံလိဂ်
ဝင်ခွင့်မျှော်လင့်ချက် အဆုံးသတ်သွားပြီဆိုတာကို အချက်ပေးရာရောက်ကြောင်း





ဂယ်ရီနဗီးလ် ယုံကြည်နေပါတယ်။ သူ့အသင်းဟောင်းဟာ ဘောလုံးရာသီကို
ခပ်မြန်မြန်အဆုံးသတ်ချင်နေပေမယ့် အဲဗာတန်၊ လီဗာပူး၊ ချဲလ်ဆီးတို့နဲ့ပွဲတွေ
ကျန်သေးတာကြောင့် ရှည်ကြာတဲ့အချိန်တစ်ခုကို ဖြတ်သန်းရဦးမှာလို့





ဂယ်ရီနဗီးလ်က ဆိုခဲ့တာပါ။ လက်စတာနဲ့ပွဲမှာ မန်ယူဟာ ဦးဆောင်ဂိုး
စပေးခဲ့ရပေမယ့် ၃ မိနစ်အကြာမှာပဲ ဖရက်ဒ်ရဲ့သွင်းယူမှုနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။





အဲဒီပွဲမှာ မက်ဒီဆင်သွင်းတဲ့ လက်စတာရဲ့နောက်ကျဂိုးဟာ VAR နဲ့
ပယ်ဖျက်ခံလိုက်ရပြီး တွမ်မီနေးဟာလည်း အဲဒီလက်စတာကွင်းလယ်
ဖန်တီးရှင်ကို အဝင်ကြမ်းခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့





အနီကတ်ရှောင်လွှဲနိုင်ခဲ့တာပါ။ ပွဲချိန်တစ်လျှောက်လုံးမှာ မန်ယူဟာ
ပုံစံကောင်းမရှိခဲ့ဘဲ အခုဆို သူတို့ထက် ၂ ပွဲပိုလျော့တဲ့ အဆင့် ၄ နေရာက





အာဆင်နယ်နဲ့ ၄ မှတ်ကွာဖြစ်သွားးပါတယ်။ ယူနိုက်တက်ဟာ အခုဆိုရင်
ထိပ်ဆုံး ၄ နေရာနဲ့ လွဲသွားပြီလားလို့ Sky Sports က ရုပ်သံအစီအစဉ်မှာ
မေးမြန်းခံရတော့ ဂယ်ရီနဗီးလ်က ”အဲဒီလိုပဲ ထင်ပါတယ်။ နိုင်ငံတကာ





ကြားဖြတ်အပြီးမှာ အဲဒီအတွက် ပြိုင်ဆိုင်မှုက ဒီနေ့မှ စတင်တာပါ။
နိုင်ပွဲနဲ့ စတင်ရမယ့်ဟာကို သူတို့မလုပ်နိုင်ခဲ့ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။





ဒါ့အပြင် ဂယ်ရီနဗီးလ်က ”ဒီယူနိုက်တက်ကစားသမားတွေနဲ့ ပရိသတ်တွေ
အဖို့တော့ ရှည်ကြာတဲ့ ၂ လတာ ဖြစ်တော့မှာပါ။ ဒီလိုပုံစံမျိုးနဲ့ဆိုရင်
လက်ကျန် ၈ ပွဲစလုံးကလည်း ခက်ခဲတော့မှာပါ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။





နောက်ပြီး အဲဒီမန်ယူနောက်ခံလူဟောင်းက ပြိုင်ဘက်အသင်းတွေနဲ့ယှဉ်ရင်
ယူနိုက်တက်မှာ ကစားပုံစတိုင်မတွေ့ရကြောင်း ဆိုပါတယ်။





”အခု သူတို့ ဘယ်လိုကစားနေသလဲဆိုတာ ကျွန်တော်မသိနိုင်ပါဘူး။
အာဆင်နယ်နဲ့စပါးတို့မှာ နည်းပြတွေက စတိုင်တစ်ခုစီ ရှိကြပါတယ်။
ယူနိုက်တက်မှာတော့ ကျွန်တော် အဲဒါမတွေ့ရဘူး”လို့ နဗီးလ်က ဆိုတာပါ။





zawgyi
ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ အဆုံးသတ္သြားတဲ့ မန္ခ်က္စတာ ယူႏိုက္တက္





ၿပီးခဲ့တဲ့စေနညက လက္စတာနဲ႔စိတ္ပ်က္ဖြယ္သေရပြဲဟာ မန္ယူရဲ႕ခ်န္ပီယံလိဂ္
ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ အဆုံးသတ္သြားၿပီဆိုတာကို အခ်က္ေပးရာေရာက္ေၾကာင္း
ဂယ္ရီနဗီးလ္ ယုံၾကည္ေနပါတယ္။ သူ႔အသင္းေဟာင္းဟာ ေဘာလုံးရာသီကို





ခပ္ျမန္ျမန္အဆုံးသတ္ခ်င္ေနေပမယ့္ အဲဗာတန္၊ လီဗာပူး၊ ခ်ဲလ္ဆီးတို႔နဲ႔ပြဲေတြ
က်န္ေသးတာေၾကာင့္ ရွည္ၾကာတဲ့အခ်ိန္တစ္ခုကို ျဖတ္သန္းရဦးမွာလို႔





ဂယ္ရီနဗီးလ္က ဆိုခဲ့တာပါ။ လက္စတာနဲ႔ပြဲမွာ မန္ယူဟာ ဦးေဆာင္ဂိုး
စေပးခဲ့ရေပမယ့္ ၃ မိနစ္အၾကာမွာပဲ ဖရက္ဒ္ရဲ႕သြင္းယူမႈနဲ႔ ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာ မက္ဒီဆင္သြင္းတဲ့ လက္စတာရဲ႕ေနာက္က်ဂိုးဟာ VAR နဲ႔





ပယ္ဖ်က္ခံလိုက္ရၿပီး တြမ္မီေနးဟာလည္း အဲဒီလက္စတာကြင္းလယ္
ဖန္တီးရွင္ကို အဝင္ၾကမ္းခဲ့ေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔





အနီကတ္ေရွာင္လႊဲႏိုင္ခဲ့တာပါ။ ပြဲခ်ိန္တစ္ေလွ်ာက္လုံးမွာ မန္ယူဟာ
ပုံစံေကာင္းမရွိခဲ့ဘဲ အခုဆို သူတို႔ထက္ ၂ ပြဲပိုေလ်ာ့တဲ့ အဆင့္ ၄ ေနရာက
အာဆင္နယ္နဲ႔ ၄ မွတ္ကြာျဖစ္သြားးပါတယ္။ ယူႏိုက္တက္ဟာ အခုဆိုရင္





ထိပ္ဆုံး ၄ ေနရာနဲ႔ လြဲသြားၿပီလားလို႔ Sky Sports က ႐ုပ္သံအစီအစဥ္မွာ
ေမးျမန္းခံရေတာ့ ဂယ္ရီနဗီးလ္က ”အဲဒီလိုပဲ ထင္ပါတယ္။ ႏိုင္ငံတကာ





ၾကားျဖတ္အၿပီးမွာ အဲဒီအတြက္ ၿပိဳင္ဆိုင္မႈက ဒီေန႔မွ စတင္တာပါ။
ႏိုင္ပြဲနဲ႔ စတင္ရမယ့္ဟာကို သူတို႔မလုပ္ႏိုင္ခဲ့ပါဘူး”လို႔ ေျဖၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဂယ္ရီနဗီးလ္က ”ဒီယူႏိုက္တက္ကစားသမားေတြနဲ႔ ပရိသတ္ေတြ





အဖို႔ေတာ့ ရွည္ၾကာတဲ့ ၂ လတာ ျဖစ္ေတာ့မွာပါ။ ဒီလိုပုံစံမ်ိဳးနဲ႔ဆိုရင္
လက္က်န္ ၈ ပြဲစလုံးကလည္း ခက္ခဲေတာ့မွာပါ”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။





ေနာက္ၿပီး အဲဒီမန္ယူေနာက္ခံလူေဟာင္းက ၿပိဳင္ဘက္အသင္းေတြနဲ႔ယွဥ္ရင္
ယူႏိုက္တက္မွာ ကစားပုံစတိုင္မေတြ႕ရေၾကာင္း ဆိုပါတယ္။
”အခု သူတို႔ ဘယ္လိုကစားေနသလဲဆိုတာ ကြၽန္ေတာ္မသိႏိုင္ပါဘူး။





အာဆင္နယ္နဲ႔စပါးတို႔မွာ နည္းျပေတြက စတိုင္တစ္ခုစီ ရွိၾကပါတယ္။
ယူႏိုက္တက္မွာေတာ့ ကြၽန္ေတာ္ အဲဒါမေတြ႕ရဘူး”လို႔ နဗီးလ္က ဆိုတာပါ။
Leave a Reply