ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးထွက်သက်ထိတိုက်ပွဲဝင်သွားမယ့် ဒိုလေး

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးထွက်သက်ထိတိုက်ပွဲဝင်သွားမယ့် ဒိုလေး

မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် အစွမ်းကုန်ကြိုးစားပေးဖို့

စီရော်နယ်ဒိုဟာ အဆင်သင့်ဖြစ်နေပါတယ်။ ၃၇ နှစ်အရွယ် အဲဒီပေါ်တူဂီစူပါစတားဟာ

ဖျားနာမှုကြောင့် လက်စတာနဲ့ပွဲကို လွဲချော်ခဲ့ရပေမယ့် အခုတော့ မန်ယူလေ့ကျင့်ရေးကွင်းကို

ပြန်ရောက်နေပါပြီ။ အဲဒီမှာ သူဟာ ဒီရာသီ သူ့အတွက် တတိယမြောက်မန်ယူ

တစ်လတာအကောင်းဆုံးကစားသမားဆုကို လက်ခံရယူခဲ့ပါတယ်။

အဲဒီဆုလက်ခံရပြီးနောက် စီရော်နယ်ဒိုက”လက်ကျန်ရာသီအတွက်

ကျွန်တော်အရမ်းပျော်ရွှင်နေသလို စိတ်အားလည်း ထက်သန်နေပါတယ်။

အမြဲတမ်းလုပ်ခဲ့သလို ကျွန်တော် အကောင်းဆုံးဖြစ်အောင်လုပ်မှာပါ။

အိုးလ်ထရက်ဖို့ဒ်မှာ ပြန်ဆုံကြတာပေါ့။ ဒီဆန္ဒမဲတွေအတွက် အားလုံးကို

ကျေးဇူးတင်ပါတယ်”လို့ ပရိသတ်တွေအတွက် စီရော်နယ်ဒိုက မက်ဆေ့ချ်ပေးခဲ့တာပါ။

စီရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကိုလည်း

လက်ခံရရှိခဲ့ပြီး အဲဒီဆုတွေနဲ့အတူ Instagram မှာ ပုံတင်ကာ အခုလိုရေးခဲ့ပါတယ်။

”တစ်ဦးချင်းအောင်မြင်မှုတွေကို အမြဲကြိုဆိုပါတယ်။

ဒါပေမဲ့ အသင်းလိုက်အောင်ပွဲတွေကသာ အများကြီးပိုတန်ဖိုးရှိတာပါ။

ရာသီကုန်တဲ့အထိ တိုက်ပွဲဝင်စရာများစွာကျန်နေပါသေးတယ်။

ကျွန်တော်တို့ရဲ့နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ကြရအောင်။

Lest’go,Devils”လို့ စီရော်နယ်ဒိုက ရေးခဲ့တာပါ။ ဒါပေမဲ့ စီရော်နယ်ဒိုဟာ

၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖလားလက်မဲ့ရာသီကို အဆုံးသတ်ရမှာ

ဖြစ်ပါတယ်။ အများမျှော်လင့်ထားသို သူ့ရဲ့မန်ယူတစ်ကျော့ပြန်ဟာ ပျော်ရွှင်စရာမဟုတ်ခဲ့ပါဘူး။

မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေသေးပေမယ့်

မြောက်လန်ဒန်နှစ်သင်းကို ကျော်နိုင်ဖို့က အခွင့်အရေးနည်းပါးနေတာပါ။

zawgyi

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနာက္ဆုံးထြက္သက္ထိတိုက္ပြဲဝင္သြားမယ့္ ဒိုေလး

မန္ယူအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရေရးအတြက္ အစြမ္းကုန္ႀကိဳးစားေပးဖို႔

စီေရာ္နယ္ဒိုဟာ အဆင္သင့္ျဖစ္ေနပါတယ္။ ၃၇ ႏွစ္အ႐ြယ္ အဲဒီေပၚတူဂီစူပါစတားဟာ

ဖ်ားနာမႈေၾကာင့္ လက္စတာနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ရေပမယ့္ အခုေတာ့ မန္ယူေလ့က်င့္ေရးကြင္းကို

ျပန္ေရာက္ေနပါၿပီ။ အဲဒီမွာ သူဟာ ဒီရာသီ သူ႔အတြက္ တတိယေျမာက္မန္ယူ

တစ္လတာအေကာင္းဆုံးကစားသမားဆုကို လက္ခံရယူခဲ့ပါတယ္။

အဲဒီဆုလက္ခံရၿပီးေနာက္ စီေရာ္နယ္ဒိုက”လက္က်န္ရာသီအတြက္

ကြၽန္ေတာ္အရမ္းေပ်ာ္႐ႊင္ေနသလို စိတ္အားလည္း ထက္သန္ေနပါတယ္။

အၿမဲတမ္းလုပ္ခဲ့သလို ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ေအာင္လုပ္မွာပါ။

အိုးလ္ထရက္ဖို႔ဒ္မွာ ျပန္ဆုံၾကတာေပါ့။ ဒီဆႏၵမဲေတြအတြက္ အားလုံးကို

ေက်းဇူးတင္ပါတယ္”လို႔ ပရိသတ္ေတြအတြက္ စီေရာ္နယ္ဒိုက မက္ေဆ့ခ်္ေပးခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္ရဲ႕တစ္လတာအေကာင္းဆုံးသြင္းဂိုးဆုကိုလည္း

လက္ခံရရွိခဲ့ၿပီး အဲဒီဆုေတြနဲ႔အတူ Instagram မွာ ပုံတင္ကာ အခုလိုေရးခဲ့ပါတယ္။

”တစ္ဦးခ်င္းေအာင္ျမင္မႈေတြကို အၿမဲႀကိဳဆိုပါတယ္။

ဒါေပမဲ့ အသင္းလိုက္ေအာင္ပြဲေတြကသာ အမ်ားႀကီးပိုတန္ဖိုးရွိတာပါ။

ရာသီကုန္တဲ့အထိ တိုက္ပြဲဝင္စရာမ်ားစြာက်န္ေနပါေသးတယ္။

ကြၽန္ေတာ္တို႔ရဲ႕ေနာက္ဆုံးထြက္သက္အထိ တိုက္ပြဲဝင္ၾကရေအာင္။

Lest’go,Devils”လို႔ စီေရာ္နယ္ဒိုက ေရးခဲ့တာပါ။ ဒါေပမဲ့ စီေရာ္နယ္ဒိုဟာ

၁၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဖလားလက္မဲ့ရာသီကို အဆုံးသတ္ရမွာ

ျဖစ္ပါတယ္။ အမ်ားေမွ်ာ္လင့္ထားသို သူ႔ရဲ႕မန္ယူတစ္ေက်ာ့ျပန္ဟာ ေပ်ာ္႐ႊင္စရာမဟုတ္ခဲ့ပါဘူး။

မန္ယူဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ရွိေနေသးေပမယ့္

ေျမာက္လန္ဒန္ႏွစ္သင္းကို ေက်ာ္ႏိုင္ဖို႔က အခြင့္အေရးနည္းပါးေနတာပါ။