ချန်ပီယံလိဂ်မျက်နှာကြောင့် အာဃာတတွေသင်ပုန်းချေပြီး ဆီမြွန်နီနဲ့ပူးပေါင်းတော့မလား ရော်နယ်ဒို ..

အဖြစ်ကတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်မယ့်ကိန်း ဆိုက်နေပါပြီ။ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ အားကြီးနဲ့ကြိုးစားနေတဲ့ ရော်နယ်ဒိုပြောပါတယ်။ နောက်ကြောင်းပြန်လှန်ရရင် သူ့ရဲ့အဓိကလိုအင်က

ချန်ပီယံလိဂ်မှာကစားချင်တာပါ။ သူ့လိုအဆင့်မျိုးဟာ ချန်ပီယံလိဂ်နဲ့ကင်းကွာရင် ဂွကျတော့မှာ ရော်နယ်ဒိုသိပါတယ်။ ခက်တာက ကိုဗစ်အလွန် နလန်ပြန်ထူဖို့ကြိုးစားနေရတဲ့ ဥရောပအသင်းကြီးတွေဟာ လစာမြင့်မားနေသလို

ကိုယ့်အထာနဲ့ကိုယ် ခရီးဆက်နေတာကြောင့် ပေါ်တူဂီသားကို မခေါ်ရဲကြပါဘူး။ အဆီနဲ့တဝင်းတဝင်းဖြစ်နေပေမယ့် စားလိုက်ရင် သဲတရှပ်ရှပ်ဖြစ်မှာကိုလည်း စိုးရိမ်ကြပုံပါပဲ။ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ချဲလ်ဆီးတို့အားလုံး

မန်ယူရဲ့နံပါတ် ၇ ကို ငြင်းခဲ့ကြတယ်။ ဆော်ဒီကလပ်တစ်ခုက ကမ္ဘာ့လစာအများဆုံးဆိုတဲ့အနေအထားနဲ့ ကမ်းလှမ်းခဲ့တာတော့ရှိတာပေါ့။ ဒါက ရော်နယ်ဒိုလျှောက်ချင်တဲ့လမ်းမှ မဟုတ်တာ။ သူ ငြင်းခဲ့ပါတယ်။

တကယ့်ကို ရတာမလို လိုတာမရ အခြေအနေပါ။ သတိကြီးကြီးထားပြီး ရှင်းရတော့မယ့် အနာဂတ်ပုစ္ဆာပါ။ အခုနောက်ဆုံးသတင်းထွက်လာတာက အက်သလက်တီကိုနဲ့ဖြစ်ပါတယ်။ အေးဂျင့်ဂျော့မန်ဒက်စ်ကိုလွှတ်ပြီး သူ့ကိုခေါ်ဖို့

ဆီမြွန်နီကိုစည်းရုံးခိုင်းထားတယ်လို့ စပိန်သတင်းစာ AS က ရေးထားပါတယ်။ ဒီသတင်းသာမှန်ရင် အတော်လေး ဂွ ကျဦးမှာပါ။ အက်သလက်တီကိုဆိုတာ သူကစားခဲ့တဲ့၊ စံချိန်တွေစိုက်ထူခဲ့တဲ့၊ အောင်မြင်မှု သရဖူဆောင်းခဲ့တဲ့

ရီးရဲလ်မက်ဒရစ်ရဲ့မြို့ခံမဟာပြိုင်ဘက်ကြီးလေ။ အဖြူရောင်နံပါတ် ၇ ကို အခုထိကိုးကွယ်နေကြတဲ့ တော်ဝင်ပရိသတ်တွေ ဘယ်ခွင့်လွှတ်နိုင်ကြမှာလဲ။ ပြီးတော့ ဆီမြွန်နီနဲ့သူ့ကြားက အာဃာတတွေပါပဲ။ တစ်ယောက်နဲ့တစ်ယောက်

အပြန်အလှန်လေးစားကြောင်း မီဒီယာထက်မှာပြကြပေမယ့် ဓားသွားထက်ကပျားရည်တွေလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ဂျူဗင်တပ်ကစားသမားဘဝမှာ ပေါင်ကြားထဲလက်ထည့် ကော့ကော့ပြီးအောင်ပွဲခံတာဟာ

ဆီမြွန်နီကိုလက်စားချေတာဆိုတာ ရော်နယ်ဒိုမပြောလည်း တစ်ကမ္ဘာလုံးသိခဲ့တဲ့ကိစ္စပါ။ သူတို့အသင်းကို ဂိုးအများဆုံးသွင်းထားတဲ့ ပြိုင်ဘက်ဟောင်းတစ်ယောက်ကို ဆီမြွန်နီခေါ်မလား၊ ဒါမှမဟုတ် ချန်ပီယံလိဂ်မျက်နှာကြောင့် အားလုံးကို ရော်နယ်ဒို သင်ပုန်းချေမလားဆိုတာတော့ မကြာခင်သိရတော့မယ်ထင်ပါတယ် ..

(zawgyi)

အျဖစ္ကေတာ့ အပ်က္အပ်က္နဲ႔ ႏွာေခါင္းေသြးထြက္မယ့္ကိန္း ဆိုက္ေနပါၿပီ။ မန္ခ်က္စတာယူႏိုက္တက္ကေန ထြက္ခြာဖို႔ အားႀကီးနဲ႔ႀကိဳးစားေနတဲ့ ေရာ္နယ္ဒိုေျပာပါတယ္။ ေနာက္ေၾကာင္းျပန္လွန္ရရင္ သူ႔ရဲ႕အဓိကလိုအင္က ခ်န္ပီယံလိဂ္မွာကစားခ်င္တာပါ။

သူ႔လိုအဆင့္မ်ိဳးဟာ ခ်န္ပီယံလိဂ္နဲ႔ကင္းကြာရင္ ဂြက်ေတာ့မွာ ေရာ္နယ္ဒိုသိပါတယ္။ ခက္တာက ကိုဗစ္အလြန္ နလန္ျပန္ထူဖို႔ႀကိဳးစားေနရတဲ့ ဥေရာပအသင္းႀကီးေတြဟာ လစာျမင့္မားေနသလို ကိုယ့္အထာနဲ႔ကိုယ္ ခရီးဆက္ေနတာေၾကာင့္ ေပၚတူဂီသားကို

မေခၚရဲၾကပါဘူး။ အဆီနဲ႔တဝင္းတဝင္းျဖစ္ေနေပမယ့္ စားလိုက္ရင္ သဲတရွပ္ရွပ္ျဖစ္မွာကိုလည္း စိုးရိမ္ၾကပုံပါပဲ။ ဘိုင္ယန္ျမဴးနစ္၊ ပီအက္စ္ဂ်ီနဲ႔ခ်ဲလ္ဆီးတို႔အားလုံး မန္ယူရဲ႕နံပါတ္ ၇ ကို ျငင္းခဲ့ၾကတယ္။ ေဆာ္ဒီကလပ္တစ္ခုက ကမာၻ႔လစာအမ်ားဆုံးဆိုတဲ့အေနအထားနဲ႔

ကမ္းလွမ္းခဲ့တာေတာ့ရွိတာေပါ့။ ဒါက ေရာ္နယ္ဒိုေလွ်ာက္ခ်င္တဲ့လမ္းမွ မဟုတ္တာ။ သူ ျငင္းခဲ့ပါတယ္။ တကယ့္ကို ရတာမလို လိုတာမရ အေျခအေနပါ။ သတိႀကီးႀကီးထားၿပီး ရွင္းရေတာ့မယ့္ အနာဂတ္ပုစာၦပါ။ အခုေနာက္ဆုံးသတင္းထြက္လာတာက

အက္သလက္တီကိုနဲ႔ျဖစ္ပါတယ္။ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကိုလႊတ္ၿပီး သူ႔ကိုေခၚဖို႔ ဆီႁမြန္နီကိုစည္း႐ုံးခိုင္းထားတယ္လို႔ စပိန္သတင္းစာ AS က ေရးထားပါတယ္။ ဒီသတင္းသာမွန္ရင္ အေတာ္ေလး ဂြ က်ဦးမွာပါ။ အက္သလက္တီကိုဆိုတာ သူကစားခဲ့တဲ့၊

စံခ်ိန္ေတြစိုက္ထူခဲ့တဲ့၊ ေအာင္ျမင္မႈ သရဖူေဆာင္းခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ၿမိဳ႕ခံမဟာၿပိဳင္ဘက္ႀကီးေလ။ အျဖဴေရာင္နံပါတ္ ၇ ကို အခုထိကိုးကြယ္ေနၾကတဲ့ ေတာ္ဝင္ပရိသတ္ေတြ ဘယ္ခြင့္လႊတ္ႏိုင္ၾကမွာလဲ။ ၿပီးေတာ့ ဆီႁမြန္နီနဲ႔သူ႔ၾကားက အာဃာတေတြပါပဲ။

တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ေလးစားေၾကာင္း မီဒီယာထက္မွာျပၾကေပမယ့္ ဓားသြားထက္ကပ်ားရည္ေတြလို႔ ဆိုႏိုင္ပါတယ္။ အထူးသျဖင့္ ဂ်ဴဗင္တပ္ကစားသမားဘဝမွာ ေပါင္ၾကားထဲလက္ထည့္ ေကာ့ေကာ့ၿပီးေအာင္ပြဲခံတာဟာ

ဆီႁမြန္နီကိုလက္စားေခ်တာဆိုတာ ေရာ္နယ္ဒိုမေျပာလည္း တစ္ကမာၻလုံးသိခဲ့တဲ့ကိစၥပါ။ သူတို႔အသင္းကို ဂိုးအမ်ားဆုံးသြင္းထားတဲ့ ၿပိဳင္ဘက္ေဟာင္းတစ္ေယာက္ကို ဆီႁမြန္နီေခၚမလား၊ ဒါမွမဟုတ္ ခ်န္ပီယံလိဂ္မ်က္ႏွာေၾကာင့္ အားလုံးကို ေရာ္နယ္ဒို သင္ပုန္းေခ်မလားဆိုတာေတာ့ မၾကာခင္သိရေတာ့မယ္ထင္ပါတယ္ ..