
ချန်ပီယံလိဂ်မှာ အရင်လို အဝေးဂိုးစည်းမျဉ်းရှိလို့ကတော့ လီဗာပူးလ်
အသင်းဟာ ဒုတိယအကျော့တောင် ကစားဖို့ မလိုလောက်တော့ဘဲ
ပြိုင်ပွဲက ထွက်ရဖို့ ရာနှုန်းပြည့်သေချာသွားပါလိမ့်မယ်။
ဒါပေမဲ့အခုလည်း အိမ်ကွင်းမှာ (၅-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီ
ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ရဖို့က (၉၀%)လောက်
သေချာနေပါပြီ။ ရီးယဲလ်လိုအသင်းမျိုးနဲ့ပွဲမှာ (၂-ဝ)ဂိုးပြတ်
ဦးဆောင်ထားပြီးမှ (၅)ဂိုးအထိ ပြန်ပေးလိုက်ရတာကတော့
တော်တော်လေး ရုပ်ပေါက်လွန်းပါတယ်။
လီဗာပူးလ်အတွက်အဖွင့်ဂိုးကို ပွဲစလို့ (၃)မိနစ်အကျော်မှာပဲ ညာခြမ်းကနေ
ဆာလာ ချိုးပေးလိုက်တာကို ဒါဝင်နူးနက်ဇ်က အဆင့်တန်းမြင့်တဲ့
အဆုံးသတ်မှုအဖြစ် ဘောလုံးကို နောက်ပေါက်လေးနဲ့အသာလေး Flick
လုပ်ပြီးတော့ သွင်းယူခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် (၁၀)မိနစ်လောက်အကြာမှာပဲ ရီးယဲလ်ဂိုးသမား ကော်တွာရဲ့
လက်ဆောင်ပေးမှုကနေ ဆာလာက ဒုတိယဂိုး သွင်းယူခဲ့ပြီး ပွဲအစ
(၁၄)မိနစ်အတွင်းမှာ လီဗာပူးလ်တို့ (၂-ဝ)ဂိုးပြတ် နိုင်နေတာကြောင့် ပြီးခဲ့တဲ့
ချန်ပီယံလိဂ်ဗိုလ်လုပွဲရှုံးကြွေးကို ဂိုးပြတ်နိုင်ပွဲနဲ့ ပြန်ဆပ်နိုင်ပြီလို့
ထင်နေတုန်းမှာပဲ လီဗာပူးလ် ဂိုးတွေ ဆက်တိုက်ပြန်ပေးခဲ့ရတော့တယ်။
(၂၁)မိနစ်မှာ ဘန်ဇီမာ ပေးတာကနေ ဗင်နီစီယက်စ်က အပြင်းကန်သွင်းပြီး
ပထမချေပဂိုးသွင်းယူခဲ့သလို (၃၆)မိနစ်မှာတော့ ကော်တွာကို အားကျမခံပဲ
လီဗာပူးလ်ဂိုးသမား အယ်လစ်ဆင်က ရီးယဲလ်ကို လက်ဆောင်ဂိုး ပြန်ပေးခဲ့ပြီး
ဘောလုံးကန်တင်လိုက်တာက သူ့ရှေ့မှာရှိနေတဲ့ ဗင်နီစီယက်စ်နဲ့ ထိပြီးတော့
ဂိုးဝင်သွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လီဗာပူးလ်ကစားပုံက မယုံနိုင်လောက်အောင် ကျဆင်း
သွားပြီး (၁)လုံးဖောက် (၁)ဂိုးဝင်ဖြစ်သွားပါတော့တယ်။ ဒုတိယပိုင်းစလို့
မိနစ်ပိုင်းအကြာမှာပဲ ပြစ်ဒဏ်ဘောကနေ မိုဒရစ် တင်ပေးလိုက်တာကို
ဘယ်သူမှ Marking မလုပ်ထားတဲ့ နောက်ခံလူမီလီတာအိုက
လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းခဲ့ပြီး စတုတ္ထဂိုးက ဘန်ဇီမာရဲ့
ကန်ချက်က လီဗာပူးလ်နောက်ခံလူ ဂျိုးဂိုးမက်ဇ်နဲ့ ထိပြီးတော့
လမ်းကြောင်းပြောင်းဝင်သွားခဲ့ပါတယ်။
ပဉ္စမြောက်ဂိုးကို ဘန်ဇီမာကပဲ ဂိုးသမားအယ်လစ်ဆင်ကို လိမ်ခေါက်ပြီး
အပိုင်ကန်သွင်းခဲ့တာကြောင့် ရီးယဲလ်တို့ (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့သလို
ကွာတားဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားပါတယ်။
[Zawgyi]
ခ်န္ပီယံလိဂ္မွာ အရင္လို အေဝးဂိုးစည္းမ်ဥ္းရွိလို႔ကေတာ့ လီဗာပူးလ္
အသင္းဟာ ဒုတိယအေက်ာ့ေတာင္ ကစားဖို႔ မလိုေလာက္ေတာ့ဘဲ
ၿပိဳင္ပြဲက ထြက္ရဖို႔ ရာႏႈန္းျပည့္ေသခ်ာသြားပါလိမ့္မယ္။
ဒါေပမဲ့အခုလည္း အိမ္ကြင္းမွာ (၅-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒီရာသီ
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို လက္ျပႏႈတ္ဆက္ရဖို႔က (၉၀%)ေလာက္
ေသခ်ာေနပါၿပီ။ ရီးယဲလ္လိုအသင္းမ်ိဳးနဲ႔ပြဲမွာ (၂-ဝ)ဂိုးျပတ္
ဦးေဆာင္ထားၿပီးမွ (၅)ဂိုးအထိ ျပန္ေပးလိုက္ရတာကေတာ့
ေတာ္ေတာ္ေလး ႐ုပ္ေပါက္လြန္းပါတယ္။
လီဗာပူးလ္အတြက္အဖြင့္ဂိုးကို ပြဲစလို႔ (၃)မိနစ္အေက်ာ္မွာပဲ ညာျခမ္းကေန
ဆာလာ ခ်ိဳးေပးလိုက္တာကို ဒါဝင္ႏူးနက္ဇ္က အဆင့္တန္းျမင့္တဲ့
အဆုံးသတ္မႈအျဖစ္ ေဘာလုံးကို ေနာက္ေပါက္ေလးနဲ႔အသာေလး Flick
လုပ္ၿပီးေတာ့ သြင္းယူခဲ့တာျဖစ္ပါတယ္။
အဲဒီေနာက္ (၁၀)မိနစ္ေလာက္အၾကာမွာပဲ ရီးယဲလ္ဂိုးသမား ေကာ္တြာရဲ႕
လက္ေဆာင္ေပးမႈကေန ဆာလာက ဒုတိယဂိုး သြင္းယူခဲ့ၿပီး ပြဲအစ
(၁၄)မိနစ္အတြင္းမွာ လီဗာပူးလ္တို႔ (၂-ဝ)ဂိုးျပတ္ ႏိုင္ေနတာေၾကာင့္ ၿပီးခဲ့တဲ့
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲရႈံးေႂကြးကို ဂိုးျပတ္ႏိုင္ပြဲနဲ႔ ျပန္ဆပ္ႏိုင္ၿပီလို႔
ထင္ေနတုန္းမွာပဲ လီဗာပူးလ္ ဂိုးေတြ ဆက္တိုက္ျပန္ေပးခဲ့ရေတာ့တယ္။
(၂၁)မိနစ္မွာ ဘန္ဇီမာ ေပးတာကေန ဗင္နီစီယက္စ္က အျပင္းကန္သြင္းၿပီး
ပထမေခ်ပဂိုးသြင္းယူခဲ့သလို (၃၆)မိနစ္မွာေတာ့ ေကာ္တြာကို အားက်မခံပဲ
လီဗာပူးလ္ဂိုးသမား အယ္လစ္ဆင္က ရီးယဲလ္ကို လက္ေဆာင္ဂိုး ျပန္ေပးခဲ့ၿပီး
ေဘာလုံးကန္တင္လိုက္တာက သူ႔ေရွ႕မွာရွိေနတဲ့ ဗင္နီစီယက္စ္နဲ႔ ထိၿပီးေတာ့
ဂိုးဝင္သြားခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္ကစားပုံက မယုံႏိုင္ေလာက္ေအာင္ က်ဆင္း
သြားၿပီး (၁)လုံးေဖာက္ (၁)ဂိုးဝင္ျဖစ္သြားပါေတာ့တယ္။ ဒုတိယပိုင္းစလို႔
မိနစ္ပိုင္းအၾကာမွာပဲ ျပစ္ဒဏ္ေဘာကေန မိုဒရစ္ တင္ေပးလိုက္တာကို
ဘယ္သူမွ Marking မလုပ္ထားတဲ့ ေနာက္ခံလူမီလီတာအိုက
လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းခဲ့ၿပီး စတုတၳဂိုးက ဘန္ဇီမာရဲ႕
ကန္ခ်က္က လီဗာပူးလ္ေနာက္ခံလူ ဂ်ိဳးဂိုးမက္ဇ္နဲ႔ ထိၿပီးေတာ့
လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့ပါတယ္။
ပၪၥေျမာက္ဂိုးကို ဘန္ဇီမာကပဲ ဂိုးသမားအယ္လစ္ဆင္ကို လိမ္ေခါက္ၿပီး
အပိုင္ကန္သြင္းခဲ့တာေၾကာင့္ ရီးယဲလ္တို႔ (၅-၂)ဂိုးနဲ႔ အႏိုင္ရခဲ့သလို
ကြာတားဖိုင္နယ္တက္ဖို႔ အေျခအေနေကာင္းသြားပါတယ္။