ချန်ပီယံလိဂ်ဆုကြေးမက်လုံးနဲ့ နည်းပြတန်းဟတ်ကို မန်ချက်စတာယူနိုက်တက် လူလည်ကျထား

မန်ချက်စတာယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရအောင်လုပ်ပေးနိုင်ရင် နည်းပြတန်းဟတ်ဟာ ဆုကြေးငွေ ပေါင် ၃ သန်း ချီးမြှင့်ခံရလိမ့်မယ်လို့

ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖေါ်ပြပါတယ်။ ချန်ပီယံလိဂ်ဆိုတာ ကလပ်လောကမှာ ဂုဏ်သိက္ခာအရှိဆုံးဆုဖလားဖြစ်သလို အကျိုးအမြတ်ကလည်း မက်မောစရာပါပဲ။

ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၆ သာရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် မန်ယူတောင် ဝင်ငွေထိခိုက်ခဲ့ရပါတယ်။ သရဲနီတွေရဲ့ အဝတ်အစားစပွန်ဆာ Adidas နဲ့ချုပ်ဆိုထားတဲ့

စာချုပ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ၂ နှစ်ဆက်လွဲရင် ပေါင် ၂၅ သန်းဆုံးရှုံးမယ့် သဘောတူညီချက်ပါနေပါတယ်။ အင်္ကျီစပွန်ဆာ Team Viewer နဲ့ တစ်ရာသီ

ပေါင် ၇၅ သန်းတန်စာချုပ်မှာလည်း အောင်မြင်မှုနဲ့ပတ်သက်တဲ့ သဘောတူညီချက်တွေရှိနေပါတယ်။ တခြားစာချုပ်တွေအပါအဝင် ရုပ်သံဝင်ငွေ၊ ကွင်းဝင်ကြေး

စတဲ့ ငွေဝင်ပေါက်တွေအားလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် မန်ယူအတွက် ပေါင် သန်း ၉၀ လောက် နစ်နာဖို့ရှိနေတာပါ။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အသင်းဆို

ခါသွားတတ်တာကြောင့် ကစားသမားသစ်ခေါ်ယူရေးမှာလည်း အနှောက်အယှက်ဖြစ်တတ်ပါတယ်။ ချန်ပီယံလိဂ်ကစားခွင့်ရမယ့် အသင်းတစ်သင်းသင်းကို

ရော်နယ်ဒိုပြောင်းချင်နေတာက သက်သေပါပဲ။ တကယ်တော့ တစ်နှစ် ပေါင် ၉ သန်းဆိုတဲ့ နယ်သာလန်သားနည်းပြရဲ့လစာဟာ ပြိုင်ဘက်မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့လစာထက်

တစ်ဝက်လောက်သာရှိနေတာပါ။ ဒါကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ဆုကြေးမက်လုံးနဲ့ တန်းဟတ်ကို တွန်းအားပေးစာချုပ်ထားတာလို့ ရေးသားထားပါတယ်။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ျပန္ရေအာင္လုပ္ေပးႏိုင္ရင္ နည္းျပတန္းဟတ္ဟာ ဆုေၾကးေငြ ေပါင္ ၃ သန္း ခ်ီးျမႇင့္ခံရလိမ့္မယ္လို႔ ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေဖၚျပပါတယ္။

ခ်န္ပီယံလိဂ္ဆိုတာ ကလပ္ေလာကမွာ ဂုဏ္သိကၡာအရွိဆုံးဆုဖလားျဖစ္သလို အက်ိဳးအျမတ္ကလည္း မက္ေမာစရာပါပဲ။ ၿပီးခဲ့တဲ့ရာသီတုန္းက အဆင့္ ၆ သာရၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔

လြဲေခ်ာ္ခဲ့တာေၾကာင့္ မန္ယူေတာင္ ဝင္ေငြထိခိုက္ခဲ့ရပါတယ္။ သရဲနီေတြရဲ႕ အဝတ္အစားစပြန္ဆာ Adidas နဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ၂ ႏွစ္ဆက္လြဲရင္ ေပါင္ ၂၅ သန္းဆုံးရႈံးမယ့္

သေဘာတူညီခ်က္ပါေနပါတယ္။ အက်ႌစပြန္ဆာ Team Viewer နဲ႔ တစ္ရာသီ ေပါင္ ၇၅ သန္းတန္စာခ်ဳပ္မွာလည္း ေအာင္ျမင္မႈနဲ႔ပတ္သက္တဲ့ သေဘာတူညီခ်က္ေတြရွိေနပါတယ္။

တျခားစာခ်ဳပ္ေတြအပါအဝင္ ႐ုပ္သံဝင္ေငြ၊ ကြင္းဝင္ေၾကး စတဲ့ ေငြဝင္ေပါက္ေတြအားလုံးဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္မရရင္ မန္ယူအတြက္ ေပါင္ သန္း ၉၀ ေလာက္ နစ္နာဖို႔ရွိေနတာပါ။

ဒါ့အျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္မရတဲ့အသင္းဆို ခါသြားတတ္တာေၾကာင့္ ကစားသမားသစ္ေခၚယူေရးမွာလည္း အေႏွာက္အယွက္ျဖစ္တတ္ပါတယ္။ ခ်န္ပီယံလိဂ္ကစားခြင့္ရမယ့္

အသင္းတစ္သင္းသင္းကို ေရာ္နယ္ဒိုေျပာင္းခ်င္ေနတာက သက္ေသပါပဲ။ တကယ္ေတာ့ တစ္ႏွစ္ ေပါင္ ၉ သန္းဆိုတဲ့ နယ္သာလန္သားနည္းျပရဲ႕လစာဟာ ၿပိဳင္ဘက္မန္စီးတီးနည္းျပ ဂြါဒီယိုလာရဲ႕

လစာထက္ တစ္ဝက္ေလာက္သာရွိေနတာပါ။ ဒါေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ဆုေၾကးမက္လုံးနဲ႔ တန္းဟတ္ကို တြန္းအားေပးစာခ်ဳပ္ထားတာလို႔ ေရးသားထားပါတယ္။