ခေါင်းတိုက်ချင်းပြိုင် ဘယ်သူနိုင်ဇာတ်လမ်း ရိုက်ဦးမှာလား အန်တိုနီနဲ့ ဒါဝင်နူနက်ဇ်

မန်ယူရောက်လာတဲ့ တောင်ပံတိုက်စစ်မှူးအန်တိုနီနဲ့ပတ်သက်ပြီး ပရိသတ်တွေစိတ်ဝင်စားနေကြတာက လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ဒုတိယအကျော့ပွဲစဉ်ဖြစ်ပါတယ်။ အကြောင်းကတော့ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ အန်တိုနီမှာ

ကျောင်းတော်ကရန်စရှိခဲ့တာကြောင့်ပါ။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဘင်ဖီကာနဲ့အေဂျက်ဇ် ရင်ဆိုင်ခဲ့ရပါတယ်။ တနည်းအားဖြင့် ဘင်ဖီကာတိုက်စစ်မှူးနူနက်ဇ်နဲ့ အေဂျက်ဇ်တိုက်စစ်မှူး အန်တိုနီတို့

ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အန်တိုနီ ဘောဒီကာပြီး ဘောလုံးယူဖို့ကြိုးစားတာကို နူနက်ဇ်က လုရင်းနဲ့ လိုက်ဆွဲသလိုဖြစ်ခဲ့တာပါ။ နှစ်ဦးသား ဆွဲလားရမ်းလားတွေဖြစ်ခဲ့သလို ခေါင်းချင်းဆိုင်ပြီး ဒေါသဒီဂရီတွေ ထိပ်ဆုံးရောက်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ အန်တိုနီက ခေါင်းနဲ့ဆောင့်တိုက်ချလိုက်တာကြောင့် နူနက်ဇ်လဲကျသွားခဲ့ပါတယ်။ ဘရာဇီးလ်သား ကံကောင်းတာက အဝါကတ်သာ အပြခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ နှစ်ဦးသားပြေလည်သွားခဲ့ကြပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေအဖြစ် ပြန်တွေ့ကြချိန်မှာ ခေါင်းတိုက်စွမ်းရည်ပြကြဦးမလားဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြတာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အန်တိုနီမလွယ်လောက်ဘူးဆိုတဲ့

နောက်ပြောင်မှုတွေလည်း ရှိနေပါတယ်။ နူနက်ဇ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲတုန်းက ပြိုင်ဘက်နောက်ခံလူအန်ဒါဆင်ကို ခေါင်းနဲ့တိုက်တာကြောင့် ၃ ပွဲပယ်ပြစ်ဒဏ် ကျခံနေရလို့ပါ။

(zawgyi)

မန္ယူေရာက္လာတဲ့ ေတာင္ပံတိုက္စစ္မႉးအန္တိုနီနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြစိတ္ဝင္စားေနၾကတာက လီဗာပူးလ္နဲ႔ ပရီးမီးယားလိဂ္ဒုတိယအေက်ာ့ပြဲစဥ္ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ လီဗာပူးလ္တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္နဲ႔ အန္တိုနီမွာ

ေက်ာင္းေတာ္ကရန္စရွိခဲ့တာေၾကာင့္ပါ။ ၿပီးခဲ့တဲ့ ေဖေဖၚဝါရီလ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့မွာ ဘင္ဖီကာနဲ႔ေအဂ်က္ဇ္ ရင္ဆိုင္ခဲ့ရပါတယ္။ တနည္းအားျဖင့္ ဘင္ဖီကာတိုက္စစ္မႉးႏူနက္ဇ္နဲ႔ ေအဂ်က္ဇ္တိုက္စစ္မႉး အန္တိုနီတို႔

ထိပ္တိုက္ေတြ႕ခဲ့ၾကပါတယ္။ အန္တိုနီ ေဘာဒီကာၿပီး ေဘာလုံးယူဖို႔ႀကိဳးစားတာကို ႏူနက္ဇ္က လုရင္းနဲ႔ လိုက္ဆြဲသလိုျဖစ္ခဲ့တာပါ။ ႏွစ္ဦးသား ဆြဲလားရမ္းလားေတြျဖစ္ခဲ့သလို ေခါင္းခ်င္းဆိုင္ၿပီး ေဒါသဒီဂရီေတြ

ထိပ္ဆုံးေရာက္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္မွာ အန္တိုနီက ေခါင္းနဲ႔ေဆာင့္တိုက္ခ်လိုက္တာေၾကာင့္ ႏူနက္ဇ္လဲက်သြားခဲ့ပါတယ္။ ဘရာဇီးလ္သား ကံေကာင္းတာက အဝါကတ္သာ အျပခံခဲ့ရတာပါ။ ေနာက္ပိုင္းမွာေတာ့ ႏွစ္ဦးသားေျပလည္သြားခဲ့ၾကပါတယ္။

ဒါေၾကာင့္ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ေတြအျဖစ္ ျပန္ေတြ႕ၾကခ်ိန္မွာ ေခါင္းတိုက္စြမ္းရည္ျပၾကဦးမလားဆိုတာ ပရိသတ္ေတြ စိတ္ဝင္စားေနၾကတာပါ။ ဒါေပမဲ့ ဒီတစ္ႀကိမ္ေတာ့ အန္တိုနီမလြယ္ေလာက္ဘူးဆိုတဲ့

ေနာက္ေျပာင္မႈေတြလည္း ရွိေနပါတယ္။ ႏူနက္ဇ္ဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲတုန္းက ၿပိဳင္ဘက္ေနာက္ခံလူအန္ဒါဆင္ကို ေခါင္းနဲ႔တိုက္တာေၾကာင့္ ၃ ပြဲပယ္ျပစ္ဒဏ္ က်ခံေနရလို႔ပါ။