ခရိုအေးရှားလူငယ်နောက်ခံလူကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ မန်စီးတီး ကမ်းလှမ်းမယ်

မန်စီးတီးအသင်းဟာ ခရိုအေးရှားလူငယ်ကြယ်ပွင့်နောက်ခံလူ ဂါဒီယောကို နောက်ခံလူ

တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့
သတင်းတွေထွက်ပေါ်လာပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ဂါဒီယောဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်
အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ဘောလုံးလောကရဲ့ ထွန်းတောက်လာမယ့်
ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆီမီးဖိုင်နယ်ပွဲမှာတော့ ခရိုအေးရှားတို့ အာဂျင်တီးနားကို (၃-ဝ)ဂိုးပြတ်နဲ့
ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလား(၂)ကြိမ်ဆက် ဗိုလ်လုပွဲတက်ရေး မျှော်လင့်ချက် အဆုံးသတ်ခဲ့ရသလို
အာဂျင်တီးနားအသင်း ရသွားတဲ့ တတိယဂိုးမှာ မက်ဆီက ဂါဒီယောကို ကောင်းကောင်း
အရူးလုပ်လှည့်စားပြီးတော့ ဖန်တီးပေးတာကနေ အယ်လ်ဗာရက်ဇ်က သွင်းယူခဲ့တာကြောင့်

ဂါဒီယောအတွက် သိက္ခာကျစရာဖြစ်ခဲ့ပါတယ်။

ဂါဒီယောဟာ အာဂျင်တီးနားနဲ့ပွဲကလွဲရင် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ပုံစံကောင်း

ပြသနိုင်တာကြောင့် သူ့ကို ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်တွေက အပြိုင်စိတ်ဝင်စားနေကြပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့လတွေကတည်းက ဂါဒီယောကို ခေါ်ဖို့ ချိတ်ဆက်နေသလို
မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်တို့ကလည်း ဂါဒီယောကို ပစ်မှတ်ထားနေကြပါတယ်။

အခု ဂါဒီယောကို ခေါ်ချင်တဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးလည်း
ပါဝင်လာပြီး နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားမယ့်
အနေအထားပါပဲ။ လိုက်ပ်ဇစ်အသင်းမှာ ကစားနေတဲ့ ဂါဒီယောဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ
စာချုပ်သက်တမ်းကျန်ရှိတာကြောင့် လိုက်ပ်ဇစ်အသင်းကတော့ သူတို့ကစားသမားကို

အလောတကြီးရောင်းချစရာ မလိုပါဘူး။

ဒါပေမဲ့ မန်စီးတီးအသင်းဟာ ဂါဒီယောအတွက် ပြောင်းရွှေ့ကြေး ပေါင်(၈၆.၁)သန်းအပြင်

ဆုကြေးအပါအဝင် ပေါင်(၉၄.၇)သန်းအထိပေးပြီးတော့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့
ပြင်သစ်ဘောလုံးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Foot Mercato က ဖော်ပြခဲ့ပါတယ်။

[Zawgyi]

မန္စီးတီးအသင္းဟာ ခ႐ိုေအးရွားလူငယ္ၾကယ္ပြင့္ေနာက္ခံလူ ဂါဒီေယာကို ေနာက္ခံလူ
တစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့
သတင္းေတြထြက္ေပၚလာပါတယ္။

အသက္(၂၀)သာရွိေသးတဲ့ ဂါဒီေယာဟာ လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ လက္ေ႐ြးစင္
အသင္းအတြက္ ေျခစြမ္းျပကစားေနၿပီး ေဘာလုံးေလာကရဲ႕ ထြန္းေတာက္လာမယ့္
ၾကယ္တစ္ပြင့္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဆီမီးဖိုင္နယ္ပြဲမွာေတာ့ ခ႐ိုေအးရွားတို႔ အာဂ်င္တီးနားကို (၃-ဝ)ဂိုးျပတ္နဲ႔
ရႈံးနိမ့္ခဲ့ၿပီး ကမာၻ႔ဖလား(၂)ႀကိမ္ဆက္ ဗိုလ္လုပြဲတက္ေရး ေမွ်ာ္လင့္ခ်က္ အဆုံးသတ္ခဲ့ရသလို
အာဂ်င္တီးနားအသင္း ရသြားတဲ့ တတိယဂိုးမွာ မက္ဆီက ဂါဒီေယာကို ေကာင္းေကာင္း

အ႐ူးလုပ္လွည့္စားၿပီးေတာ့ ဖန္တီးေပးတာကေန အယ္လ္ဗာရက္ဇ္က သြင္းယူခဲ့တာေၾကာင့္
ဂါဒီေယာအတြက္ သိကၡာက်စရာျဖစ္ခဲ့ပါတယ္။

ဂါဒီေယာဟာ အာဂ်င္တီးနားနဲ႔ပြဲကလြဲရင္ ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ပုံစံေကာင္း
ျပသႏိုင္တာေၾကာင့္ သူ႔ကို ေခၚယူဖို႔ ဥေရာပထိပ္သီးကလပ္ေတြက အၿပိဳင္စိတ္ဝင္စားေနၾကပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့လေတြကတည္းက ဂါဒီေယာကို ေခၚဖို႔ ခ်ိတ္ဆက္ေနသလို
မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရီးယဲလ္တို႔ကလည္း ဂါဒီေယာကို ပစ္မွတ္ထားေနၾကပါတယ္။

အခု ဂါဒီေယာကို ေခၚခ်င္တဲ့ အသင္းေတြထဲမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးလည္း
ပါဝင္လာၿပီး ေနာက္ခံလူတစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ကမ္းလွမ္းသြားမယ့္
အေနအထားပါပဲ။ လိုက္ပ္ဇစ္အသင္းမွာ ကစားေနတဲ့ ဂါဒီေယာဟာ အသင္းနဲ႔ ၂၀၂၇ ခုႏွစ္အထိ

စာခ်ဳပ္သက္တမ္းက်န္ရွိတာေၾကာင့္ လိုက္ပ္ဇစ္အသင္းကေတာ့ သူတို႔ကစားသမားကို
အေလာတႀကီးေရာင္းခ်စရာ မလိုပါဘူး။

ဒါေပမဲ့ မန္စီးတီးအသင္းဟာ ဂါဒီေယာအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၈၆.၁)သန္းအျပင္
ဆုေၾကးအပါအဝင္ ေပါင္(၉၄.၇)သန္းအထိေပးၿပီးေတာ့ ကမ္းလွမ္းသြားမွာျဖစ္တယ္လို႔
ျပင္သစ္ေဘာလုံးဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Foot Mercato က ေဖာ္ျပခဲ့ပါတယ္။