ခရိုအေးရှားဂိုးသမားရဲ့ လက်စွမ်းပြ ပယ်နယ်တီကာကွယ်မှုတွေနဲ့ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရရှိ

ခရိုအေးရှားနဲ့ ဂျပန်တို့ရဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာတော့ ခရိုအေးရှားအသင်းက

ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ခွင့်ရရှိသွားပါပြီ။
ခရိုအေးရှားရဲ့ အောင်ပွဲအတွက် သူရဲကောင်းဖြစ်ခဲ့တာက ဂိုးသမားလီဗာကိုဗစ်ရှ်ဖြစ်ပြီး
ပယ်နယ်တီအဆုံးအဖြတ်မှာ (၃)ကြိမ်တိတိ လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန်အတွင်းမှာ ဂျပန်အသင်းရဲ့ ရုန်းကန်အားကြောင့် ခရိုအေးရှားတို့ ခက်ခက်ခဲခဲ
ရင်ဆိုင်ခဲ့ရပြီး ဥရောပထိပ်သီးနှစ်သင်းဖြစ်တဲ့ ဂျာမနီ၊ စပိန်တို့ကို အနိုင်ယူပြခဲ့တဲ့
ဆာမူရိုင်းတွေဟာ အခုပွဲမှာလည်း ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူး မာအီဒါက ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ဒုတိယပိုင်း
(၅၅)မိနစ်မှာတော့ ခရိုအေးရှားဝါရင့် တောင်ပံတိုက်စစ်ကစားသမား ပါရီဆစ်က
ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ပါရီဆစ်ဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ

သွင်းဂိုးအရေအတွက် (၁၀)ဂိုးအထိရှိလာပြီး အဓိကပြိုင်ပွဲကြီး(၂)ရပ်မှာ သွင်းဂိုးအများဆုံး
ခရိုအေးရှားကစားသမားဖြစ်လာပါတယ်။

ပွဲက မိနစ်(၉၀)အတွင်း သရေကျနေလို့ အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း
အရှုံး၊ အနိုင် မဖြေမပေါ်တဲ့အတွက် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။
ပယ်နယ်တီမှာတော့ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ရှ်က ဂျပန်ကစားသမားတွေဖြစ်တဲ့
မီနာမီနို၊ မီတိုမာ၊ ယိုရှီဒါတို့ရဲ့ ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပြီး အဆာနိုတစ်ဦးသာ
ဂိုးဝင်အောင်သွင်းနိုင်ခဲ့ပါတယ်။

ခရိုအေးရှားအသင်းက လာဗာယာတစ်ဦးပဲ လွဲချော်ခဲ့သလို ဗလာဆစ်၊ ဘရိုဇိုဗစ်၊
ပါဆယ်လစ်တို့ အားလုံးဂိုးဝင်ခဲ့တာကြောင့် (၃-၁)ဂိုးနဲ့အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်

တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ပယ်နယ်တီ ဟက်ထရစ်ကာကွယ်ခဲ့တဲ့ လီဗာကိုဗစ်ရှ်ဟာ
ပေါ်တူဂီဂိုးသမားဟောင်း ရီကာဒို (အင်္ဂလန် – ၂၀၀၆)၊ ခရိုအေးရှားနာမည်ကျော်
ဂိုးသမားဟောင်း ဆူဘာဆစ်(ဒိန်းမတ် – ၂၀၁၈)တို့ပြီးရင် ပယ်နယ်တီအဆုံးအဖြတ်မှာ
(၃)ကြိမ်အထိ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တဲ့ တတိယမြောက်ဂိုးသမားဖြစ်လာပါတယ်။

[Zawgyi]

ခ႐ိုေအးရွားနဲ႔ ဂ်ပန္တို႔ရဲ႕ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာေတာ့ ခ႐ိုေအးရွားအသင္းက
ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ တက္ခြင့္ရရွိသြားပါၿပီ။
ခ႐ိုေအးရွားရဲ႕ ေအာင္ပြဲအတြက္ သူရဲေကာင္းျဖစ္ခဲ့တာက ဂိုးသမားလီဗာကိုဗစ္ရွ္ျဖစ္ၿပီး

ပယ္နယ္တီအဆုံးအျဖတ္မွာ (၃)ႀကိမ္တိတိ လက္စြမ္းျပကာကြယ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္အတြင္းမွာ ဂ်ပန္အသင္းရဲ႕ ႐ုန္းကန္အားေၾကာင့္ ခ႐ိုေအးရွားတို႔ ခက္ခက္ခဲခဲ

ရင္ဆိုင္ခဲ့ရၿပီး ဥေရာပထိပ္သီးႏွစ္သင္းျဖစ္တဲ့ ဂ်ာမနီ၊ စပိန္တို႔ကို အႏိုင္ယူျပခဲ့တဲ့
ဆာမူ႐ိုင္းေတြဟာ အခုပြဲမွာလည္း ပုံစံေကာင္းျပသႏိုင္ခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီးမွာ တိုက္စစ္မႉး မာအီဒါက ဦးေဆာင္ဂိုး သြင္းခဲ့ေပမယ့္ ဒုတိယပိုင္း
(၅၅)မိနစ္မွာေတာ့ ခ႐ိုေအးရွားဝါရင့္ ေတာင္ပံတိုက္စစ္ကစားသမား ပါရီဆစ္က
ေခါင္းတိုက္ၿပီး ေခ်ပဂိုး ျပန္သြင္းခဲ့ပါတယ္။ ပါရီဆစ္ဟာ ကမာၻ႔ဖလားနဲ႔ ယူ႐ိုၿပိဳင္ပြဲေတြမွာ
သြင္းဂိုးအေရအတြက္ (၁၀)ဂိုးအထိရွိလာၿပီး အဓိကၿပိဳင္ပြဲႀကီး(၂)ရပ္မွာ သြင္းဂိုးအမ်ားဆုံး
ခ႐ိုေအးရွားကစားသမားျဖစ္လာပါတယ္။

ပြဲက မိနစ္(၉၀)အတြင္း သေရက်ေနလို႔ အခ်ိန္ပို ဆက္ကစားခဲ့ရၿပီး အခ်ိန္ပိုမွာလည္း
အရႈံး၊ အႏိုင္ မေျဖမေပၚတဲ့အတြက္ ပယ္နယ္တီ အဆုံးအျဖတ္ခံယူခဲ့ရပါတယ္။

ပယ္နယ္တီမွာေတာ့ ခ႐ိုေအးရွားဂိုးသမား လီဗာကိုဗစ္ရွ္က ဂ်ပန္ကစားသမားေတြျဖစ္တဲ့
မီနာမီႏို၊ မီတိုမာ၊ ယိုရွီဒါတို႔ရဲ႕ ကန္ခ်က္ေတြကို ကာကြယ္ႏိုင္ခဲ့ၿပီး အဆာႏိုတစ္ဦးသာ
ဂိုးဝင္ေအာင္သြင္းႏိုင္ခဲ့ပါတယ္။

ခ႐ိုေအးရွားအသင္းက လာဗာယာတစ္ဦးပဲ လြဲေခ်ာ္ခဲ့သလို ဗလာဆစ္၊ ဘ႐ိုဇိုဗစ္၊
ပါဆယ္လစ္တို႔ အားလုံးဂိုးဝင္ခဲ့တာေၾကာင့္ (၃-၁)ဂိုးနဲ႔အႏိုင္ရၿပီး ကြာတားဖိုင္နယ္အဆင့္
တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ ပယ္နယ္တီ ဟက္ထရစ္ကာကြယ္ခဲ့တဲ့ လီဗာကိုဗစ္ရွ္ဟာ
ေပၚတူဂီဂိုးသမားေဟာင္း ရီကာဒို (အဂၤလန္ – ၂၀၀၆)၊ ခ႐ိုေအးရွားနာမည္ေက်ာ္

ဂိုးသမားေဟာင္း ဆူဘာဆစ္(ဒိန္းမတ္ – ၂၀၁၈)တို႔ၿပီးရင္ ပယ္နယ္တီအဆုံးအျဖတ္မွာ
(၃)ႀကိမ္အထိ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တဲ့ တတိယေျမာက္ဂိုးသမားျဖစ္လာပါတယ္။