ခရစ္စတန်ဆန်ကတော့ အင်စတာဂရမ်ပရိုဖိုင်မှာ ချဲလ်ဆီးအင်္ကျီနဲ့ပုံအဟောင်း ပြန်ပြောင်းလိုက်ပြီ

ဘာစီလိုနာမှာ ကစားသမားသစ်အဖြစ် မှတ်ပုံတင်ဖို့အခက်အခဲဖြစ်နေတဲ့ နောက်ခံလူခရစ္စတန်ဆန်ဟာ ချဲလ်ဆီးကိုပြန်ရောက်လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာသွားခဲ့တဲ့ ဒိန်းမတ်သားဟာ ကက်တာလန်ကလပ်ရဲ့ဘဏ္ဍာရေးအရှုပ်အထွေးမှာ

ဆားညပ်နေရပါတယ်။ ငွေစာရင်းအမှားတွေနဲ့ လိမ်လည်တင်လာတယ်လို့ ယူဆထားတဲ့ လာလီဂါဟာ ဘာစီလိုနာကို သူတို့ရဲ့ကစားသမားသစ်တွေအပြင် စာချုပ်သက်တမ်းတိုးထားတဲ့

ကစားသမားနှစ်ယောက်ကိုပါ မှတ်ပုံတင်ခွင့်ပိတ်ပင်ထားလို့ပါ။ ဘာစီလိုနာဥက္ကဌလာပေါ်တာက သူတို့အသင်းရဲ့ကစားသမား ၇ ယောက်လုံးကို အချိန်မီမှတ်ပုံတင်နိုင်လိမ့်မယ်လို့

ယုံကြည်နေသလို ဖြေရှင်းနိုင်ဖို့လည်း နည်းမျိုးစုံသုံးပြီး ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဗယ်လီကာနိုနဲ့အဖွင့်ပွဲမတိုင်ခင် မှတ်ပုံမတင်နိုင်ရင်တော့ ခရစ္စတန်ဆန်နဲ့ ဖရန့်ကက်ဆီကို

စာချုပ်ပါသဘောတူညီချက်အတိုင်း အလွတ်ပြန်လွှတ်ရတော့မှာပါ။ ဒီလိုအချိန်မှာ ခရစ္စတန်ဆန်က သူ့ရဲ့အင်စတာဂရမ်အကောင့်က Profile ပုံကို ချဲလ်ဆီးအင်္ကျီဝတ်ထားတဲ့

ပုံအဟောင်း ပြန်ပြောင်းလိုက်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာကိုပြောင်းရွှေ့တဲ့အကြောင်း သူတင်ထားတဲ့ပို့စ်ကိုလည်း ပြန်ဖျက်သွားခဲ့ပါတယ်။ ဒါကြောင့် အသက် ၂၆ နှစ်အရွယ်နောက်ခံလူဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကိုပဲ ပြန်ရောက်လာတော့မယ်လို့ သတင်းတွေထွက်လာခဲ့တာပါ။

(zawgyi)

ဘာစီလိုနာမွာ ကစားသမားသစ္အျဖစ္ မွတ္ပုံတင္ဖို႔အခက္အခဲျဖစ္ေနတဲ့ ေနာက္ခံလူခရစၥတန္ဆန္ဟာ ခ်ဲလ္ဆီးကိုျပန္ေရာက္လာႏိုင္တယ္လို႔ သတင္းထြက္ေနပါတယ္။ စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန

ဘာစီလိုနာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ထြက္ခြာသြားခဲ့တဲ့ ဒိန္းမတ္သားဟာ ကက္တာလန္ကလပ္ရဲ႕ဘ႑ာေရးအရႈပ္အေထြးမွာ ဆားညပ္ေနရပါတယ္။ ေငြစာရင္းအမွားေတြနဲ႔ လိမ္လည္တင္လာတယ္လို႔

ယူဆထားတဲ့ လာလီဂါဟာ ဘာစီလိုနာကို သူတို႔ရဲ႕ကစားသမားသစ္ေတြအျပင္ စာခ်ဳပ္သက္တမ္းတိုးထားတဲ့ ကစားသမားႏွစ္ေယာက္ကိုပါ မွတ္ပုံတင္ခြင့္ပိတ္ပင္ထားလို႔ပါ။ ဘာစီလိုနာဥကၠဌလာေပၚတာက

သူတို႔အသင္းရဲ႕ကစားသမား ၇ ေယာက္လုံးကို အခ်ိန္မီမွတ္ပုံတင္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနသလို ေျဖရွင္းႏိုင္ဖို႔လည္း နည္းမ်ိဳးစုံသုံးၿပီး ႀကိဳးစားေနပါတယ္။ ဒါေပမဲ့ ဗယ္လီကာႏိုနဲ႔အဖြင့္ပြဲမတိုင္ခင္

မွတ္ပုံမတင္ႏိုင္ရင္ေတာ့ ခရစၥတန္ဆန္နဲ႔ ဖရန႔္ကက္ဆီကို စာခ်ဳပ္ပါသေဘာတူညီခ်က္အတိုင္း အလြတ္ျပန္လႊတ္ရေတာ့မွာပါ။ ဒီလိုအခ်ိန္မွာ ခရစၥတန္ဆန္က သူ႔ရဲ႕အင္စတာဂရမ္အေကာင့္က Profile ပုံကို

ခ်ဲလ္ဆီးအက်ႌဝတ္ထားတဲ့ ပုံအေဟာင္း ျပန္ေျပာင္းလိုက္ပါတယ္။ ဒါ့အျပင္ ဘာစီလိုနာကိုေျပာင္းေ႐ႊ႕တဲ့အေၾကာင္း သူတင္ထားတဲ့ပို႔စ္ကိုလည္း ျပန္ဖ်က္သြားခဲ့ပါတယ္။ ဒါေၾကာင့္ အသက္ ၂၆ ႏွစ္အ႐ြယ္ေနာက္ခံလူဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကိုပဲ ျပန္ေရာက္လာေတာ့မယ္လို႔ သတင္းေတြထြက္လာခဲ့တာပါ။