
မန်ချက်စတာယူနိုက်တက်အသင်းဟာ FA ဖလားပဉ္စမအဆင့်ပွဲမှာ
ဝက်စ်ဟမ်းကို (၃-၁)ဂိုးနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်
တက်ရောက်ခွင့်ရရှိသွားပါတယ်။
ဝက်စ်ဟမ်းအသင်းအတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်း(၅၄)မိနစ်မှာ
ဘန်ရာမာက သွင်းယူခဲ့ပေမယ့် (၇၇)မိနစ်မှာ ဝက်စ်ဟမ်းနောက်ခံလူ
အက်ဂါ့ဒ်ရဲ့ OG ဂိုးကြောင့် ယူနိုက်တက် ချေပဂိုးရခဲ့သလို ပွဲပြီးခါနီး
မိနစ်တွေမှာ ဂါနာချိုက လှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့ ဒုတိယဂိုး၊ ဖရက်ဒ်က
တတိယဂိုးတွေ သွင်းယူခဲ့ပါတယ်။
အခုပွဲအနိုင်ရခဲ့တဲ့အတွက် ယူနိုက်တက်တို့ အိမ်ကွင်းနောက်ဆုံး(၁၉)ပွဲ
ဆက်တိုက် ရှုံးပွဲမရှိဘဲ (၁၇)ပွဲနိုင်၊ (၂)ပွဲသာသရေကျခဲ့ပြီး လာမယ့်
FA ဖလား ကွာတားဖိုင်နယ်ပွဲကိုလည်း အိမ်ကွင်းမှာပဲ ဆက်လက်
ကစားရမှာဖြစ်ပါတယ်။
ဒီည FA ဖလားပွဲတွေအပြီးမှာ ကွာတားဖိုင်နယ်အတွက် မဲခွဲပွဲပြုလုပ်ခဲ့ပြီး
ယူနိုက်တက်အသင်းဟာ လန်ဒန်အခြေစိုက်ကလပ်ပဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့
ရင်ဆိုင်ရမှာပါ။ နည်းပြမာကိုဆေးလ်ဗားရဲ့ ဖူလ်ဟမ်အသင်းဟာ ဒီရာသီ
ပရီးမီးယားလိဂ်မှာ အဆင့်(၆)နေရာအထိ တက်ရောက်ထားပြီး နောက်ဆုံး
(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ခြေစွမ်းပြနေတာကြောင့် ယူနိုက်တက်တို့
သတိထားကစားရမှာပါ။
ဒါပေမဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်တို့ နိုင်ပွဲဆက်နေတဲ့အပြင် ဖလား
(၄)လုံးမျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ဖို့ အသင့်ရှိတဲ့ ယူနိုက်တက်
ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကြောင့် ဆီမီးဖိုင်နယ်တက်ခွင့်ရဖို့
မျှော်လင့်ချက်ရှိနေပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ FA ဖလားပၪၥမအဆင့္ပြဲမွာ
ဝက္စ္ဟမ္းကို (၃-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ကြာတားဖိုင္နယ္အဆင့္
တက္ေရာက္ခြင့္ရရွိသြားပါတယ္။
ဝက္စ္ဟမ္းအသင္းအတြက္ ဦးေဆာင္ဂိုးကို ဒုတိယပိုင္း(၅၄)မိနစ္မွာ
ဘန္ရာမာက သြင္းယူခဲ့ေပမယ့္ (၇၇)မိနစ္မွာ ဝက္စ္ဟမ္းေနာက္ခံလူ
အက္ဂါ့ဒ္ရဲ႕ OG ဂိုးေၾကာင့္ ယူႏိုက္တက္ ေခ်ပဂိုးရခဲ့သလို ပြဲၿပီးခါနီး
မိနစ္ေတြမွာ ဂါနာခ်ိဳက လွပတဲ့ေဝ့ဝိုက္ကန္ခ်က္နဲ႔ ဒုတိယဂိုး၊ ဖရက္ဒ္က
တတိယဂိုးေတြ သြင္းယူခဲ့ပါတယ္။
အခုပြဲအႏိုင္ရခဲ့တဲ့အတြက္ ယူႏိုက္တက္တို႔ အိမ္ကြင္းေနာက္ဆုံး(၁၉)ပြဲ
ဆက္တိုက္ ရႈံးပြဲမရွိဘဲ (၁၇)ပြဲႏိုင္၊ (၂)ပြဲသာသေရက်ခဲ့ၿပီး လာမယ့္
FA ဖလား ကြာတားဖိုင္နယ္ပြဲကိုလည္း အိမ္ကြင္းမွာပဲ ဆက္လက္
ကစားရမွာျဖစ္ပါတယ္။
ဒီည FA ဖလားပြဲေတြအၿပီးမွာ ကြာတားဖိုင္နယ္အတြက္ မဲခြဲပြဲျပဳလုပ္ခဲ့ၿပီး
ယူႏိုက္တက္အသင္းဟာ လန္ဒန္အေျခစိုက္ကလပ္ပဲျဖစ္တဲ့ ဖူလ္ဟမ္နဲ႔
ရင္ဆိုင္ရမွာပါ။ နည္းျပမာကိုေဆးလ္ဗားရဲ႕ ဖူလ္ဟမ္အသင္းဟာ ဒီရာသီ
ပရီးမီးယားလိဂ္မွာ အဆင့္(၆)ေနရာအထိ တက္ေရာက္ထားၿပီး ေနာက္ဆုံး
(၇)ပြဲဆက္တိုက္ ရႈံးပြဲမရွိဘဲ ေျခစြမ္းျပေနတာေၾကာင့္ ယူႏိုက္တက္တို႔
သတိထားကစားရမွာပါ။
ဒါေပမဲ့ အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္တို႔ ႏိုင္ပြဲဆက္ေနတဲ့အျပင္ ဖလား
(၄)လုံးေမွ်ာ္လင့္ခ်က္အတြက္ တိုက္ပြဲဝင္ဖို႔ အသင့္ရွိတဲ့ ယူႏိုက္တက္
ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းေၾကာင့္ ဆီမီးဖိုင္နယ္တက္ခြင့္ရဖို႔
ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။