ကွန်ဖူးကစ်နဲ့ ခြေစွမ်းပြကောင်းလို့ (၇)ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် ဘာယီ

မန်ချက်စတာယူနိုက်တက်ကနေ မာဆေးလ်အသင်းမှာ တစ်ရာသီအငှားနဲ့

ကစားနေတဲ့ အိုင်ဗရီကို့စ်ဝါရင့်နောက်ခံလူ ဘာယီဟာ ပြင်သစ်ဖလားပွဲမှာ
ပြိုင်ဘက်ကစားသမားကို ကွန်ဖူးကစ်နဲ့ကန်ခဲ့တဲ့အတွက် (၇)ပွဲပယ်ပြစ်ဒဏ်
ချမှတ်ခံခဲ့ရပါတယ်။

အခုဇန်နဝါရီလအစောပိုင်းက ပြင်သစ်ဖလားပွဲအဖြစ် စတုတ္ထတန်းကလပ်
Hyeres အသင်းနဲ့ကစားတဲ့ပွဲမှာ ဘာယီဟာ ပြိုင်ဘက်ကစားသမား
အန်ဒီယာယေးနဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးစားတာကနေ အန်ဒီယာယေးရဲ့
ရင်ဘတ်ကို ခြေထောက်နဲ့ကန်ခဲ့သလိုဖြစ်သွားတာကြောင့် ပထမပိုင်း

(၁၅)မိနစ်မှာပဲ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်အတွက် ပြင်သစ်လီဂူးအဖွဲ့ချုပ်က ဘာယီကို (၇)ပွဲပယ်

ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ပြင်သစ်သတင်းစာ La Provence က
ဖော်ပြခဲ့ပါတယ်။ ဘာယီဟာ အခုလောလောဆယ် (၂)ပွဲပယ်ပြစ်ဒဏ်
ကျခံပြီးဖြစ်တာကြောင့် ရန်းစ်နဲ့ကစားမယ့် ပြင်သစ်ဖလားပွဲ၊ မိုနာကို၊ နန့်စ်၊
နိုက်စ်၊ ကလာမောင့်တို့နဲ့ ပြင်သစ်လီဂူးပွဲတွေမှာ ပါဝင်ကစားနိုင်မှာ
မဟုတ်ပါဘူး။

ဘာယီရဲ့ ကန်ချက်ကြောင့် အန်ဒီယာယေးဟာ နံရိုးကျိုးခဲ့သလို အဆုတ်နဲ့
အသည်းမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာယီဟာ ဆေးရုံမှာ

အန်ဒီယာယေးကို လူကိုယ်တိုင်တွေ့ဆုံပြီးတော့ တောင်းပန်စကားပြောခဲ့
ပါတယ်။ အန်ဒီယေယေးဟာ အခုအချိန်မှာ ဆေးရုံက ဆင်းသွားပြီဖြစ်ပေမယ့်
လအတော်ကြာအောင် ဘောလုံးပြန်ကစားနိုင်ဦးမှာ မဟုတ်သေးပါဘူး။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ ဘာယီဟာ ယူနိုက်တက်အသင်းမှာ
ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ဒီရာသီအစက မာဆေးလ်
အသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် လက်ရှိအချိန်အထိ (၁၂)ပွဲသာ
ကစားခဲ့ရပြီး အခု ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲတော်တော်များများ လွဲချော်မှာ

ဖြစ်တဲ့အတွက် မာဆေးလ်အသင်းဟာ ဘာယီနဲ့အငှားစာချုပ်ပြည့်သွားရင်
အပြီးသတ်ခေါ်ယူမယ့်အနေအထား မရှိတော့ပါဘူး။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ကေန မာေဆးလ္အသင္းမွာ တစ္ရာသီအငွားနဲ႔
ကစားေနတဲ့ အိုင္ဗရီကို႔စ္ဝါရင့္ေနာက္ခံလူ ဘာယီဟာ ျပင္သစ္ဖလားပြဲမွာ
ၿပိဳင္ဘက္ကစားသမားကို ကြန္ဖူးကစ္နဲ႔ကန္ခဲ့တဲ့အတြက္ (၇)ပြဲပယ္ျပစ္ဒဏ္
ခ်မွတ္ခံခဲ့ရပါတယ္။

အခုဇန္နဝါရီလအေစာပိုင္းက ျပင္သစ္ဖလားပြဲအျဖစ္ စတုတၳတန္းကလပ္
Hyeres အသင္းနဲ႔ကစားတဲ့ပြဲမွာ ဘာယီဟာ ၿပိဳင္ဘက္ကစားသမား
အန္ဒီယာေယးနဲ႔ ေဘာလုံးယွဥ္လုဖို႔ ႀကိဳးစားတာကေန အန္ဒီယာေယးရဲ႕

ရင္ဘတ္ကို ေျခေထာက္နဲ႔ကန္ခဲ့သလိုျဖစ္သြားတာေၾကာင့္ ပထမပိုင္း
(၁၅)မိနစ္မွာပဲ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရပါတယ္။

အဲဒီျဖစ္ရပ္အတြက္ ျပင္သစ္လီဂူးအဖြဲ႕ခ်ဳပ္က ဘာယီကို (၇)ပြဲပယ္
ျပစ္ဒဏ္ခ်မွတ္ခဲ့တယ္လို႔ ျပင္သစ္သတင္းစာ La Provence က
ေဖာ္ျပခဲ့ပါတယ္။ ဘာယီဟာ အခုေလာေလာဆယ္ (၂)ပြဲပယ္ျပစ္ဒဏ္
က်ခံၿပီးျဖစ္တာေၾကာင့္ ရန္းစ္နဲ႔ကစားမယ့္ ျပင္သစ္ဖလားပြဲ၊ မိုနာကို၊ နန႔္စ္၊
ႏိုက္စ္၊ ကလာေမာင့္တို႔နဲ႔ ျပင္သစ္လီဂူးပြဲေတြမွာ ပါဝင္ကစားႏိုင္မွာ

မဟုတ္ပါဘူး။

ဘာယီရဲ႕ ကန္ခ်က္ေၾကာင့္ အန္ဒီယာေယးဟာ နံ႐ိုးက်ိဳးခဲ့သလို အဆုတ္နဲ႔

အသည္းမွာလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ဘာယီဟာ ေဆး႐ုံမွာ
အန္ဒီယာေယးကို လူကိုယ္တိုင္ေတြ႕ဆုံၿပီးေတာ့ ေတာင္းပန္စကားေျပာခဲ့
ပါတယ္။ အန္ဒီေယေယးဟာ အခုအခ်ိန္မွာ ေဆး႐ုံက ဆင္းသြားၿပီျဖစ္ေပမယ့္
လအေတာ္ၾကာေအာင္ ေဘာလုံးျပန္ကစားႏိုင္ဦးမွာ မဟုတ္ေသးပါဘူး။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဘာယီဟာ ယူႏိုက္တက္အသင္းမွာ
ပြဲကစားခြင့္ရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ဒီရာသီအစက မာေဆးလ္
အသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ (၁၂)ပြဲသာ

ကစားခဲ့ရၿပီး အခု ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပြဲေတာ္ေတာ္မ်ားမ်ား လြဲေခ်ာ္မွာ
ျဖစ္တဲ့အတြက္ မာေဆးလ္အသင္းဟာ ဘာယီနဲ႔အငွားစာခ်ဳပ္ျပည့္သြားရင္
အၿပီးသတ္ေခၚယူမယ့္အေနအထား မရွိေတာ့ပါဘူး။