ကွန်ဖူးကစ်ဂိုးနဲ့အတူ မန်စီးတီးပရိသတ်တွေရဲ့အသည်းကို ခြွေပြသွားခဲ့တဲ့ တိုက်စစ်မှူးဟာလန်း

ဒေါ့တ်မန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ကစားပုံကို ပရိသတ် တွေ အလိုမကျဖြစ်ခဲ့ပေမယ့် တိုက်စစ်မှူး ဟာလန်းကတော့ မန်ချက်စတာ ကလပ်အတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ အသင်းအတွက် လိုအပ်နေတဲ့ အနိုင်ဂိုးကို အချိန်ကောင်းမှာ သွင်းပေးနိုင်ခဲ့တဲ့အပြင် ဂိုးသွင်းယူသွားပုံက လည်း

လှပသေသပ်လွန်းတာကြောင့် ကွန်ဖူးကစ်ဘုရင်ဆိုပြီး သတင်းမီဒီ ယာတွေက တင်စားရေးသားရလောက်တဲ့အထိကို ဖြစ်လာခဲ့ရပါပြီ။ ပွဲချိန် ၈၄ မိနစ်မှာ ကန်ဆယ်လို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာလန်းက လေပေါ်ဝဲ ကန်ချက်နဲ့အတူ ဒေါ့မန်ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ ဟမ်မယ်လ်နဲ့ ဆူလီတို့

လူကပ်ထားတဲ့ကြားကနေ သွင်းယူသွားခဲ့တာဖြစ်ပါ တယ်။ ဒီဂိုးသွင်းယူလိုက်ချိန်မှာတော့ နည်းပြဂွါဒီယိုလာကိုယ်တိုင်လည်း အံ့ အားသင့်သွားခဲ့ရသလို ပရိသတ်တွေရဲ့ သြဘာသံကလည်း တစ်ကွင်းလုံ ညံသွားခဲ့ပါတယ်။ ဒါကြောင့် ပွဲစဉ်အပြီးမှာတော့ နည်းပြဂွါဒီယိုလာဟာ ဟာ လန်းရဲ့ ဂိုးသွင်းယူပုံကို

၁၉၇၃ ခုနှစ်က အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ကစား ခဲ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာအတွက် ဂန္ထဝင်တိုက်စစ်မှူးကြီး ဂျိုဟန်ခရိုက်ဖ် သွင်းယူခဲ့တဲ့ သမိုင်းဝင် သွင်းဂိုးနဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ ဟာ လန်းအတွက် မန်စီးတီး ကစားသမားဘ၀ ၈ ပွဲမှာ ၁၃ ဂိုးမြောက်လည်းဖြစ်ခဲ့ ပါတယ်။

ဒါကြောင့် အခုအချိန်မှာတော့ မန်စီးတီးပရိသတ်တွေရဲ့ အသည်း နှလုံးဟာ ဟာလန်းအပေါ်မှာ ကြွေကျသွားခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဒေါ့တ်မန်ကနေပြောင်းလာပြီး မန်ချက်စတာမှာ ခြေစွမ်းပြနေတာဟာ ဟာလန်းတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

ဆွစ်ဇာလန် လက်ရွေးစင် ကစားသမားတစ်ယောက်ဖြစ်တဲ့ အာကန်ဂျီဟာ လည်း ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဒေါ့တ်မန်က နေ မန်စီးတီးကို ပြောင်းလာပြီး အသင်းနဲ့အတူ ထိုက်သင့်သလောက် ခြေစွမ်းပြနိုင်ခဲ့သူပါ။ နောက်ထပ် ထင် ရှားတဲ့

တစ်ယောက်လည်း ရှိပါသေးတယ်။ သူကတော့ ကွင်းလယ်ကစား သမားဂန်ဒိုဂန်ဖြစ်ပြီး လက်ရှိမှာ မန်စီးတီးနဲ့အတူ ငါးရာသီတိုင်တိုင် ဖြတ်သန်းကျင်လည်ခဲ့ပြီးဖြစ်သလို ပရီးမီးယားလိဂ် ဆုဖလားလည်း ရယူပိုင်ဆိုင် နိုင်ခဲ့ပြီဖြစ်ပါတယ်။

(zawgyi)

ေဒါ့တ္မန္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ မန္စီးတီးအသင္းရဲ႕ ကစားပုံကို ပရိသတ္ ေတြ အလိုမက်ျဖစ္ခဲ့ေပမယ့္ တိုက္စစ္မႉး ဟာလန္းကေတာ့ မန္ခ်က္စတာ ကလပ္အတြက္ သူရဲေကာင္းျဖစ္ခဲ့ပါတယ္။ အသင္းအတြက္ လိုအပ္ေနတဲ့ အႏိုင္ဂိုးကို အခ်ိန္ေကာင္းမွာ သြင္းေပးႏိုင္ခဲ့တဲ့အျပင္

ဂိုးသြင္းယူသြားပုံက လည္း လွပေသသပ္လြန္းတာေၾကာင့္ ကြန္ဖူးကစ္ဘုရင္ဆိုၿပီး သတင္းမီဒီ ယာေတြက တင္စားေရးသားရေလာက္တဲ့အထိကို ျဖစ္လာခဲ့ရပါၿပီ။ ပြဲခ်ိန္ ၈၄ မိနစ္မွာ ကန္ဆယ္လို ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဟာလန္းက ေလေပၚဝဲ ကန္ခ်က္နဲ႔အတူ

ေဒါ့မန္ကစားသမားေတြျဖစ္တဲ့ ေနာက္ခံလူ ဟမ္မယ္လ္နဲ႔ ဆူလီတို႔ လူကပ္ထားတဲ့ၾကားကေန သြင္းယူသြားခဲ့တာျဖစ္ပါ တယ္။ ဒီဂိုးသြင္းယူလိုက္ခ်ိန္မွာေတာ့ နည္းျပဂြါဒီယိုလာကိုယ္တိုင္လည္း အံ့ အားသင့္သြားခဲ့ရသလို ပရိသတ္ေတြရဲ႕ ၾသဘာသံကလည္း တစ္ကြင္းလုံ ညံသြားခဲ့ပါတယ္။

ဒါေၾကာင့္ ပြဲစဥ္အၿပီးမွာေတာ့ နည္းျပဂြါဒီယိုလာဟာ ဟာ လန္းရဲ႕ ဂိုးသြင္းယူပုံကို ၁၉၇၃ ခုႏွစ္က အက္သလက္တီကိုနဲ႔ ယွဥ္ၿပိဳင္ကစား ခဲ့တဲ့ ပြဲစဥ္မွာ ဘာစီလိုနာအတြက္ ဂႏၴဝင္တိုက္စစ္မႉးႀကီး ဂ်ိဳဟန္ခ႐ိုက္ဖ္ သြင္းယူခဲ့တဲ့ သမိုင္းဝင္ သြင္းဂိုးနဲ႔ ခိုင္းႏႈိင္းသြားခဲ့ပါတယ္။

ဒီသြင္းဂိုးဟာ ဟာ လန္းအတြက္ မန္စီးတီး ကစားသမားဘ၀ ၈ ပြဲမွာ ၁၃ ဂိုးေျမာက္လည္းျဖစ္ခဲ့ ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာေတာ့ မန္စီးတီးပရိသတ္ေတြရဲ႕ အသည္း ႏွလုံးဟာ ဟာလန္းအေပၚမွာ ေႂကြက်သြားခဲ့ၿပီျဖစ္ပါတယ္။ မန္စီးတီးရဲ႕ သမိုင္းေၾကာင္းကို

ျပန္ၾကည့္ရင္ ေဒါ့တ္မန္ကေနေျပာင္းလာၿပီး မန္ခ်က္စတာမွာ ေျခစြမ္းျပေနတာဟာ ဟာလန္းတစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ ဆြစ္ဇာလန္ လက္ေ႐ြးစင္ ကစားသမားတစ္ေယာက္ျဖစ္တဲ့ အာကန္ဂ်ီဟာ လည္း ၿပီးခဲ့တဲ့ ေႏြေဈးကြက္မွာ ေဒါ့တ္မန္က ေန မန္စီးတီးကို ေျပာင္းလာၿပီး အသင္းနဲ႔အတူ

ထိုက္သင့္သေလာက္ ေျခစြမ္းျပႏိုင္ခဲ့သူပါ။ ေနာက္ထပ္ ထင္ ရွားတဲ့ တစ္ေယာက္လည္း ရွိပါေသးတယ္။ သူကေတာ့ ကြင္းလယ္ကစား သမားဂန္ဒိုဂန္ျဖစ္ၿပီး လက္ရွိမွာ မန္စီးတီးနဲ႔အတူ ငါးရာသီတိုင္တိုင္ ျဖတ္သန္းက်င္လည္ခဲ့ၿပီးျဖစ္သလို ပရီးမီးယားလိဂ္ ဆုဖလားလည္း ရယူပိုင္ဆိုင္ ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။