ကွန်တီဟာ သူတို့ကို အိုးကောင်းလေးတွေဖြစ်အောင် နာနာထုနေတာပါဆိုတဲ့ ဟယ်ရီကိန်း

ကွန်တီရဲ့လေ့ကျင့်ရေးအစီအစဉ်တွေက ရက်စက်လွန်းတယ်လို့ဝေဖန်နေကြပေမယ့် သူ့အတွက်တော့ နောက်ထပ်အဆင့်တစ်ခုရောက်အောင် ကူညီပေးနိုင်လိမ့်မယ်လို့

တိုက်စစ်မှူးဟယ်ရီကိန်းက ပြောဆိုလိုက်ပါတယ်။ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ တိုက်စစ်မှူးဆွန်ဟောင်မင် လဲကျပြီး ပြန်မထနိုင်အောင်ဖြစ်ခဲ့သလို

ကျန်တဲ့ကစားသမားတွေလည်း အော့အန်နေကြတဲ့ဗွီဒီယိုဖိုင် ပေါက်ကြားခဲ့တဲ့နောက် စပါးနည်းပြရဲ့လေ့ကျင့်ရေးတွေဟာ ပြင်းထန်လွန်းတယ်လို့ ဝေဖန်မှုတွေရှိခဲ့တာပါ။

ဒါပေမဲ့ ဟယ်ရီကိန်းကတော့ “ ကွန်တီက ဆန်းကြယ်ပါတယ်။ ကျွန်တော့်ရဲ့ကြံ့ခိုင်မှုကို နောက်ထပ်အဆင့်တစ်ခုဆီ သူပို့ပေးနိုင်ဖို့ရှိပါတယ်။

သူနဲ့အတူရှိတဲ့နေ့တိုင်းမှာ ပြင်ဆင်မှုတွေ၊ စိတ်ထက်သန်မှုတွေ၊ အကောင်းဆုံးညှစ်ထုတ်နိုင်စွမ်းတွေကို ကျွန်တော်သင်ယူခဲ့ပါတယ်။

အတွေ့အကြုံပိုရလာသလို ပိုကောင်းလာတယ်လို့လည်း ကျွန်တော်ခံစားရပါတယ်။ ဒါပေမဲ့ ကွန်တီလိုလူမျိုးနဲ့တွေ့ရင်တော့ ဒါက ပိုမြန်စေပါတယ်။ ပြီးတော့ ကျွန်တော့်မှာ ပေးစရာတွေ

အများကြီးရှိနေသေးသလို ခံစားရတယ်။ လာမယ့်နှစ်မှာ ဒါကို ပြသနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ် ” လို့ ပြောဆိုလိုက်တာပါ။

ကွန်တီဟာ တောင်ကိုးရီးယားခရီးစဉ်မှာ နေ့စဉ် ၂ ကြိမ်လေ့ကျင့်ပေးနေပြီး သူ့ကစားသမားတွေကို သတ်မှတ်ချက်ရောက်အောင် မောင်းနေပါတယ်။

(zawgyi)

ကြန္တီရဲ႕ေလ့က်င့္ေရးအစီအစဥ္ေတြက ရက္စက္လြန္းတယ္လို႔ေဝဖန္ေနၾကေပမယ့္ သူ႔အတြက္ေတာ့ ေနာက္ထပ္အဆင့္တစ္ခုေရာက္ေအာင္ ကူညီေပးႏိုင္လိမ့္မယ္လို႔ တိုက္စစ္မႉးဟယ္ရီကိန္းက

ေျပာဆိုလိုက္ပါတယ္။ ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္မွာ တိုက္စစ္မႉးဆြန္ေဟာင္မင္ လဲက်ၿပီး ျပန္မထႏိုင္ေအာင္ျဖစ္ခဲ့သလို က်န္တဲ့ကစားသမားေတြလည္း ေအာ့အန္ေနၾကတဲ့ဗြီဒီယိုဖိုင္

ေပါက္ၾကားခဲ့တဲ့ေနာက္ စပါးနည္းျပရဲ႕ေလ့က်င့္ေရးေတြဟာ ျပင္းထန္လြန္းတယ္လို႔ ေဝဖန္မႈေတြရွိခဲ့တာပါ။ ဒါေပမဲ့ ဟယ္ရီကိန္းကေတာ့ “ ကြန္တီက ဆန္းၾကယ္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ႀကံ့ခိုင္မႈကို

ေနာက္ထပ္အဆင့္တစ္ခုဆီ သူပို႔ေပးႏိုင္ဖို႔ရွိပါတယ္။ သူနဲ႔အတူရွိတဲ့ေန႔တိုင္းမွာ ျပင္ဆင္မႈေတြ၊ စိတ္ထက္သန္မႈေတြ၊ အေကာင္းဆုံးညႇစ္ထုတ္ႏိုင္စြမ္းေတြကို ကြၽန္ေတာ္သင္ယူခဲ့ပါတယ္။

အေတြ႕အႀကဳံပိုရလာသလို ပိုေကာင္းလာတယ္လို႔လည္း ကြၽန္ေတာ္ခံစားရပါတယ္။ ဒါေပမဲ့ ကြန္တီလိုလူမ်ိဳးနဲ႔ေတြ႕ရင္ေတာ့ ဒါက ပိုျမန္ေစပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္မွာ ေပးစရာေတြ အမ်ားႀကီးရွိေနေသးသလို ခံစားရတယ္။

လာမယ့္ႏွစ္မွာ ဒါကို ျပသႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ေျပာဆိုလိုက္တာပါ။ ကြန္တီဟာ ေတာင္ကိုးရီးယားခရီးစဥ္မွာ ေန႔စဥ္ ၂ ႀကိမ္ေလ့က်င့္ေပးေနၿပီး သူ႔ကစားသမားေတြကို သတ္မွတ္ခ်က္ေရာက္ေအာင္ ေမာင္းေနပါတယ္။