ကွန်တီရဲ့လျှို့ဝှက်ပရိုဂရမ် လန်ဘားစစ်ဆင်ရေးအကြောင်း စပါးအသင်းခေါင်းဆောင်ဟောင်း ဖွင့်ချလိုက်

ရာသီသစ်အတွက် စပါးနည်းပြကွန်တီရဲ့လျှို့ဝှက်အစီအစဉ်ကို အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ လက်ဒလေကင်းက သုံးသပ်လိုက်ပါတယ်။ အဲဒါကတော့ အီတလီသားနည်းပြဟာ

အရပ် ၆ ပေနဲ့အထက်ရှိတဲ့ ကစားသမားတွေကိုချည်း ရည်ရွယ်ချက်ရှိရှိခေါ်ယူနေတာပါပဲ။ ဒီနွေဈေးကွက်မှာခေါ်ယူထားတဲ့ အိုင်ဗန်ပါရီဆစ်၊ ဖရာဆာဖော်စတာ၊ ဘစ်ဆူးမား၊ ရစ်ချာလီဆန်၊

လန်ဂလက်နဲ့ စပန်ဆီတို့ ၆ ဦးလုံး အရပ် ၆ ပေနဲ့အထက် ရှိကြသူတွေဖြစ်နေပါတယ်။ ဒါ့အပြင် ပေါင် ၂၁ သန်းနဲ့ ကွန်တီထပ်ခေါ်နိုင်တော့မယ့် အူဒီးနီးစ်ရဲ့အူဒိုဂီကလည်း အရပ် ၆ ပေ ၂ လက်မရှိသူပါ။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဒီနောက်ခံလူကိုတော့ စီးရီးအေကလပ်ကို အငှားပြန်ချဖို့ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကွန်တီရဲ့ထူးခြားနေတဲ့အားဖြည့်မှုအပေါ် နောက်ခံလူဟောင်း

လက်ဒလေကင်းက “ အသင်းကို ကျွန်တော်ကြည့်မိချိန်မှာ ကျွန်တော့်ကိုထိခိုက်စေတဲ့ ပထမဆုံးအကြောင်းအရာက သူတို့ရဲ့အရပ်အမောင်းပါပဲ။ ဒါဟာ သိပ်ကိုရုပ်ပိုင်းဆိုင်ရာဆန်တဲ့အသင်း ဖြစ်နေပြီး

ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။ ကျွန်တော်တို့ခေတ်တုန်းကဆိုရင် ရုပ်ပိုင်းဆိုင်ရာတောင့်တင်းတဲ့အသင်းကိုမြင်ရတာ သိပ်ကံကောင်းခဲ့ပါတယ်။ ဒါဟာ ပွဲမကစားခင် ဥမင်လှိုဏ်ခေါင်းထဲ

မှာ ရပ်နေချိန်မှာတင် ကွဲပြားစေပါတယ်။ တစ်နေ့လုံးပြေးနိုင်တဲ့ အသင်းတစ်သင်းကို ခင်ဗျားမြင်နိုင်တယ်လေ ” လို့ သုံးသပ်လိုက်တာပါ။ ကွန်တီဟာ လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း

ပြင်းပြင်းထန်ထန်လုပ်စေတာကြောင့် တောင်ကိုရီးယားခြေစမ်းပွဲခရီးစဉ်တုန်းကဆိုရင် ကစားသမားတစ်ချို့ မူးဝေတာ၊ ပစ်လဲတာအထိ ဖြစ်ခဲ့ဖူးပါတယ်။ စပါးရဲ့လက်ရှိပွဲထွက်စာရင်းက ကစားသမားတွေကလည်း အရပ် ၆ ပေနဲ့အထက်ဖြစ်နေပါတယ်။

(zawgyi)

ရာသီသစ္အတြက္ စပါးနည္းျပကြန္တီရဲ႕လွ်ိဳ႕ဝွက္အစီအစဥ္ကို အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္သူ လက္ဒေလကင္းက သုံးသပ္လိုက္ပါတယ္။ အဲဒါကေတာ့ အီတလီသားနည္းျပဟာ

အရပ္ ၆ ေပနဲ႔အထက္ရွိတဲ့ ကစားသမားေတြကိုခ်ည္း ရည္႐ြယ္ခ်က္ရွိရွိေခၚယူေနတာပါပဲ။ ဒီေႏြေဈးကြက္မွာေခၚယူထားတဲ့ အိုင္ဗန္ပါရီဆစ္၊ ဖရာဆာေဖာ္စတာ၊ ဘစ္ဆူးမား၊ ရစ္ခ်ာလီဆန္၊ လန္ဂလက္နဲ႔

စပန္ဆီတို႔ ၆ ဦးလုံး အရပ္ ၆ ေပနဲ႔အထက္ ရွိၾကသူေတြျဖစ္ေနပါတယ္။ ဒါ့အျပင္ ေပါင္ ၂၁ သန္းနဲ႔ ကြန္တီထပ္ေခၚႏိုင္ေတာ့မယ့္ အူဒီးနီးစ္ရဲ႕အူဒိုဂီကလည္း အရပ္ ၆ ေပ ၂ လက္မရွိသူပါ။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ ဒီေနာက္ခံလူကိုေတာ့ စီးရီးေအကလပ္ကို အငွားျပန္ခ်ဖို႔ရွိေနပါတယ္။ ဘာပဲျဖစ္ျဖစ္ ကြန္တီရဲ႕ထူးျခားေနတဲ့အားျဖည့္မႈအေပၚ ေနာက္ခံလူေဟာင္း လက္ဒေလကင္းက

“ အသင္းကို ကြၽန္ေတာ္ၾကည့္မိခ်ိန္မွာ ကြၽန္ေတာ့္ကိုထိခိုက္ေစတဲ့ ပထမဆုံးအေၾကာင္းအရာက သူတို႔ရဲ႕အရပ္အေမာင္းပါပဲ။ ဒါဟာ သိပ္ကို႐ုပ္ပိုင္းဆိုင္ရာဆန္တဲ့အသင္း ျဖစ္ေနၿပီး ကြၽန္ေတာ့္ကို

စိတ္လႈပ္ရွားေစပါတယ္။ ကြၽန္ေတာ္တို႔ေခတ္တုန္းကဆိုရင္ ႐ုပ္ပိုင္းဆိုင္ရာေတာင့္တင္းတဲ့အသင္းကိုျမင္ရတာ သိပ္ကံေကာင္းခဲ့ပါတယ္။ ဒါဟာ ပြဲမကစားခင္ ဥမင္လႈိဏ္ေခါင္းထဲမွာ ရပ္ေနခ်ိန္မွာတင္

ကြဲျပားေစပါတယ္။ တစ္ေန႔လုံးေျပးႏိုင္တဲ့ အသင္းတစ္သင္းကို ခင္ဗ်ားျမင္ႏိုင္တယ္ေလ ” လို႔ သုံးသပ္လိုက္တာပါ။ ကြန္တီဟာ ေလ့က်င့္ေရးအစီအစဥ္ေတြကိုလည္း ျပင္းျပင္းထန္ထန္လုပ္ေစတာေၾကာင့္

ေတာင္ကိုရီးယားေျခစမ္းပြဲခရီးစဥ္တုန္းကဆိုရင္ ကစားသမားတစ္ခ်ိဳ႕ မူးေဝတာ၊ ပစ္လဲတာအထိ ျဖစ္ခဲ့ဖူးပါတယ္။ စပါးရဲ႕လက္ရွိပြဲထြက္စာရင္းက ကစားသမားေတြကလည္း အရပ္ ၆ ေပနဲ႔အထက္ျဖစ္ေနပါတယ္။