ကွင်းလယ်အားဖြည့်စရာမလိုဘူးလို့ ပြောခဲ့တာမှားယွင်းကြောင်း ဂျာဂင်ကလော့ပ် ဝန်ခံ

လူတိုင်းမြင်နိုင်တဲ့ လီဗာပူးလ်ရဲ့ပြဿနာနဲ့ပတ်သက်ပြီး သူမှားတယ်လို့ နည်းပြဂျာဂင်ကလော့ပ်က ဝန်ခံလိုက်ပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် ကြာသပတေးနေ့မတိုင်ခင် ကွင်းလယ်ကစားသမားသစ်တစ်ယောက်

ဝယ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဂျာမန်သားနည်းပြက ဖွင့်ဟသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပထမဆုံးနိုင်ပွဲရဖို့ လိုအပ်နေတဲ့ လီဗာပူးလ်အသင်းမှာ ကွင်းလယ်လူ ၄ ယောက် ဒဏ်ရာပြဿနာကြောင့် အနားယူနေရပါတယ်။

ရာသီကြိုကာလကတည်းက ကွင်းလယ်အားဖြည့်ဖို့ ထောက်ပြသူတစ်ချို့ရှိခဲ့ပေမယ့် ဒီပြဿနာကို လျစ်လျူရှုခဲ့မိတဲ့အတွက် သူ မှားယွင်းကြောင်း ဂျာဂင်ကလော့ပ်က ဝန်ခံလိုက်တာပါ။ “ အဲဒါတော့ ပြောင်းတာပေါ့။

ရာသီစကတည်းက ကျွန်တော်တို့မှာ ဒီလိုဆွေးနွေးစရာရှိခဲ့တာ ကျွန်တော်သိပါတယ်။ ကျွန်တော်ကတော့ ကွင်းလယ်လူတစ်ယောက် မလိုဘူးလို့ ပြောခဲ့သူတစ်ယောက်ပါ။ ခင်ဗျားတို့ပြောတာ အားလုံးမှန်ပါတယ်။ ကျွန်တော် မှားခဲ့တာပါ။

အခုက အဲဒီအခြေအနေဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာတကယ်မရှိပါဘူး။ ကျွန်တော်တို့ လူရှာနေပါတယ်။ တကယ်လို့ မှန်ကန်တဲ့သူမျိုးဆိုရင် ကျွန်တော်တို့ သူ့ကိုလိုအပ်ပါတယ်။ မဟုတ်ရင်တော့ မလိုပါဘူး ” လို့

ဂျာဂင်ကလော့ပ်က ဘုန်းမောက်နဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ မန်ယူကို ၂-၁ ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲမှာ သီယာဂို၊ ကီတာ၊ ကာတစ်ဂျုံးစ်နဲ့ ချိန်ဘာလိန်တို့ လီဗာပူးလ်အတွက် ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဖာဘင်ဟိုက လူစားဝင်ကစားရုံလောက်သာ ကြံ့ခိုင်မှုရှိခဲ့တာကြောင့် ဂျိမ်းစ်မီလ်နာ၊ ဟန်ဒါဆင်နဲ့ အီလီယော့တို့ကို ပွဲထွက်ခွင့်ပေးခဲ့ရတာပါ။ တနည်းအားဖြင့် အိုးလ်ထရက်ဖို့ဒ်မှာ ပွဲအဖြေကိုပြောင်းလဲနိုင်ဖို့ လုံလောက်တဲ့ကစားသမားအင်အား မရှိခဲ့ပါဘူး။

(zawgyi)

လူတိုင္းျမင္ႏိုင္တဲ့ လီဗာပူးလ္ရဲ႕ျပႆနာနဲ႔ပတ္သက္ၿပီး သူမွားတယ္လို႔ နည္းျပဂ်ာဂင္ကေလာ့ပ္က ဝန္ခံလိုက္ပါတယ္။ ဒါ့အျပင္ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္မယ့္ ၾကာသပေတးေန႔မတိုင္ခင္ ကြင္းလယ္ကစားသမားသစ္တစ္ေယာက္

ဝယ္ယူႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔လည္း ဂ်ာမန္သားနည္းျပက ဖြင့္ဟသြားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ပထမဆုံးႏိုင္ပြဲရဖို႔ လိုအပ္ေနတဲ့ လီဗာပူးလ္အသင္းမွာ ကြင္းလယ္လူ ၄ ေယာက္ ဒဏ္ရာျပႆနာေၾကာင့္ အနားယူေနရပါတယ္။

ရာသီႀကိဳကာလကတည္းက ကြင္းလယ္အားျဖည့္ဖို႔ ေထာက္ျပသူတစ္ခ်ိဳ႕ရွိခဲ့ေပမယ့္ ဒီျပႆနာကို လ်စ္လ်ဴရႈခဲ့မိတဲ့အတြက္ သူ မွားယြင္းေၾကာင္း ဂ်ာဂင္ကေလာ့ပ္က ဝန္ခံလိုက္တာပါ။ “ အဲဒါေတာ့ ေျပာင္းတာေပါ့။

ရာသီစကတည္းက ကြၽန္ေတာ္တို႔မွာ ဒီလိုေဆြးေႏြးစရာရွိခဲ့တာ ကြၽန္ေတာ္သိပါတယ္။ ကြၽန္ေတာ္ကေတာ့ ကြင္းလယ္လူတစ္ေယာက္ မလိုဘူးလို႔ ေျပာခဲ့သူတစ္ေယာက္ပါ။ ခင္ဗ်ားတို႔ေျပာတာ

အားလုံးမွန္ပါတယ္။ ကြၽန္ေတာ္ မွားခဲ့တာပါ။ အခုက အဲဒီအေျခအေနျဖစ္ေနပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ေျပာစရာတကယ္မရွိပါဘူး။ ကြၽန္ေတာ္တို႔ လူရွာေနပါတယ္။ တကယ္လို႔ မွန္ကန္တဲ့သူမ်ိဳးဆိုရင္ ကြၽန္ေတာ္တို႔ သူ႔ကိုလိုအပ္ပါတယ္။

မဟုတ္ရင္ေတာ့ မလိုပါဘူး ” လို႔ ဂ်ာဂင္ကေလာ့ပ္က ဘုန္းေမာက္နဲ႔ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။ မန္ယူကို ၂-၁ ဂိုးနဲ႔ရႈံးခဲ့တဲ့ပြဲမွာ သီယာဂို၊ ကီတာ၊ ကာတစ္ဂ်ဳံးစ္နဲ႔ ခ်ိန္ဘာလိန္တို႔ လီဗာပူးလ္အတြက္ ပါဝင္ႏိုင္ျခင္းမရွိခဲ့ပါဘူး။

ဖာဘင္ဟိုက လူစားဝင္ကစား႐ုံေလာက္သာ ႀကံ့ခိုင္မႈရွိခဲ့တာေၾကာင့္ ဂ်ိမ္းစ္မီလ္နာ၊ ဟန္ဒါဆင္နဲ႔ အီလီေယာ့တို႔ကို ပြဲထြက္ခြင့္ေပးခဲ့ရတာပါ။ တနည္းအားျဖင့္ အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲအေျဖကိုေျပာင္းလဲႏိုင္ဖို႔ လုံေလာက္တဲ့ကစားသမားအင္အား မရွိခဲ့ပါဘူး။