





ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်
ဒုတိယ အကျော့မှာ ရီးရဲလ်မက်ဒရစ် အသင်းကို ဘာနေဗျူးကွင်းမှာ ၂ – ၃ ရလဒ်နဲ့





အနိုင်ရခဲ့ပေမယ့် ၊ ၂ကျော့ပေါင်း ရလဒ် အရ ၅ – ၄ နဲ့ အရေးနိမ့်ခဲ့တာကြောင့်
ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး ဟာ ပွဲချိန်
မိနစ် ၈၀ မတိုင်ခင် အထိ ၃ဂိုးပြတ် ရလဒ်နဲ့ ဦးဆောင်နေခဲ့ပေမယ့် ၊





ပွဲပြီးခါနီး ရိုဒရိုင်ဂိုရဲ့ ချေပဂိုး ၊ အချိန်ပို ပြန်အစ ၅မိနစ်က ဘန်ဇီးမာရဲ့ ခေါင်းတိုက်
ဂိုးတွေကြောင့် မျှော်လင့်ထားတဲ့ အဆင့်တက် အိပ်မက် ပျက်ပြယ်ခဲ့ရပါတယ်။





အဲဒီပွဲမှာ ဗာနာသွင်းဂိုး မတိုင်ခင် ချဲလ်ဆီးရဲ့ တတိယမြောက် သွင်းဂိုးကို VAR က
ပယ်ဖျက်ခဲ့တာပါ။ အဆိုပါ အခြေအနေမှာ ကွင်းလယ်ဒိုင်က ဖြစ်ရပ်ကို ပြန်မကြည့်သလို
VAR ရဲ့ နောက်ကွယ်က ပြောဆိုမှု တစ်ခုတည်းကိုပဲ အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။





ဒါ့အပြင် ပွဲပြီးလို့ ဒိုင်ကို သွားနှုတ်ဆက်ချိန်မှာ ကွင်းလယ်ဒိုင်က ရီးရဲလ်မက်ဒရစ် နည်းပြ
အန်ဆယ်လော့တီနဲ့ အဖွဲ့ကျနေခဲ့ပါတယ်။ သောမက်စ် တူချယ်လ်က





” ကာလို့စ်နဲ့ ပွဲကျနေတဲ့ ကွင်းလယ်ဒိုင်ကို ကျွန်တော်စိတ်ပျက်ခဲ့တယ်။
ပွဲပြီးလို့ သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး ပွဲအတွက် ကျေးဇူးပါလို့ သွားပြောမယ့် အချိန်မှာ
သူက ပြိုင်ဘက် နည်းပြနဲ့ ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်ဖြစ်နေတယ်။”





“အခြားနည်းပြတစ်ယောက်နဲ့ ကွင်းလယ်ဒိုင်တို့ ရယ်မော ပျော်ရွှင်နေကြတာက
ဆိုးရွားတဲ့ကိစ္စပဲ။ ဒါကို သူ့ကိုလည်း ပြောပြခဲ့ပါတယ်။”





“နောက်တစ်ခုကတော့ သွင်းဂိုးကို မမြင်လိုက်ပေမယ့်လို့ ကွင်းလယ်ဒိုင်က
ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့အတူ ထွက်လာကြည့်တာတောင် မလုပ်တာကို အရမ်း
စိတ်ပျက်ခဲ့ရတယ်။ ထိုင်ခုံမှာ ထိုင်နေတဲ့ အခြားသူ တစ်ဦးဦးက ဆုံးဖြတ်သွားတာကို





ခံယူမယ့်အစား ကွင်းလယ်ဒိုင်က ဦးဆောင်သူတစ်ဦးလို ဆုံးဖြတ်မှု လုပ်ပေးသင့်တာ
ဖြစ်ပါတယ် ” လို့ ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။





zawgyi
ကြင္းလယ္ဒိုင္ရဲ႕ လုပ္ရပ္ကို ရႉံးမဲမဲၿပီး ပတ္ရမ္း ျပစ္တင္တဲ့ တူခ်ယ္လ္
ခ်ဲလ္ဆီး အသင္းဟာ မေန႔ည က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္





ဒုတိယ အေက်ာ့မွာ ရီးရဲလ္မက္ဒရစ္ အသင္းကို ဘာေနဗ်ဴးကြင္းမွာ ၂ – ၃ ရလဒ္နဲ႔
အႏိုင္ရခဲ့ေပမယ့္ ၊ ၂ေက်ာ့ေပါင္း ရလဒ္ အရ ၅ – ၄ နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္





ၿပိဳင္ပြဲကေန လက္ျပႏႈတ္ဆက္ခဲ့ရၿပီ ျဖစ္ပါတယ္။ ဒီပြဲမွာ ခ်ဲလ္ဆီး ဟာ ပြဲခ်ိန္
မိနစ္ ၈၀ မတိုင္ခင္ အထိ ၃ဂိုးျပတ္ ရလဒ္နဲ႔ ဦးေဆာင္ေနခဲ့ေပမယ့္ ၊
ပြဲၿပီးခါနီး ႐ိုဒ႐ိုင္ဂိုရဲ႕ ေခ်ပဂိုး ၊ အခ်ိန္ပို ျပန္အစ ၅မိနစ္က ဘန္ဇီးမာရဲ႕ ေခါင္းတိုက္





ဂိုးေတြေၾကာင့္ ေမွ်ာ္လင့္ထားတဲ့ အဆင့္တက္ အိပ္မက္ ပ်က္ျပယ္ခဲ့ရပါတယ္။
အဲဒီပြဲမွာ ဗာနာသြင္းဂိုး မတိုင္ခင္ ခ်ဲလ္ဆီးရဲ႕ တတိယေျမာက္ သြင္းဂိုးကို VAR က





ပယ္ဖ်က္ခဲ့တာပါ။ အဆိုပါ အေျခအေနမွာ ကြင္းလယ္ဒိုင္က ျဖစ္ရပ္ကို ျပန္မၾကည့္သလို
VAR ရဲ႕ ေနာက္ကြယ္က ေျပာဆိုမႈ တစ္ခုတည္းကိုပဲ အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ ပြဲၿပီးလို႔ ဒိုင္ကို သြားႏႈတ္ဆက္ခ်ိန္မွာ ကြင္းလယ္ဒိုင္က ရီးရဲလ္မက္ဒရစ္ နည္းျပ





အန္ဆယ္ေလာ့တီနဲ႔ အဖြဲ႕က်ေနခဲ့ပါတယ္။ ေသာမက္စ္ တူခ်ယ္လ္က
” ကာလို႔စ္နဲ႔ ပြဲက်ေနတဲ့ ကြင္းလယ္ဒိုင္ကို ကြၽန္ေတာ္စိတ္ပ်က္ခဲ့တယ္။





ပြဲၿပီးလို႔ သူ႔ကို လက္ဆြဲႏႈတ္ဆက္ၿပီး ပြဲအတြက္ ေက်းဇူးပါလို႔ သြားေျပာမယ့္ အခ်ိန္မွာ
သူက ၿပိဳင္ဘက္ နည္းျပနဲ႔ ရယ္ရယ္ေမာေမာ ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖစ္ေနတယ္။”
“အျခားနည္းျပတစ္ေယာက္နဲ႔ ကြင္းလယ္ဒိုင္တို႔ ရယ္ေမာ ေပ်ာ္႐ႊင္ေနၾကတာက





ဆိုး႐ြားတဲ့ကိစၥပဲ။ ဒါကို သူ႔ကိုလည္း ေျပာျပခဲ့ပါတယ္။”
“ေနာက္တစ္ခုကေတာ့ သြင္းဂိုးကို မျမင္လိုက္ေပမယ့္လို႔ ကြင္းလယ္ဒိုင္က





ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္နဲ႔အတူ ထြက္လာၾကည့္တာေတာင္ မလုပ္တာကို အရမ္း
စိတ္ပ်က္ခဲ့ရတယ္။ ထိုင္ခုံမွာ ထိုင္ေနတဲ့ အျခားသူ တစ္ဦးဦးက ဆုံးျဖတ္သြားတာကို
ခံယူမယ့္အစား ကြင္းလယ္ဒိုင္က ဦးေဆာင္သူတစ္ဦးလို ဆုံးျဖတ္မႈ လုပ္ေပးသင့္တာ





ျဖစ္ပါတယ္ ” လို႔ ေျပာဆိုသြားတာပဲ ျဖစ္ပါတယ္။
Leave a Reply