ကွင်းမကောင်းလို့ ဂိုးသိပ်မသွင်းနိုင်ကြောင်း လေတိုက်တဲ့ ဂွာဒီယိုလာ

မနေ့က မန်စီးတီးအသင်းဟာ လီဗာပူးအသင်းထံ အချိန်ခဏလေး ယာယီလွှဲပြောင်းပေးထားရတဲ့

ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၁)နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်စီးတီးတို့ဦးဆောင်ဂိုးရဖို့ ငါးမိနစ်ပဲအချိန်ယူခဲ့ရပြီး ရိုဒရီရဲ့ခရော့စ်ကို

ကီဗင်ဒီဘရိုင်းနားရဲ့လမ်းကြောင်းထဲရောက်အောင် စတာလင်းကပို့ပေးခဲ့ပြီး ဒီဘရိုင်းနားက တဟုန်ထိုးကန်သွင်းခဲ့တာပါ။

ဒုတိယဂိုးမှာလည်း စတာလင်းနဲ့ဒီဘရိုင်းနားတို့ နောက်တစ်ကြိမ်ပေါင်းစပ်ခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဧရိယာထဲကနေရာလွတ်ထဲမှာ ဂန်ဒိုဂန်ကိုစတားလင်းကတွေ့ပြီး သူကအဆုံးသတ်ခဲ့တာပါ။

ဂွာဒီယိုလာက ” ဒီလိုပွဲတွေကို ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာ ကစားလာတာပါ။

ခပ်စောစောမှာပဲ ဂိုးရခဲ့တာကတော့ အများကြီး အကူအညီဖြစ်ခဲ့တာပေါ့။

ဒါပေမယ့်လို့ ဒီပွဲမျိုးက တတိယဂိုး၊ စတုတ္ထဂိုး မသွင်းခင်ထိ ဘယ်တော့မှ အပြီးသတ်မှာ မဟုတ်ပါဘူး။”

“ဒီကွင်းက လာကစားရ သိပ်ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ မြက်တွေက သိပ်ရှည်တယ်။ရေလည်း မဖြန်းထားဘူး။

လုပ်ရကိုင်ရ နှေးကွေးကုန်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး ပွဲကို အနိုင်ရခဲ့တယ်။”

“အသက်ရလာရင် အတွေ့အကြုံ ပိုများလာတယ်လို့ လူတွေက ပြောကြတယ်။

ဒါပေမယ့်လို့ သင်ခန်းစာကောင်းတွေရပြီး အဲဒီကနေ သင်ယူနိုင်မှ အလုပ်ဖြစ်တာပါ။

ပွဲတိုင်းက ဒီလိုပါပဲ။ ဒီလိုပွဲတွေကို နိုင်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ကြိုးစားကစားဖို့ လိုအပ်ပါတယ် ” လို့ ပြောဆိုပါတယ်။

zawgyi

ကြင္းမေကာင္းလို႔ ဂိုးသိပ္မသြင္းႏိုင္ေၾကာင္း ေလတိုက္တဲ့ ဂြာဒီယိုလာ

မေန႔က မန္စီးတီးအသင္းဟာ လီဗာပူးအသင္းထံ အခ်ိန္ခဏေလး ယာယီလႊဲေျပာင္းေပးထားရတဲ့

ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ (၁)ေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

မန္စီးတီးတို႔ဦးေဆာင္ဂိုးရဖို႔ ငါးမိနစ္ပဲအခ်ိန္ယူခဲ့ရၿပီး ႐ိုဒရီရဲ႕ခေရာ့စ္ကို

ကီဗင္ဒီဘ႐ိုင္းနားရဲ႕လမ္းေၾကာင္းထဲေရာက္ေအာင္ စတာလင္းကပို႔ေပးခဲ့ၿပီး ဒီဘ႐ိုင္းနားက တဟုန္ထိုးကန္သြင္းခဲ့တာပါ။

ဒုတိယဂိုးမွာလည္း စတာလင္းနဲ႔ဒီဘ႐ိုင္းနားတို႔ ေနာက္တစ္ႀကိမ္ေပါင္းစပ္ခဲ့ျပန္ပါတယ္။

ဒါေပမဲ့ ဒီတစ္ခါမွာေတာ့ ဧရိယာထဲကေနရာလြတ္ထဲမွာ ဂန္ဒိုဂန္ကိုစတားလင္းကေတြ႕ၿပီး သူကအဆုံးသတ္ခဲ့တာပါ။

ဂြာဒီယိုလာက ” ဒီလိုပြဲေတြကို ကြၽန္ေတာ္တို႔ေတြ ႏွစ္ေပါင္းမ်ားစြာ ကစားလာတာပါ။

ခပ္ေစာေစာမွာပဲ ဂိုးရခဲ့တာကေတာ့ အမ်ားႀကီး အကူအညီျဖစ္ခဲ့တာေပါ့။

ဒါေပမယ့္လို႔ ဒီပြဲမ်ိဳးက တတိယဂိုး၊ စတုတၳဂိုး မသြင္းခင္ထိ ဘယ္ေတာ့မွ အၿပီးသတ္မွာ မဟုတ္ပါဘူး။”

“ဒီကြင္းက လာကစားရ သိပ္ခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ ျမက္ေတြက သိပ္ရွည္တယ္။ေရလည္း မျဖန္းထားဘူး။

လုပ္ရကိုင္ရ ေႏွးေကြးကုန္ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ အေကာင္းဆုံး လုပ္ႏိုင္ခဲ့ၿပီး ပြဲကို အႏိုင္ရခဲ့တယ္။”

“အသက္ရလာရင္ အေတြ႕အႀကဳံ ပိုမ်ားလာတယ္လို႔ လူေတြက ေျပာၾကတယ္။

ဒါေပမယ့္လို႔ သင္ခန္းစာေကာင္းေတြရၿပီး အဲဒီကေန သင္ယူႏိုင္မွ အလုပ္ျဖစ္တာပါ။

ပြဲတိုင္းက ဒီလိုပါပဲ။ ဒီလိုပြဲေတြကို ႏိုင္ရမယ္ဆိုတဲ့ ဦးတည္ခ်က္နဲ႔ ႀကိဳးစားကစားဖို႔ လိုအပ္ပါတယ္ ” လို႔ ေျပာဆိုပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*