
အင်္ဂလန်အမျိုးသမီးအသင်းရဲ့ ယူရိုသူရဲကောင်း ချာလိုကယ်လီဟာ Sweet Caroline သီချင်းသံကြားရင် မနေနိုင်ဖြစ်ခဲ့တာကို ပရိသတ်တွေ သဘောကျနေကြပါတယ်။
ကယ်လီဟာ ဂျာမနီကိုအနိုင်ရပြီး အင်္ဂလန်အသင်းယူရိုချန်ပီယံဖြစ်ခဲ့တဲ့ ဝင်ဘလေပွဲစဉ်မှာ အဆုံးအဖြတ်အနိုင်ဂိုး သွင်းပေးခဲ့သူပါ။ ခြင်္သေ့မလေးဟာ ဂိုးသွင်းပြီးတဲ့နောက်
အပေါ်အင်္ကျီကိုဆွဲချွတ်ပြီး ကွင်းထဲပြေးလွှားကာ အသင်းဖော်တွေ၊ ပရိသတ်တွေနဲ့ အောင်ပွဲခံခဲ့ပါသေးတယ်။ ဒါပေမဲ့ သူမရဲ့အောင်ပွဲခံမှုက ဒီလောက်နဲ့မပြီးခဲ့ပါဘူး။
ရင်သပ်ရှုမောစရာအနိုင်ဂိုးနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးကို BBC က ပွဲအပြီးမှာ အင်တာဗျူးဖို့ချဉ်းကပ်ခဲ့ပါတယ်။ “ သူတို့ကိုကြည့်။ အံ့သြဖို့ကောင်းတယ်။
ရိုးရိုးသားသားပြောတာပါ။ ကျွန်မတို့ကို လာအားပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒါက ပုံမှန်မဟုတ်ပါဘူး ” လို့ ကယ်လီက ပရိသတ်ဘက်ကို လက်ဝှေ့ယမ်းပြီးပြောနေခဲ့ပါတယ်။
ဒါပေမဲ့ သူမရဲ့စကားတွေက ဒီလောက်နဲ့ရပ်တန့်သွားခဲ့ပါတယ်။ Neil Diamond ရဲ့အထင်ကရ Sweet Caroline သီချင်းသံ ပျံ့လွင့်လာလို့ပါ။ ကယ်လီတစ်ယောက်
သူ့ကိုယ်သူမထိန်းနိုင်တော့ပါဘူး။ မိုက်ကိုချပြီး အသင်းဖော်တွေနဲ့အတူ သီဆိုအောင်ပွဲခံဖို့ သူမရွေးချယ်လိုက်ပါတယ်။ မိနစ်အနည်းငယ်ကြာမှ အင်တာဗျူးကိုပြန်ရောက်လာပြီး
“ ကျွန်မတို့ ထပ်သွားကြမယ်။ ငယ်ငယ်တုန်းက အမျိုးသမီးပွဲတွေကြည့်ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ဟာ လက်ရှိအချိန်မှာတော့.. ဝိုး .. မယုံနိုင်စရာပါပဲ ” လို့ ဆက်လက်ပြောဆိုသွားခဲ့တာပါ။
(zawgyi)
အဂၤလန္အမ်ိဳးသမီးအသင္းရဲ႕ ယူ႐ိုသူရဲေကာင္း ခ်ာလိုကယ္လီဟာ Sweet Caroline သီခ်င္းသံၾကားရင္ မေနႏိုင္ျဖစ္ခဲ့တာကို ပရိသတ္ေတြ သေဘာက်ေနၾကပါတယ္။
ကယ္လီဟာ ဂ်ာမနီကိုအႏိုင္ရၿပီး အဂၤလန္အသင္းယူ႐ိုခ်န္ပီယံျဖစ္ခဲ့တဲ့ ဝင္ဘေလပြဲစဥ္မွာ အဆုံးအျဖတ္အႏိုင္ဂိုး သြင္းေပးခဲ့သူပါ။ ျခေသၤ့မေလးဟာ ဂိုးသြင္းၿပီးတဲ့ေနာက္
အေပၚအက်ႌကိုဆြဲခြၽတ္ၿပီး ကြင္းထဲေျပးလႊားကာ အသင္းေဖာ္ေတြ၊ ပရိသတ္ေတြနဲ႔ ေအာင္ပြဲခံခဲ့ပါေသးတယ္။ ဒါေပမဲ့ သူမရဲ႕ေအာင္ပြဲခံမႈက ဒီေလာက္နဲ႔မၿပီးခဲ့ပါဘူး။
ရင္သပ္ရႈေမာစရာအႏိုင္ဂိုးနဲ႔ပတ္သက္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို BBC က ပြဲအၿပီးမွာ အင္တာဗ်ဴးဖို႔ခ်ဥ္းကပ္ခဲ့ပါတယ္။ “ သူတို႔ကိုၾကည့္။ အံ့ၾသဖို႔ေကာင္းတယ္။
႐ိုး႐ိုးသားသားေျပာတာပါ။ ကြၽန္မတို႔ကို လာအားေပးတဲ့ တစ္ေယာက္ခ်င္းစီကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒါက ပုံမွန္မဟုတ္ပါဘူး ” လို႔ ကယ္လီက ပရိသတ္ဘက္ကို
လက္ေဝွ႔ယမ္းၿပီးေျပာေနခဲ့ပါတယ္။ ဒါေပမဲ့ သူမရဲ႕စကားေတြက ဒီေလာက္နဲ႔ရပ္တန႔္သြားခဲ့ပါတယ္။ Neil Diamond ရဲ႕အထင္ကရ Sweet Caroline သီခ်င္းသံ ပ်ံ႕လြင့္လာလို႔ပါ။
ကယ္လီတစ္ေယာက္ သူ႔ကိုယ္သူမထိန္းႏိုင္ေတာ့ပါဘူး။ မိုက္ကိုခ်ၿပီး အသင္းေဖာ္ေတြနဲ႔အတူ သီဆိုေအာင္ပြဲခံဖို႔ သူမေ႐ြးခ်ယ္လိုက္ပါတယ္။ မိနစ္အနည္းငယ္ၾကာမွ အင္တာဗ်ဴးကိုျပန္ေရာက္လာၿပီး
“ ကြၽန္မတို႔ ထပ္သြားၾကမယ္။ ငယ္ငယ္တုန္းက အမ်ိဳးသမီးပြဲေတြၾကည့္ခဲ့ရတဲ့ ေကာင္မေလးတစ္ေယာက္ဟာ လက္ရွိအခ်ိန္မွာေတာ့.. ဝိုး .. မယုံႏိုင္စရာပါပဲ ” လို႔ ဆက္လက္ေျပာဆိုသြားခဲ့တာပါ။