ကွင်းထဲမှာ ပုံစံ ၄ မျိုးနဲ့အောင်ပွဲခံလို့ အားမရသေးဘဲ စားသောက်ဆိုင်ကအပြန်မှာပါ မာန်မလျှော့ခဲ့လေတဲ့ အန်တိုနီ

မဟာပြိုင်ဘက်ကြီး အာဆင်နယ်ကို ဦးဆောင်ဂိုးသွင်းပြီး သရဲနီပရိသတ်တွေ ရဲ့ မျှော်လင့်ချက်ကို အရောင်တဖိတ်ဖိတ် တောက်စေခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီဟာ ဂိုးသွင်းအပြီးမှာ ဂျာစီမှာရှိနေတဲ့ မန်ယူအသင်းတံဆိပ်ကို တယုတယ နမ်းရှိုက်အောင်ပွဲခံခဲ့ပြီး

မာန်ဟုန်ပြင်းပြင်းနဲ့ သရဲနီစိတ်ဓာတ်ကို လည်း ပြသခဲ့ပါတယ်။ ဒါပေမဲ့ အန်တိုနီရဲ့ အောင်ပွဲခံမှု ကွင်းထဲမှာတင် ပြီးဆုံးမသွားခဲ့ပါဘူး။ ယူနိုက်တက်ကို ပရီးမီးယားလိဂ်လေးပွဲဆက်တိုက် အနိုင်ရစေမယ့် အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အန်တိုနီဟာ

ပွဲအပြီးမှာလည်း သူ့ရဲ့ အသိမိတ်ဆွေတွေနဲ့အတူ Hawksmoor စားသောက် ဆိုင်မှ ာ ညစာအတူစားကြရင်း အောင်ပွဲခံခဲ့ပါတယ်။ အဲဒီလို ညစာစားပြီးတဲ့ နောက်မှာတော့ အန်တိုနီနဲ့အတူ သူ့ရဲ့ မိတ်ဆွေတွေဟာ မန်ယူအသင်း တည်းခိုရာ

လိုရီဟိုတယ်ကို လမ်းလျှောက်ပြန်လာခဲ့ကြပါတယ်။ သူတို့ပြန် လာချိန်ဟာ ဒေသ စံတော်ချိန် ၁၀ နာရီရှိနေပြီဖြစ်ပေမယ့် လမ်းလျှောက်ပြန် ခဲ့လာခဲ့ကြတာဖြစ်ပြီး ဟိုတယ်ကို ပြန်လာတဲ့ လမ်းကြောင်းတစ်လျှောက်မှာ လည်း မာန်ပါတဲ့ အမူအရာမျိုးတွေနဲ့

အောင်ပွဲခံလာတာကို The Sun သ တင်းစာက ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြနိုင်ခဲ့ပါတယ်။ မန်ယူအသင်း အမှတ်တံဆိပ်ပါတဲ့ အားကစားဝတ်စုံကို ဝတ်ဆင်ထားတဲ့ အန်တိုနီဟာ  လက်နှစ်ဖက်ကို မြှောက်ထုတ်ဆန့်တန်းပြီး တစ်လမ်းလုံးကို

အောင်ပွဲခံလာ ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် အန်တိုနီဟာ သူ့ရဲ့ ပထမဦးဆုံး သွင်းဂိုးအပြီး မှာ ကွင်းထဲမှာတင် မတူညီတဲ့ အောင်ပွဲခံပုံ လေးမျိုးလေးသွယ်နဲ့ အောင်ပွဲခံခဲ့တာဖြစ် တယ်လို့ The Sun က ရေးသားဖော်ပြပါတယ်။ ပထမ တစ်မျိုးက ဂျာစီမှာရှိနေတဲ့ မန်ယူအသင်း တံဆိပ်ကို တယုတယ နမ်းရှိုက်ခဲ့ တာပါ။

ဒုတိယကတော့ ပရိသတ်တွေကို ရည်ရွယ်ပြီး သြဘာသံပေးဖို့ အောင် ပွဲခံပုံဖြစ်ပါတယ်။ တတိယတစ်မျိုးကတော့ ဘောလုံးကို ဂျာစီအောက်ထဲ ထည့်ပြီး အောင်ပွဲခံသွားခဲ့တာပါ။ စတုတ္ထပုံစံကတော့ သူ့ရဲ့လက်တွေနဲ့ ကုတ်ဖဲ့ဝါးစားပစ်မယ့် ပုံစံမျိုး အောင်ပွဲခံသွားခဲ့တာပဲ ဖြစ်ပါတယ်။

အာကြီးကို ဂိုးအပြတ်အနိုင်ရတဲ့ပွဲအပြီးမှာလည်း မန်ယူနည်းပြ အဲရစ်တန်ဟက်က အန်တိုနီဟာ ဂိုးသမားနဲ့ တစ်ဦးချင်းရင်ဆိုင်တွေ့တဲ့အခါမျိုးမှာ တိကျသေချာတဲ့ ကစားသမားမျိုးဖြစ်ပြီး အရမ်းကို အန္တရာယ်များတဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ချီးမွမ်းသွားခဲ့ပါတယ်။

(zawgyi)

မဟာၿပိဳင္ဘက္ႀကီး အာဆင္နယ္ကို ဦးေဆာင္ဂိုးသြင္းၿပီး သရဲနီပရိသတ္ေတြ ရဲ႕ ေမွ်ာ္လင့္ခ်က္ကို အေရာင္တဖိတ္ဖိတ္ ေတာက္ေစခဲ့တဲ့ တိုက္စစ္မႉး အန္တိုနီဟာ ဂိုးသြင္းအၿပီးမွာ ဂ်ာစီမွာရွိေနတဲ့ မန္ယူအသင္းတံဆိပ္ကို တယုတယ နမ္းရႈိက္ေအာင္ပြဲခံခဲ့ၿပီး

မာန္ဟုန္ျပင္းျပင္းနဲ႔ သရဲနီစိတ္ဓာတ္ကို လည္း ျပသခဲ့ပါတယ္။ ဒါေပမဲ့ အန္တိုနီရဲ႕ ေအာင္ပြဲခံမႈ ကြင္းထဲမွာတင္ ၿပီးဆုံးမသြားခဲ့ပါဘူး။ ယူႏိုက္တက္ကို ပရီးမီးယားလိဂ္ေလးပြဲဆက္တိုက္ အႏိုင္ရေစမယ့္ အေရးပါတဲ့ သြင္းဂိုးတစ္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ အန္တိုနီဟာ

ပြဲအၿပီးမွာလည္း သူ႔ရဲ႕ အသိမိတ္ေဆြေတြနဲ႔အတူ Hawksmoor စားေသာက္ ဆိုင္မွာ ညစာအတူစားၾကရင္း ေအာင္ပြဲခံခဲ့ပါတယ္။ အဲဒီလို ညစာစားၿပီးတဲ့ ေနာက္မွာေတာ့ အန္တိုနီနဲ႔အတူ သူ႔ရဲ႕ မိတ္ေဆြေတြဟာ မန္ယူအသင္း တည္းခိုရာ

လိုရီဟိုတယ္ကို လမ္းေလွ်ာက္ျပန္လာခဲ့ၾကပါတယ္။ သူတို႔ျပန္ လာခ်ိန္ဟာ ေဒသ စံေတာ္ခ်ိန္ ၁၀ နာရီရွိေနၿပီျဖစ္ေပမယ့္ လမ္းေလွ်ာက္ျပန္ ခဲ့လာခဲ့ၾကတာျဖစ္ၿပီး ဟိုတယ္ကို ျပန္လာတဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္မွာ လည္း မာန္ပါတဲ့ အမူအရာမ်ိဳးေတြနဲ႔

ေအာင္ပြဲခံလာတာကို The Sun သ တင္းစာက ဓာတ္ပုံမွတ္တမ္းေတြနဲ႔ ေဖာ္ျပႏိုင္ခဲ့ပါတယ္။ မန္ယူအသင္း အမွတ္တံဆိပ္ပါတဲ့ အားကစားဝတ္စုံကို ဝတ္ဆင္ထားတဲ့ အန္တိုနီဟာ လက္ႏွစ္ဖက္ကို ေျမႇာက္ထုတ္ဆန႔္တန္းၿပီး တစ္လမ္းလုံးကို ေအာင္ပြဲခံလာ ခဲ့တာပဲျဖစ္ပါတယ္။

ဒါ့အျပင္ အန္တိုနီဟာ သူ႔ရဲ႕ ပထမဦးဆုံး သြင္းဂိုးအၿပီး မွာ ကြင္းထဲမွာတင္ မတူညီတဲ့ ေအာင္ပြဲခံပုံ ေလးမ်ိဳးေလးသြယ္နဲ႔ ေအာင္ပြဲခံခဲ့တာျဖစ္ တယ္လို႔ The Sun က ေရးသားေဖာ္ျပပါတယ္။ ပထမ တစ္မ်ိဳးက ဂ်ာစီမွာရွိေနတဲ့ မန္ယူအသင္း တံဆိပ္ကို တယုတယ နမ္းရႈိက္ခဲ့ တာပါ။

ဒုတိယကေတာ့ ပရိသတ္ေတြကို ရည္႐ြယ္ၿပီး ၾသဘာသံေပးဖို႔ ေအာင္ ပြဲခံပုံျဖစ္ပါတယ္။ တတိယတစ္မ်ိဳးကေတာ့ ေဘာလုံးကို ဂ်ာစီေအာက္ထဲ ထည့္ၿပီး ေအာင္ပြဲခံသြားခဲ့တာပါ။ စတုတၳပုံစံကေတာ့ သူ႔ရဲ႕လက္ေတြနဲ႔ ကုတ္ဖဲ့ဝါးစားပစ္မယ့္

ပုံစံမ်ိဳး ေအာင္ပြဲခံသြားခဲ့တာပဲ ျဖစ္ပါတယ္။ အာႀကီးကို ဂိုးအျပတ္အႏိုင္ရတဲ့ပြဲအၿပီးမွာလည္း မန္ယူနည္းျပ အဲရစ္တန္ဟက္က အန္တိုနီဟာ ဂိုးသမားနဲ႔ တစ္ဦးခ်င္းရင္ဆိုင္ေတြ႕တဲ့အခါမ်ိဳးမွာ တိက်ေသခ်ာတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီး အရမ္းကို အႏၲရာယ္မ်ားတဲ့ ကစားသမားမ်ိဳးျဖစ္တယ္လို႔ ခ်ီးမြမ္းသြားခဲ့ပါတယ္။