
အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား
စီရော်နယ်လ်ဒိုဟာ ကွင်းထဲ ကျူးကျော်ဝင်လာသူ ပရိသတ်
တစ်ဦးကြောင့် မမျှော်လင့်ဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရမယ့်
အနေအထားကနေ သီသီလေး လွဲချော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က,ကစားခဲ့တဲ့ Al-Taawoun နဲ့ပွဲမတိုင်ခင်
စီရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာအသင်းသားတွေဟာ ကွင်းအတွင်း
သွေးပူလေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ ပရိသတ်တစ်ဦးက
စီရော်နယ်လ်ဒိုကို နှုတ်ဆက်ခွင့်ရဖို့အတွက် ကွင်းထဲကို ပြေးဝင်လာခဲ့
ပါတယ်။
အဲဒီပရိသတ်ဟာ အနားရောက်ခါနီးမှာ ရုတ်တရက် ခြေချော်လဲ
ခဲ့တာကြောင့် စီရော်နယ်လ်ဒိုကို ခြေစုံပစ်ဝင်သလိုဖြစ်ပြီး စီရော်နယ်လ်ဒိုက
သတိရှိရှိနဲ့ ခြေထောက်ကို နောက်ဆုတ်ခဲ့လို့ ထိခိုက်ဒဏ်ရာ မရခဲ့တာ
ဖြစ်ပါတယ်။
မဟုတ်ရင် အဲဒီပရိသတ်က အရှိန်နဲ့ချော်လဲခဲ့တာဖြစ်တဲ့အတွက်
စီရော်နယ်လ်ဒိုရဲ့ ခြေထောက်မှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရဖို့ရှိပြီး
အဲဒီပရိသတ်ကို ကွင်းလုံခြုံရေးတွေက ချက်ချင်းဆိုသလို ဆွဲထုတ်သွားခဲ့ပါတယ်။
Al-Taawoun နဲ့ပွဲမှာ အယ်လ်နာဆာအသင်းဟာ (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး
စီရော်နယ်လ်ဒိုက ဂိုးမသွင်းနိုင်ပေမယ့် အဖွင့်ဂိုးရရှိအောင် အဆင့်အတန်း
မြင့်တဲ့ ဖန်တီးမှုပြုလုပ်ခဲ့သလို ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ်။
[Zawgyi]
အယ္လ္နာဆာအသင္းရဲ႕ ေပၚတူဂီနာမည္ေက်ာ္ကစားသမား
စီေရာ္နယ္လ္ဒိုဟာ ကြင္းထဲ က်ဴးေက်ာ္ဝင္လာသူ ပရိသတ္
တစ္ဦးေၾကာင့္ မေမွ်ာ္လင့္ဘဲ ျပင္းျပင္းထန္ထန္ ဒဏ္ရာရမယ့္
အေနအထားကေန သီသီေလး လြဲေခ်ာ္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေသာၾကာေန႔က,ကစားခဲ့တဲ့ Al-Taawoun နဲ႔ပြဲမတိုင္ခင္
စီေရာ္နယ္လ္ဒိုနဲ႔ အယ္လ္နာဆာအသင္းသားေတြဟာ ကြင္းအတြင္း
ေသြးပူေလ့က်င့္ခန္းျပဳလုပ္ေနခ်ိန္မွာ ပရိသတ္တစ္ဦးက
စီေရာ္နယ္လ္ဒိုကို ႏႈတ္ဆက္ခြင့္ရဖို႔အတြက္ ကြင္းထဲကို ေျပးဝင္လာခဲ့
ပါတယ္။
အဲဒီပရိသတ္ဟာ အနားေရာက္ခါနီးမွာ ႐ုတ္တရက္ ေျခေခ်ာ္လဲ
ခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုကို ေျခစုံပစ္ဝင္သလိုျဖစ္ၿပီး စီေရာ္နယ္လ္ဒိုက
သတိရွိရွိနဲ႔ ေျခေထာက္ကို ေနာက္ဆုတ္ခဲ့လို႔ ထိခိုက္ဒဏ္ရာ မရခဲ့တာ
ျဖစ္ပါတယ္။
မဟုတ္ရင္ အဲဒီပရိသတ္က အရွိန္နဲ႔ေခ်ာ္လဲခဲ့တာျဖစ္တဲ့အတြက္
စီေရာ္နယ္လ္ဒိုရဲ႕ ေျခေထာက္မွာ ျပင္းျပင္းထန္ထန္ ထိခိုက္ဒဏ္ရာရဖို႔ရွိၿပီး
အဲဒီပရိသတ္ကို ကြင္းလုံၿခဳံေရးေတြက ခ်က္ခ်င္းဆိုသလို ဆြဲထုတ္သြားခဲ့ပါတယ္။
Al-Taawoun နဲ႔ပြဲမွာ အယ္လ္နာဆာအသင္းဟာ (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး
စီေရာ္နယ္လ္ဒိုက ဂိုးမသြင္းႏိုင္ေပမယ့္ အဖြင့္ဂိုးရရွိေအာင္ အဆင့္အတန္း
ျမင့္တဲ့ ဖန္တီးမႈျပဳလုပ္ခဲ့သလို ဒုတိယဂိုးကိုလည္း ဖန္တီးေပးခဲ့ပါတယ္။