ကွင်းခြောက်သွေ့နေတာကြောင့် ဖူလ်ဟမ်နဲ့သရေကျခဲ့တာလို့ ဂျာဂင်ကလော့ပ် ဆင်ခြေပေး

ဂျာဂင်ကလော့ပ်လည်း ကြာလာရင် ဒုတိယမော်ရင်ညိုဖြစ်လာတော့မယ်လို့ ပရိသတ်တွေကတော့ မှတ်ချက်ပေးနေကြပါပြီ။ အကြောင်းကတော့ ဖူလ်ဟမ်နဲ့သရေကျခဲ့တာဟာ

ကွင်းမြက်ခင်းခြောက်သွေ့နေတာကြောင့်လို့ ဂျာမန်သားက ဆင်ခြေပေးလိုက်လို့ပါပဲ။ လီဗာပူးလ်ဟာ ကွန်မြူနတီဒိုင်းချန်ပီယံအဖြစ် ကရာဗန်ကော့တေ့ချ်ကိုရောက်လာခဲ့ပေမယ့်

အိမ်ရှင်ဆီက တစ်မှတ်ရဖို့ နောက်ကလိုက်ကစားခဲ့ရပါတယ်။ မီထရိုဗစ်ရဲ့ဂိုးကြောင့် ပထမပိုင်းမှာ ၁-၀ ဂိုးနဲ့ရှုံးနိမ့်နေတဲ့ ကြိုးကြာနီတွေဟာ ဒုတိယပိုင်းမှာ

ဒါဝင်နူနက်ဇ်ဝင်လာမှ ချေပဂိုးရခဲ့တာပါ။ ဒါပေမဲ့ ဗန်ဒိုက်ကြောင့် ပင်နယ်တီပေးလိုက်ရပြီး မီထရိုဗစ်ကပဲ အမှားအယွင်းမရှိသွင်းယူသွားခဲ့ပြန်ပါတယ်။ မိနစ် ၈၀ ရောက်မှ

နူနက်ဇ်ဖန်တီးပေးတာကို ဆာလက်ကသွင်းယူနိုင်ခဲ့တာကြောင့် တစ်မှတ်ရခဲ့တာပါ။ ဒါပေမဲ့ ဂျာဂင်ကလော့ပ်ကတော့ “ တကယ့်ကိုဆိုးရွားတဲ့ပွဲပါပဲ။ အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။

ကျွန်တော်တို့ဟာ ပွဲစကတည်းက စိတ်ပိုင်းဆိုင်ရာ မမှန်ခဲ့ပါဘူး။ ၁၅ မိနစ်ကျော်မှ တုံ့ပြန်နိုင်ဖို့ကြိုးစားခဲ့ရတယ်။ ကွင်းမြက်ခင်းကလည်း ခြောက်သွေ့နေတယ်။ ဒီလိုမျိုးပေါ့။ တကယ်ခက်ပါတယ် ” လို့

BT Sport ရုပ်သံကို ပြောသွားခဲ့တာပါ။ အသင်းရလဒ်မကောင်းရင် ကိုဗစ်၊ ရာသီဥတုနဲ့ ပရိသတ် စတဲ့ ဆင်ခြေတွေ တစ်မျိုးမဟုတ်တစ်မျိုးပေးခဲ့ဖူးတဲ့ ဂျာမန်သားဟာ အခုတော့ ကွင်းမြက်ခင်းကိုလွှဲချလာပြန်တာကြောင့် စကားတောင်စား မော်ရင်ညိုနဲ့နှိုင်းနေကြတာဖြစ်ပါတယ်။

(zawgyi)

ဂ်ာဂင္ကေလာ့ပ္လည္း ၾကာလာရင္ ဒုတိယေမာ္ရင္ညိဳျဖစ္လာေတာ့မယ္လို႔ ပရိသတ္ေတြကေတာ့ မွတ္ခ်က္ေပးေနၾကပါၿပီ။ အေၾကာင္းကေတာ့ ဖူလ္ဟမ္နဲ႔သေရက်ခဲ့တာဟာ

ကြင္းျမက္ခင္းေျခာက္ေသြ႕ေနတာေၾကာင့္လို႔ ဂ်ာမန္သားက ဆင္ေျခေပးလိုက္လို႔ပါပဲ။ လီဗာပူးလ္ဟာ ကြန္ျမဴနတီဒိုင္းခ်န္ပီယံအျဖစ္ ကရာဗန္ေကာ့ေတ့ခ်္ကိုေရာက္လာခဲ့ေပမယ့္

အိမ္ရွင္ဆီက တစ္မွတ္ရဖို႔ ေနာက္ကလိုက္ကစားခဲ့ရပါတယ္။ မီထ႐ိုဗစ္ရဲ႕ဂိုးေၾကာင့္ ပထမပိုင္းမွာ ၁-၀ ဂိုးနဲ႔ရႈံးနိမ့္ေနတဲ့ ႀကိဳးၾကာနီေတြဟာ ဒုတိယပိုင္းမွာ ဒါဝင္ႏူနက္ဇ္ဝင္လာမွ

ေခ်ပဂိုးရခဲ့တာပါ။ ဒါေပမဲ့ ဗန္ဒိုက္ေၾကာင့္ ပင္နယ္တီေပးလိုက္ရၿပီး မီထ႐ိုဗစ္ကပဲ အမွားအယြင္းမရွိသြင္းယူသြားခဲ့ျပန္ပါတယ္။ မိနစ္ ၈၀ ေရာက္မွ ႏူနက္ဇ္ဖန္တီးေပးတာကို

ဆာလက္ကသြင္းယူႏိုင္ခဲ့တာေၾကာင့္ တစ္မွတ္ရခဲ့တာပါ။ ဒါေပမဲ့ ဂ်ာဂင္ကေလာ့ပ္ကေတာ့ “ တကယ့္ကိုဆိုး႐ြားတဲ့ပြဲပါပဲ။ အဲဒါ ဘယ္လိုျဖစ္ႏိုင္မွာလဲ။ ကြၽန္ေတာ္တို႔ဟာ

ပြဲစကတည္းက စိတ္ပိုင္းဆိုင္ရာ မမွန္ခဲ့ပါဘူး။ ၁၅ မိနစ္ေက်ာ္မွ တုံ႔ျပန္ႏိုင္ဖို႔ႀကိဳးစားခဲ့ရတယ္။ ကြင္းျမက္ခင္းကလည္း ေျခာက္ေသြ႕ေနတယ္။ ဒီလိုမ်ိဳးေပါ့။ တကယ္ခက္ပါတယ္ ” လို႔ BT Sport ႐ုပ္သံကို ေျပာသြားခဲ့တာပါ။

အသင္းရလဒ္မေကာင္းရင္ ကိုဗစ္၊ ရာသီဥတုနဲ႔ ပရိသတ္ စတဲ့ ဆင္ေျခေတြ တစ္မ်ိဳးမဟုတ္တစ္မ်ိဳးေပးခဲ့ဖူးတဲ့ ဂ်ာမန္သားဟာ အခုေတာ့ ကြင္းျမက္ခင္းကိုလႊဲခ်လာျပန္တာေၾကာင့္ စကားေတာင္စား ေမာ္ရင္ညိဳနဲ႔ႏႈိင္းေနၾကတာျဖစ္ပါတယ္။