ကွင်းခြောက်လို့ သရေကျတာဆိုတဲ့ ဂျာဂင်ကလော့ပ်ကို ရေတွေဖြန်းပြပြီး ဖူလ်ဟမ်လှောင်ပြောင်

ဖူလ်ဟမ်ရဲ့ကရာဗန်ကော့တေ့ချ်ကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့တဲ့နောက် လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်က ကွင်းမြက်ခင်းတွေကို အကြောင်းပြခဲ့ပါတယ်။ “ တကယ့်ကို ဆိုးရွားတဲ့ပွဲပါ။

ဘယ်လိုများဖြစ်ရတာလဲ။ အစကတည်းက သဘောထားမမှန်ပါဘူး။ ၁၅ မိနစ်နောက်ပိုင်းမှ ကျွန်တော်တို့ တုံ့ပြန်နိုင်ခဲ့တယ်။ ကွင်းမြက်ခင်းကလည်း ခြောက်သွေ့ပြီး ဒီလိုမျိုးဖြစ်နေတယ်။

တကယ့်ကို ခက်ခဲ့ပါတယ် ” လို့ ဂျာမန်သားက ပြောခဲ့တာပါ။ ဒီစကားကြောင့် လီဗာပူးလ်နည်းပြဟာ ဝေဖန်မှုတွေခံခဲ့ရသလို အခုလည်း ဖူလ်ဟမ်အသင်းက တွစ်တာမှာ

ပုံတင်ပြီးလှောင်ပြောင်လိုက်တာဖြစ်ပါတယ်။ မြက်ခင်းရေဖြန်းပိုက်တွေအများကြီးနဲ့ သူတို့ကွင်းကိုရေဖြန်းနေပုံ လန်ဒန်အနောက်ပိုင်းကလပ်က တင်ခဲ့တာပါ။ ဒါ့အပြင် “ မနေ့က

ကရာဗန်ကော့တေ့ချ်ကွင်း မြက်ခင်းပြင်တွေဟာ စိမ်းလန်းစိုပြည်နေပုံရပါတယ် ” လို့လည်း ရေးထားပါတယ်။ ရေပုံအီမိုဂျီတွေပါသုံးပြီး ဂျာမန်သားကို လှောင်ပြောင်လိုက်တာပါ။

ဖူလ်ဟမ်ရဲ့အမိုက်စားတွစ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားတဲ့နောက် “ ဟားဟားဟား .. ဟုတ်တယ် ကောင်လေးတွေရေ သိပ်မခြောက်ဘူး ” ၊ “ ၁၀/၁၀ ပဲ။ ဒါကို တွစ်ကြပါ ”

စတဲ့မှတ်ချက်တွေနဲ့ ပရိသတ်တွေက တုံ့ပြန်ခဲ့ကြပါတယ်။ ရာသီအဖွင့်မှာ တာထွက်ကောင်းခဲ့တဲ့ ဖူလ်ဟမ်ဟာ လာမယ့်သီတင်းပတ်မှာ ဝုဗ်နဲ့အဝေးကွင်းပွဲစဉ်ကစားရမှာဖြစ်ပြီး လီဗာပူးလ်ကတော့ ပဲလေ့စ်နဲ့အိမ်ကွင်းပွဲစဉ် ကစားရမှာပါ။

(ZAWGYI)

ဖူလ္ဟမ္ရဲ႕ကရာဗန္ေကာ့ေတ့ခ်္ကြင္းမွာ ၂ ဂိုးစီ သေရက်ခဲ့တဲ့ေနာက္ လီဗာပူးလ္နည္းျပဂ်ာဂင္ကေလာ့ပ္က ကြင္းျမက္ခင္းေတြကို အေၾကာင္းျပခဲ့ပါတယ္။ “ တကယ့္ကို ဆိုး႐ြားတဲ့ပြဲပါ။

ဘယ္လိုမ်ားျဖစ္ရတာလဲ။ အစကတည္းက သေဘာထားမမွန္ပါဘူး။ ၁၅ မိနစ္ေနာက္ပိုင္းမွ ကြၽန္ေတာ္တို႔ တုံ႔ျပန္ႏိုင္ခဲ့တယ္။ ကြင္းျမက္ခင္းကလည္း ေျခာက္ေသြ႕ၿပီး ဒီလိုမ်ိဳးျဖစ္ေနတယ္။

တကယ့္ကို ခက္ခဲ့ပါတယ္ ” လို႔ ဂ်ာမန္သားက ေျပာခဲ့တာပါ။ ဒီစကားေၾကာင့္ လီဗာပူးလ္နည္းျပဟာ ေဝဖန္မႈေတြခံခဲ့ရသလို အခုလည္း ဖူလ္ဟမ္အသင္းက တြစ္တာမွာ ပုံတင္ၿပီးေလွာင္ေျပာင္လိုက္တာျဖစ္ပါတယ္။

ျမက္ခင္းေရျဖန္းပိုက္ေတြအမ်ားႀကီးနဲ႔ သူတို႔ကြင္းကိုေရျဖန္းေနပုံ လန္ဒန္အေနာက္ပိုင္းကလပ္က တင္ခဲ့တာပါ။ ဒါ့အျပင္ “ မေန႔က ကရာဗန္ေကာ့ေတ့ခ်္ကြင္း ျမက္ခင္းျပင္ေတြဟာ

စိမ္းလန္းစိုျပည္ေနပုံရပါတယ္ ” လို႔လည္း ေရးထားပါတယ္။ ေရပုံအီမိုဂ်ီေတြပါသုံးၿပီး ဂ်ာမန္သားကို ေလွာင္ေျပာင္လိုက္တာပါ။ ဖူလ္ဟမ္ရဲ႕အမိုက္စားတြစ္ဟာ ဆိုရွယ္မီဒီယာေပၚမွာ

ပ်ံ႕ႏွံ႔သြားတဲ့ေနာက္  “ ဟားဟားဟား .. ဟုတ္တယ္ ေကာင္ေလးေတြေရ သိပ္မေျခာက္ဘူး ” ၊ “ ၁၀/၁၀ ပဲ။ ဒါကို တြစ္ၾကပါ ” စတဲ့မွတ္ခ်က္ေတြနဲ႔ ပရိသတ္ေတြက တုံ႔ျပန္ခဲ့ၾကပါတယ္။

ရာသီအဖြင့္မွာ တာထြက္ေကာင္းခဲ့တဲ့ ဖူလ္ဟမ္ဟာ လာမယ့္သီတင္းပတ္မွာ ဝုဗ္နဲ႔အေဝးကြင္းပြဲစဥ္ကစားရမွာျဖစ္ၿပီး လီဗာပူးလ္ကေတာ့ ပဲေလ့စ္နဲ႔အိမ္ကြင္းပြဲစဥ္ ကစားရမွာပါ။