” ကြံ့ခိုင်မှုအပြည့်နဲ့ နိုင်ငံအတွက် အကျိုးပြုနိုင်ဦးမယ်ဆိုရင် ကျွန်တော်ဆက်ကစားနေဦးမှာပါ ” အီဘရာဟီမိုဗစ်

ဆွီဒင်အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီးအီဘရာဟီမိုဗစ်ဟာ သူ့အသင်း

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့ပေမယ့် လက်ရွေးစင်

ကစားသမားဘဝကနေ အနားယူဖို့မရှိသေးဘူးလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဆွီဒင်အသင်းဟာ အင်္ဂါနေ့က ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play off ပွဲအဖြစ်

ပိုလန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လီဝန်ဒေါစကီး၊ ဇီလင်စကီးတို့ရဲ့ဂိုးတွေကြောင့်

(၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း တတိယအကြိမ်မြောက်

ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့တဲ့မှတ်တမ်းပိုင်ဆိုင်ခဲ့ရပါတယ်။

အဲဒီပွဲမှာ အီဘရာဟီမိုဗစ်ဟာ ပွဲချိန်(၇၉)မိနစ်မှာ လူစားဝင်ကစားခဲ့ပေမယ့်

ပွဲရလဒ်အပြောင်းအလဲဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

လာမယ့်အောက်တိုဘာလမှာ အသက်(၄၁)နှစ်ပြည့်မယ့် အီဘရာဟီမိုဗစ်အနေနဲ့

နိုင်ငံအသင်းကနေအနားယူဖို့ရှိနေပြီဆိုတဲ့ ခန့်မှန်းသတင်းတွေထွက်ပေါ်နေပေမယ့်

သူကတော့ ကြံ့ခိုင်မှုရှိနေသမျှကာလပတ်လုံး လက်ရွေးစင်အသင်းအတွက်

ကစားသွားမယ်လို့ ဆိုခဲ့ပါတယ်။ မီဒီယာတွေက ပိုလန်နဲ့ပွဲဟာ လက်ရွေးစင်

ကစားသမားဘဝနောက်ဆုံးပွဲဖြစ်လာမှာလားလို့မေးမြန်းခဲ့တော့

အီဘရာဟီမိုဗစ်က “အခုအချိန်မှာတော့ No လို့ပဲဖြေရမှာပါ။

ပိုလန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ကစားသမားတွေ စိတ်ပျက်ဝမ်းနည်းနေကြပြီး

ဒါက ကိုယ့်အသင်းရှုံးပွဲကြုံရင်ဖြစ်လေ့ဖြစ်ထရှိတာမျိုးပါပဲ။

ကစားသမားတိုင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကစားလိုကြပြီး ပြိုင်ပွဲအတွေ့အကြုံ

ရယူလိုပေမယ့် ကံဆိုးစွာနဲ့ပဲ ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်ကတော့

ကြံ့ခိုင်မှုပြည့်ဝပြီး ဘောလုံးဆက်ကစားနိုင်ဦးမယ်၊ အသင်းအတွက်

အကျိုးပြုနိုင်ဦးမယ်ဆိုရင် လက်ရွေးစင်အသင်းမှာ ဆက်ကစားသွားမှာပါ”လို့

ပြောကြားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ကစတင်လို့ ဆွီဒင်အသင်းအတွက်

ပါဝင်ကစားခဲ့သူ အီဘရာဟီမိုဗစ်ဟာ ပွဲပေါင်း(၁၂၁)ပွဲကစား၊

(၆၂)ဂိုးသွင်းယူထားပြီး လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ကြိမ်၊

ယူရိုပြိုင်ပွဲ(၃)ကြိမ်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

zawgyi

” ႀကံ့ခိုင္မႈအျပည့္နဲ႔ ႏိုင္ငံအတြက္ အက်ိဳးျပဳႏိုင္ဦးမယ္ဆိုရင္ ကြၽန္ေတာ္ဆက္ကစားေနဦးမွာပါ ” အီဘရာဟီမိုဗစ္

ဆြီဒင္အသင္းရဲ႕ဝါရင့္တိုက္စစ္မႉးႀကီးအီဘရာဟီမိုဗစ္ဟာ သူ႔အသင္း

၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ မေအာင္ခဲ့ေပမယ့္ လက္ေ႐ြးစင္

ကစားသမားဘဝကေန အနားယူဖို႔မရွိေသးဘူးလို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ဆြီဒင္အသင္းဟာ အဂၤါေန႔က ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ Play off ပြဲအျဖစ္

ပိုလန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ လီဝန္ေဒါစကီး၊ ဇီလင္စကီးတို႔ရဲ႕ဂိုးေတြေၾကာင့္

(၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း တတိယအႀကိမ္ေျမာက္

ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ခဲ့တဲ့မွတ္တမ္းပိုင္ဆိုင္ခဲ့ရပါတယ္။

အဲဒီပြဲမွာ အီဘရာဟီမိုဗစ္ဟာ ပြဲခ်ိန္(၇၉)မိနစ္မွာ လူစားဝင္ကစားခဲ့ေပမယ့္

ပြဲရလဒ္အေျပာင္းအလဲျဖစ္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

လာမယ့္ေအာက္တိုဘာလမွာ အသက္(၄၁)ႏွစ္ျပည့္မယ့္ အီဘရာဟီမိုဗစ္အေနနဲ႔

ႏိုင္ငံအသင္းကေနအနားယူဖို႔ရွိေနၿပီဆိုတဲ့ ခန႔္မွန္းသတင္းေတြထြက္ေပၚေနေပမယ့္

သူကေတာ့ ႀကံ့ခိုင္မႈရွိေနသမွ်ကာလပတ္လုံး လက္ေ႐ြးစင္အသင္းအတြက္

ကစားသြားမယ္လို႔ ဆိုခဲ့ပါတယ္။ မီဒီယာေတြက ပိုလန္နဲ႔ပြဲဟာ လက္ေ႐ြးစင္

ကစားသမားဘဝေနာက္ဆုံးပြဲျဖစ္လာမွာလားလို႔ေမးျမန္းခဲ့ေတာ့

အီဘရာဟီမိုဗစ္က “အခုအခ်ိန္မွာေတာ့ No လို႔ပဲေျဖရမွာပါ။

ပိုလန္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ကစားသမားေတြ စိတ္ပ်က္ဝမ္းနည္းေနၾကၿပီး

ဒါက ကိုယ့္အသင္းရႈံးပြဲႀကဳံရင္ျဖစ္ေလ့ျဖစ္ထရွိတာမ်ိဳးပါပဲ။

ကစားသမားတိုင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကစားလိုၾကၿပီး ၿပိဳင္ပြဲအေတြ႕အႀကဳံ

ရယူလိုေပမယ့္ ကံဆိုးစြာနဲ႔ပဲ ျဖစ္မလာခဲ့ပါဘူး။ ကြၽန္ေတာ္ကေတာ့

ႀကံ့ခိုင္မႈျပည့္ဝၿပီး ေဘာလုံးဆက္ကစားႏိုင္ဦးမယ္၊ အသင္းအတြက္

အက်ိဳးျပဳႏိုင္ဦးမယ္ဆိုရင္ လက္ေ႐ြးစင္အသင္းမွာ ဆက္ကစားသြားမွာပါ”လို႔

ေျပာၾကားခဲ့ပါတယ္။ ၂၀၀၁ ခုႏွစ္ကစတင္လို႔ ဆြီဒင္အသင္းအတြက္

ပါဝင္ကစားခဲ့သူ အီဘရာဟီမိုဗစ္ဟာ ပြဲေပါင္း(၁၂၁)ပြဲကစား၊

(၆၂)ဂိုးသြင္းယူထားၿပီး လက္ေ႐ြးစင္အသင္းနဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲ(၂)ႀကိမ္၊

ယူ႐ိုၿပိဳင္ပြဲ(၃)ႀကိမ္ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*