ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်ပေမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားမှာမဟုတ်တဲ့ ဘန်ဇီမာ

ပြင်သစ်ဝါရင့်တိုက်စစ်မှူးဘန်ဇီမာဟာ နည်းပြဒက်စ်ချမ့်စ်နဲ့ ဆက်ဆံရေးအဆင်

မပြေခဲ့တာကြောင့် လာမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ အနေအထား
မရှိပါဘူး။

ဘန်ဇီမာဟာ ပြင်သစ်အသင်းအုပ်စုအဖွင့်ပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်မှာ
ပေါင်ဒဏ်ရာရရှိခဲ့တာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့
လွဲချော်ခဲ့ပါတယ်။ အခုအချိန်မှာ ဘန်ဇီမာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီ
ဖြစ်သလို ရီးယဲလ်အသင်းရဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နည်းပြဒက်စ်ချမ့်စ်က ဘန်ဇီမာရဲ့နေရာမှာ ကစားသမားတစ်ဦးကို
အစားထိုး ရွေးချယ်တာ မရှိတဲ့အတွက် လာမယ့်ဗိုလ်လုပွဲကျရင် ဘန်ဇီမာ
ပါဝင်ကစားဖို့ ပြင်သစ်ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့လည်း ဘန်ဇီမာဟာ သူ ဒဏ်ရာရသွားချိန်မှာ ချက်ချင်း အိမ်ပြန်ပို့ခဲ့တဲ့
ဒက်စ်ချမ့်စ်ကို မကျေမနပ်ဖြစ်နေသလို မကြာသေးခင်က သတင်းစာရှင်းလင်း

ပွဲတုန်းက ဒက်စ်ချမ့်စ်ရဲ့ ပြောစကားအပေါ် ဒေါသထွက်နေတယ်လို့ စပိန်
အွန်လိုင်းသတင်းစာဖြစ်တဲ့ Libertad Digital က ဖော်ပြခဲ့ပါတယ်။

ကြာသပတေးနေ့က ပြင်သစ်အသင်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်က
ဗိုလ်လုပွဲကျရင် ဘန်ဇီမာ ပါဝင်ကစားနိုင်မှာလားဆိုပြီး မေးခွန်းထုတ်ခဲ့တော့
ဒက်စ်ချမ့်စ်က မပြောချင်ပြောချင်ပုံစံနဲ့ “အဲဒီမေးခွန်းကို ကျွန်တော် မဖြေချင်ပါဘူး။
နောက်မေးခွန်း ဆက်မေးပါ”လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီအတွက်လည်း ဘန်ဇီမာက ဒက်စ်ချမ့်စ်ကို စိတ်ဆိုးနေပြီး သူကလည်း ကမ္ဘာ့ဖလား
ဗိုလ်လုပွဲမှာ ပါဝင်ကစားဖို့ ဆန္ဒမရှိဘူးဆိုတာ သိအောင်လို့ သူ့ Instagram မှာ
‘ကျွန်တော် စိတ်မဝင်စားပါဘူး (‘I’m not interested.’)’ဆိုပြီး Post တင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ နည်းပြဒက်စ်ချမ့်စ်က ဗိုလ်လုပွဲကျရင် ဘန်ဇီမာ ပါဝင်ကစားမှာ
မဟုတ်ဘူးဆိုတာ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒက်စ်ချမ့်စ်က “အသင်းရဲ့ ကစားသမားတချို့
ဒဏ်ရာရရှိနေပြီး ဘန်ဇီမာလည်း အပါအဝင်ဖြစ်သလို လူးကပ်စ်ဟာနန်ဒက်ဇ်ကလည်း
အုပ်စုအဖွင့်ပွဲမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလောလောဆယ် အသင်းမှာ ကစားသမား
(၂၄)ဦးရှိနေပြီး မနက်ဖြန်ကစားမယ့်ဗိုလ်လုပွဲကျရင် သူတို့ကိုပဲ ကျွန်တော် အသုံးပြုသွားမှာပါ။
အသင်းနဲ့အတူ မရှိတော့တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာက

အသင်းမှာရှိနေတဲ့ ကစားသမားတွေအပေါ် တရားမျှတမှုမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်”
လို့ဖြေကြားခဲ့ပါတယ်။

[Zawgyi]

ျပင္သစ္ဝါရင့္တိုက္စစ္မႉးဘန္ဇီမာဟာ နည္းျပဒက္စ္ခ်မ့္စ္နဲ႔ ဆက္ဆံေရးအဆင္
မေျပခဲ့တာေၾကာင့္ လာမယ့္ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ပါဝင္ကစားဖို႔ အေနအထား
မရွိပါဘူး။

ဘန္ဇီမာဟာ ျပင္သစ္အသင္းအုပ္စုအဖြင့္ပြဲမတိုင္ခင္ ေလ့က်င့္ခန္းအစီအစဥ္မွာ
ေပါင္ဒဏ္ရာရရွိခဲ့တာေၾကာင့္ လူစာရင္းကေန ႏုတ္ထြက္ခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔
လြဲေခ်ာ္ခဲ့ပါတယ္။ အခုအခ်ိန္မွာ ဘန္ဇီမာဟာ ဒဏ္ရာကေန ျပန္သက္သာလာၿပီ
ျဖစ္သလို ရီးယဲလ္အသင္းရဲ႕ ေျခစမ္းပြဲမွာ ပါဝင္ကစားႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ နည္းျပဒက္စ္ခ်မ့္စ္က ဘန္ဇီမာရဲ႕ေနရာမွာ ကစားသမားတစ္ဦးကို
အစားထိုး ေ႐ြးခ်ယ္တာ မရွိတဲ့အတြက္ လာမယ့္ဗိုလ္လုပြဲက်ရင္ ဘန္ဇီမာ

ပါဝင္ကစားဖို႔ ျပင္သစ္ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

ဒါေပမဲ့လည္း ဘန္ဇီမာဟာ သူ ဒဏ္ရာရသြားခ်ိန္မွာ ခ်က္ခ်င္း အိမ္ျပန္ပို႔ခဲ့တဲ့

ဒက္စ္ခ်မ့္စ္ကို မေက်မနပ္ျဖစ္ေနသလို မၾကာေသးခင္က သတင္းစာရွင္းလင္း
ပြဲတုန္းက ဒက္စ္ခ်မ့္စ္ရဲ႕ ေျပာစကားအေပၚ ေဒါသထြက္ေနတယ္လို႔ စပိန္
အြန္လိုင္းသတင္းစာျဖစ္တဲ့ Libertad Digital က ေဖာ္ျပခဲ့ပါတယ္။

ၾကာသပေတးေန႔က ျပင္သစ္အသင္းရဲ႕ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္က
ဗိုလ္လုပြဲက်ရင္ ဘန္ဇီမာ ပါဝင္ကစားႏိုင္မွာလားဆိုၿပီး ေမးခြန္းထုတ္ခဲ့ေတာ့
ဒက္စ္ခ်မ့္စ္က မေျပာခ်င္ေျပာခ်င္ပုံစံနဲ႔ “အဲဒီေမးခြန္းကို ကြၽန္ေတာ္ မေျဖခ်င္ပါဘူး။
ေနာက္ေမးခြန္း ဆက္ေမးပါ”လို႔ ျပန္ေျဖခဲ့ပါတယ္။

အဲဒီအတြက္လည္း ဘန္ဇီမာက ဒက္စ္ခ်မ့္စ္ကို စိတ္ဆိုးေနၿပီး သူကလည္း ကမာၻ႔ဖလား
ဗိုလ္လုပြဲမွာ ပါဝင္ကစားဖို႔ ဆႏၵမရွိဘူးဆိုတာ သိေအာင္လို႔ သူ႔ Instagram မွာ

‘ကြၽန္ေတာ္ စိတ္မဝင္စားပါဘူး (‘I’m not interested.’)’ဆိုၿပီး Post တင္ခဲ့ပါတယ္။
အခုအခ်ိန္မွာေတာ့ နည္းျပဒက္စ္ခ်မ့္စ္က ဗိုလ္လုပြဲက်ရင္ ဘန္ဇီမာ ပါဝင္ကစားမွာ
မဟုတ္ဘူးဆိုတာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဒီေန႔ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ဒက္စ္ခ်မ့္စ္က “အသင္းရဲ႕ ကစားသမားတခ်ိဳ႕
ဒဏ္ရာရရွိေနၿပီး ဘန္ဇီမာလည္း အပါအဝင္ျဖစ္သလို လူးကပ္စ္ဟာနန္ဒက္ဇ္ကလည္း
အုပ္စုအဖြင့္ပြဲမွာ ဒဏ္ရာရရွိခဲ့ပါတယ္။ အခုေလာေလာဆယ္ အသင္းမွာ ကစားသမား
(၂၄)ဦးရွိေနၿပီး မနက္ျဖန္ကစားမယ့္ဗိုလ္လုပြဲက်ရင္ သူတို႔ကိုပဲ ကြၽန္ေတာ္ အသုံးျပဳသြားမွာပါ။

အသင္းနဲ႔အတူ မရွိေတာ့တဲ့ကစားသမားေတြနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္တာက
အသင္းမွာရွိေနတဲ့ ကစားသမားေတြအေပၚ တရားမွ်တမႈမရွိဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္”
လို႔ေျဖၾကားခဲ့ပါတယ္။