ကြိုးကြာနီ တိုက်စစ်ကစားသမားကို ယူနိုက်တက်တို့ ခေါ်ယူသင့်တယ်

ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ကလီဘာဆန်က

လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးအသင်းရဲ့ အဓိက

တိုက်စစ်ကစားသမား ဖာမီနိုကို အရခေါ်ယူသွားဖို့ သူ့ရဲ့ အသင်းဟောင်းကို

တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက်ရဲ့ လက်ရှိကစားဟန်က အဆိုပါ

ဝါရင့် ဘရားဇီးကစားသမားနဲ့ လိုက်လျောညီထွေမှုရှိတယ်လို့ သူက

ယူဆထားပါတယ်။ “ဖာမီနိုရဲ့ကစားဟန်က ယူနိုက်တက်နဲ့ဆို ကွက်တိပဲ။

အထူးသဖြင့် လီဗာပူးမှာကစားနေတဲ့ပုံစံမျိုးပေါ့။ ဘရာဇီးအသင်းအတွက်ဆိုရင်တော့

သူက ရှေ့တန်းလိုင်းမှာ ကစားပေမယ့် လီဗာပူးမှာတော့ နောက်အထိ ဆင်းကူတယ်။

ယူနိုက်တက်အနေနဲ့ အပြောင်းအလဲတစ်ခုကိုလုပ်မယ်ဆိုရင် ဖာမီနိုက

ဒါကိုကူညီပေးနိုင်မယ့် ကစားသမားကောင်းတစ်ယောက်ပါ။

အထူသဖြင့် တောင်ပံမှာ ရက်ဖို့ဒ်၊ဆန်ချိုတို့နဲ့ တွဲဖက်ကစားမယ်ဆိုရင်ပေါ့။

အသင်းတိုက်စစ်ကစားချိန်မှာ ဖာမီနိုဟာ ဒီကစားသမားတွေကို

နေရာလွတ်တွေ ကောင်းကောင်းဖန်တီးပေးနိုင်ပါလိမ့်မယ်။

ဒါကပဲ ယူနိုက်တက်စောင့်ကြည့်သင့်တဲ့ ကစားသမားပုံစံမျိုးပါ။

ဖာမီနိုလို အရည်အသွေးရှိတဲ့ ကစားသမားမျိုးကသာ အသင်းအတွက်

သက်တောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်တယ်။

သူက ကစားသမားကောင်းဖြစ်သလို ယူနိုက်တက်အတွက် အသင့်တော်ဆုံးနဲ့

အကောင်းဆုံးလက်မှတ်ရေးထိုးမှု ဖြစ်စေပါလိမ့်မယ်”ဟုကလီဘာဆန်က

ပြောပါတယ်။ ဖာမီနိုဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့

တစ်နှစ်အောက်သာလိုတော့တာဖြစ်ပြီး ကစားသမားအသစ်တွေဖြစ်တဲ့

ဒီယိုဂို ဂျိုတာ ၊ ရူဘင်ဒိုင်ရက်ဇ်တို့ ခြေစွမ်းပြနေမှုကြောင့် အသင်းမှာ

ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူလည်းဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးတိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်တွင်

ဟော့ဖန်ဟိမ်းအသင်းမှ လီဗာပူးအသင်းသို့ ပေါင် ၂၉ သန်းဖြင့်

ပြောင်းရွှေ့လာခဲ့ပြီးနောက် အန်ဖီးလ်ကလပ်အတွက်

၃၁၈ ပွဲ ကစား၊ ၉၆ ဂိုးသွင်းယူခဲ့သလို လီဗာပူးအသင်းနှင့်အတူ

အဓိကဆုဖလား ၅ ခု ရရှိထားပါတယ်။

zawgyi

ႀကိဳးၾကာနီ တိုက္စစ္ကစားသမားကို ယူႏိုက္တက္တို႔ ေခၚယူသင့္တယ္

ယူႏိုက္တက္ ကြင္းလယ္ကစားသမားေဟာင္းျဖစ္တဲ့ ကလီဘာဆန္က

လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ လီဗာပူးအသင္းရဲ႕ အဓိက

တိုက္စစ္ကစားသမား ဖာမီႏိုကို အရေခၚယူသြားဖို႔ သူ႔ရဲ႕ အသင္းေဟာင္းကို

တိုက္တြန္းလိုက္ပါတယ္။ ယူႏိုက္တက္ရဲ႕ လက္ရွိကစားဟန္က အဆိုပါ

ဝါရင့္ ဘရားဇီးကစားသမားနဲ႔ လိုက္ေလ်ာညီေထြမႈရွိတယ္လို႔ သူက

ယူဆထားပါတယ္။ “ဖာမီႏိုရဲ႕ကစားဟန္က ယူႏိုက္တက္နဲ႔ဆို ကြက္တိပဲ။

အထူးသျဖင့္ လီဗာပူးမွာကစားေနတဲ့ပုံစံမ်ိဳးေပါ့။ ဘရာဇီးအသင္းအတြက္ဆိုရင္ေတာ့

သူက ေရွ႕တန္းလိုင္းမွာ ကစားေပမယ့္ လီဗာပူးမွာေတာ့ ေနာက္အထိ ဆင္းကူတယ္။

ယူႏိုက္တက္အေနနဲ႔ အေျပာင္းအလဲတစ္ခုကိုလုပ္မယ္ဆိုရင္ ဖာမီႏိုက

ဒါကိုကူညီေပးႏိုင္မယ့္ ကစားသမားေကာင္းတစ္ေယာက္ပါ။

အထူသျဖင့္ ေတာင္ပံမွာ ရက္ဖို႔ဒ္၊ဆန္ခ်ိဳတို႔နဲ႔ တြဲဖက္ကစားမယ္ဆိုရင္ေပါ့။

အသင္းတိုက္စစ္ကစားခ်ိန္မွာ ဖာမီႏိုဟာ ဒီကစားသမားေတြကို

ေနရာလြတ္ေတြ ေကာင္းေကာင္းဖန္တီးေပးႏိုင္ပါလိမ့္မယ္။

ဒါကပဲ ယူႏိုက္တက္ေစာင့္ၾကည့္သင့္တဲ့ ကစားသမားပုံစံမ်ိဳးပါ။

ဖာမီႏိုလို အရည္အေသြးရွိတဲ့ ကစားသမားမ်ိဳးကသာ အသင္းအတြက္

သက္ေတာင့္သက္သာျဖစ္ေအာင္ ကူညီေပးႏိုင္တယ္။

သူက ကစားသမားေကာင္းျဖစ္သလို ယူႏိုက္တက္အတြက္ အသင့္ေတာ္ဆုံးနဲ႔

အေကာင္းဆုံးလက္မွတ္ေရးထိုးမႈ ျဖစ္ေစပါလိမ့္မယ္”ဟုကလီဘာဆန္က

ေျပာပါတယ္။ ဖာမီႏိုဟာ လီဗာပူးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔

တစ္ႏွစ္ေအာက္သာလိုေတာ့တာျဖစ္ၿပီး ကစားသမားအသစ္ေတြျဖစ္တဲ့

ဒီယိုဂို ဂ်ိဳတာ ၊ ႐ူဘင္ဒိုင္ရက္ဇ္တို႔ ေျခစြမ္းျပေနမႈေၾကာင့္ အသင္းမွာ

ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနသူလည္းျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ ဘရာဇီးတိုက္စစ္မႉးဟာ ၂၀၁၅ ခုႏွစ္တြင္

ေဟာ့ဖန္ဟိမ္းအသင္းမွ လီဗာပူးအသင္းသို႔ ေပါင္ ၂၉ သန္းျဖင့္

ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ အန္ဖီးလ္ကလပ္အတြက္

၃၁၈ ပြဲ ကစား၊ ၉၆ ဂိုးသြင္းယူခဲ့သလို လီဗာပူးအသင္းႏွင့္အတူ

အဓိကဆုဖလား ၅ ခု ရရွိထားပါတယ္။