
လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းနဲ့
စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ အီဂျစ်နာမည်ကျော်တိုက်စစ်
ကစားသမားဆာလာကိုခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူဆာလာဟာ လီဗာပူးလ်အသင်းနဲ့
လာမယ့်နှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့
ဆွေးနွေးနေပေမယ့် ဆာလာက လစာငွေတိုးမြှင့်ရရှိလိုတာကြောင့်
ဆွေးနွေးမှုကအဆင်မပြေဖြစ်နေပါတယ်။ ဆာလဟာ တစ်ပတ်ကို
ပေါင်(၅၀၀,၀၀၀)အထိအလိုရှိနေပြီး လီဗာပူးလ်အသင်းကတော့
အဲဒီပမာဏအထိပေးဖို့ဆန္ဒမရှိပါဘူး။ ယာဂန်ကလော့ပ်က သူတို့ရဲ့အဓိက,
ကစားသမားဆာလာကို လက်မလွှတ်ရစေဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ဆိုခဲ့ပေမယ့်
ဆာလာရဲ့အေးဂျင့်ဖြစ်သူရမ်မီအက်ဘက်စ်က စာချုပ်သစ်ကိစ္စအတွက်
အခုအချိန်အထိ နှစ်ဦးနှစ်ဖက်သဘောတူညီမှုမရသေးဘူးလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အဲဒါကြောင့် ဘာစီလိုနာအသင်းက ဆာလာရဲ့အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပြီး
အခွင့်အရေးရလာရင် လာမယ့်နွေရာသီမှာ ဆာလာအတွက်ကမ်းလှမ်းမှုတွေ
စတင်ပြုလုပ်သွားဖို့ရှိနေတယ်လို့ စပိန်သတင်းစာ Mundo Deportivo ကဖော်ပြခဲ့ပါတယ်။
ဆာလာဟာ ဘာစီလိုနာအသင်းရဲ့ဦးစားပေးပစ်မှတ်မဟုတ်ပေမယ့်
လီဗာပူးလ်နဲ့သာစာချုပ်သစ်မချုပ်ဖြစ်ရင် ကြိုးပမ်းသွားမှာဖြစ်ပြီး
ဘာစီလိုနာရဲ့အဓိကပစ်မှတ်က ဒေ့ါမွန်တိုက်စစ်မှူးဟာလန်းပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဟာလန်းက မန်စီးတီးအသင်းကိုပြောင်းဖို့နီးစပ်နေတာကြောင့်
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ပစ်မှတ်တွေထဲမှာ ဆာလာကိုထည့်သွားထားတာပါ။
ဒ့ါအပြင် ဘာစီလိုနာနည်းပြဇာဗီဟာ ဆာလာရဲ့စွမ်းဆောင်ရည်ကို
နှစ်သက်သဘောကျနေပြီး အသင်းမှာ No 9 အဖြစ်ကစားနိုင်မယ်လို့
ယုံကြည်နေတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ရိုးမားကနေ လီဗာပူးလ်
အသင်းဆီရောက်ရှိခဲ့တဲ့ ဆာလာဟာ အသင်းကိုရောက်ချိန်ကစလို့
တောက်လျှောက်ခြေစွမ်းပြဂိုးတွေသွင်းယူနေပြီး ဒီရာသီမှာလည်း
ပြိုင်ပွဲစုံ(၃၆)ပွဲကစား၊ (၂၈)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၀)ကြိမ်ပြုလုပ်ထားပါတယ်။
zawgyi
ႀကိဳးၾကာနီနဲ႔ စာခ်ဳပ္သစ္အဆင္မေျပျဖစ္ေနတဲ့ ဆာလာကို ဘာကာ ေခၚယူမယ္
လာလီဂါထိပ္သီး ဘာစီလိုနာအသင္းဟာ လီဗာပူးလ္အသင္းနဲ႔
စာခ်ဳပ္သက္တမ္းတိုးဖို႔ ၾကန႔္ၾကာေနတဲ့ အီဂ်စ္နာမည္ေက်ာ္တိုက္စစ္
ကစားသမားဆာလာကိုေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။
အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူဆာလာဟာ လီဗာပူးလ္အသင္းနဲ႔
လာမယ့္ႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔
ေဆြးေႏြးေနေပမယ့္ ဆာလာက လစာေငြတိုးျမႇင့္ရရွိလိုတာေၾကာင့္
ေဆြးေႏြးမႈကအဆင္မေျပျဖစ္ေနပါတယ္။ ဆာလဟာ တစ္ပတ္ကို
ေပါင္(၅၀၀,၀၀၀)အထိအလိုရွိေနၿပီး လီဗာပူးလ္အသင္းကေတာ့
အဲဒီပမာဏအထိေပးဖို႔ဆႏၵမရွိပါဘူး။ ယာဂန္ကေလာ့ပ္က သူတို႔ရဲ႕အဓိက,
ကစားသမားဆာလာကို လက္မလႊတ္ရေစဖို႔ အစြမ္းကုန္ႀကိဳးစားမယ္လို႔ဆိုခဲ့ေပမယ့္
ဆာလာရဲ႕ေအးဂ်င့္ျဖစ္သူရမ္မီအက္ဘက္စ္က စာခ်ဳပ္သစ္ကိစၥအတြက္
အခုအခ်ိန္အထိ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီမႈမရေသးဘူးလို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။
အဲဒါေၾကာင့္ ဘာစီလိုနာအသင္းက ဆာလာရဲ႕အေျခအေနကို ေစာင့္ၾကည့္ေနတာျဖစ္ၿပီး
အခြင့္အေရးရလာရင္ လာမယ့္ေႏြရာသီမွာ ဆာလာအတြက္ကမ္းလွမ္းမႈေတြ
စတင္ျပဳလုပ္သြားဖို႔ရွိေနတယ္လို႔ စပိန္သတင္းစာ Mundo Deportivo ကေဖာ္ျပခဲ့ပါတယ္။
ဆာလာဟာ ဘာစီလိုနာအသင္းရဲ႕ဦးစားေပးပစ္မွတ္မဟုတ္ေပမယ့္
လီဗာပူးလ္နဲ႔သာစာခ်ဳပ္သစ္မခ်ဳပ္ျဖစ္ရင္ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး
ဘာစီလိုနာရဲ႕အဓိကပစ္မွတ္က ေဒ့ါမြန္တိုက္စစ္မႉးဟာလန္းပဲျဖစ္ပါတယ္။
ဒါေပမဲ့ ဟာလန္းက မန္စီးတီးအသင္းကိုေျပာင္းဖို႔နီးစပ္ေနတာေၾကာင့္
ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕ပစ္မွတ္ေတြထဲမွာ ဆာလာကိုထည့္သြားထားတာပါ။
ဒ့ါအျပင္ ဘာစီလိုနာနည္းျပဇာဗီဟာ ဆာလာရဲ႕စြမ္းေဆာင္ရည္ကို
ႏွစ္သက္သေဘာက်ေနၿပီး အသင္းမွာ No 9 အျဖစ္ကစားႏိုင္မယ္လို႔
ယုံၾကည္ေနတာျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက ႐ိုးမားကေန လီဗာပူးလ္
အသင္းဆီေရာက္ရွိခဲ့တဲ့ ဆာလာဟာ အသင္းကိုေရာက္ခ်ိန္ကစလို႔
ေတာက္ေလွ်ာက္ေျခစြမ္းျပဂိုးေတြသြင္းယူေနၿပီး ဒီရာသီမွာလည္း
ၿပိဳင္ပြဲစုံ(၃၆)ပြဲကစား၊ (၂၈)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၀)ႀကိမ္ျပဳလုပ္ထားပါတယ္။
Leave a Reply