ကြိုးကြာနီနဲ့ စာချုပ်ကုန်ဆုံးရင် ကိုယ့်နိုင်ငံအသင်းထက် အင်္ဂလန်အသင်းကို နည်းပြလုပ်မယ့်ကလော့ပ်

ဂျာဂင်ကလော့ပ်ဟာ လီဗာပူးနဲ့စာချုပ်သက်တမ်းကုန်ချိန်ရောက်ရင်

ဂျာမန်အသင်းနည်းပြဖြစ်လာဖို့ထက် အင်္ဂလန်အသင်းနည်းပြဖြစ်လာဖို့က

ပိုများကြောင်း နာမည်ကြီးဂျာမန်သတင်းစာ Bild က ဖော်ပြလိုက်ပါတယ်။

ကလော့ပ်ဟာ ၂၀၁၄-၁၅ ရာသီအကုန်မှာ ဒေါ့မန်က ထွက်ခဲ့ပေမယ့်

အကြာကြီးမနားခဲ့ဘဲ အောက်တိုဘာလမှာ ရော်ဂျာနေရာအစားဝင်ပြီး

လီဗာပူးကို ကိုင်တွယ်ခဲ့တာပါ။ အဲဒီကတည်းက သူဟာ ပရီးမီးယားလိဂ်၊

ချန်ပီယံလိဂ်၊ ကာရာဘောင်းနဲ့ ကလပ်ကမ္ဘာ့ဖလားတို့မှာ ဗိုလ်စွဲပြီး

အန်ဖီးလ်မှာ ဂန္ထဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း

ကလော့ပ်ဟာ လီဗာပူးနဲ့ ၂၀၂၄ ထိ စာချုပ်သက်တမ်းရှိထားပြီး

အဲဒါကုန်ဆုံးတာနဲ့ နည်းပြဘဝက ခဏနားမယ့်အကြောင်း ဖွင့်ပြောထားတာပါ။

ဒါပေမဲ့ လီဗာပူးက ထွက်ခွာဖြစ်ခဲ့ရင် သူဟာ ကိုယ့်နိုင်ငံအသင်းထက်

အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ များနေပါတယ်။ ယူရို ၂၀၂၀ အပြီးတုန်းက

ကလော့ပ်ဟာ ဂျိုအာချင်လိုနေရာ အစားဝင်ဖို့ ရေပန်းစားခဲ့ပေမယ့်

ဟန်ဆီဖလစ်ကို မခန့်ခင်အထိ သူ့ကိုယ်သူ့ အဲဒီကနေ ခပ်ဝေးဝေးပဲနေခဲ့တာပါ။

ကလော့ပ်ဟာ အင်္ဂလိပ်ကစားသမားတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး

အထူးသဖြင့် ဟန်ဒါဆန်၊ အာနိုးတို့နဲ့ လွန်စွာရင်းနှီးသူဖြစ်လို့

အင်္ဂလန်နည်းပြဖြစ်လာနိုင်တယ်လို့ Bild က ရေးသားခဲ့ပါတယ်။

တိုက်ဆိုင်ချင်တော့ ပြီးခဲ့တဲ့နိုဝင်ဘာကမှ သက်တမ်းတိုးထားတဲ့

အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့စာချုပ်ကလည်း ၂၀၂၄ မှာ ကုန်ဆုံးမှာပါ။

ကလော့ပ်ဟာ လီဗာပူးကို မြန်နှုန်းမြင့်အသားပေး စိတ်လှုပ်ရှားစရာ

တိုက်စစ်အသားပေးကစားပုံနဲ့ ပြောင်းလဲစေနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ အင်္ဂလန်က နိုငိငံရေးနဲ့လူမှုရေးကိစ္စတွေမှာလည်း

ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ပြောဆိုတတ်တာပါ။

zawgyi

ႀကိဳးၾကာနီနဲ႔ စာခ်ဳပ္ကုန္ဆုံးရင္ ကိုယ့္ႏိုင္ငံအသင္းထက္ အဂၤလန္အသင္းကို နည္းျပလုပ္မယ့္ကေလာ့ပ္

ဂ်ာဂင္ကေလာ့ပ္ဟာ လီဗာပူးနဲ႔စာခ်ဳပ္သက္တမ္းကုန္ခ်ိန္ေရာက္ရင္

ဂ်ာမန္အသင္းနည္းျပျဖစ္လာဖို႔ထက္ အဂၤလန္အသင္းနည္းျပျဖစ္လာဖို႔က

ပိုမ်ားေၾကာင္း နာမည္ႀကီးဂ်ာမန္သတင္းစာ Bild က ေဖာ္ျပလိုက္ပါတယ္။

ကေလာ့ပ္ဟာ ၂၀၁၄-၁၅ ရာသီအကုန္မွာ ေဒါ့မန္က ထြက္ခဲ့ေပမယ့္

အၾကာႀကီးမနားခဲ့ဘဲ ေအာက္တိုဘာလမွာ ေရာ္ဂ်ာေနရာအစားဝင္ၿပီး

လီဗာပူးကို ကိုင္တြယ္ခဲ့တာပါ။ အဲဒီကတည္းက သူဟာ ပရီးမီးယားလိဂ္၊

ခ်န္ပီယံလိဂ္၊ ကာရာေဘာင္းနဲ႔ ကလပ္ကမာၻ႔ဖလားတို႔မွာ ဗိုလ္စြဲၿပီး

အန္ဖီးလ္မွာ ဂႏၴဝင္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ လက္ရွိမွာလည္း

ကေလာ့ပ္ဟာ လီဗာပူးနဲ႔ ၂၀၂၄ ထိ စာခ်ဳပ္သက္တမ္းရွိထားၿပီး

အဲဒါကုန္ဆုံးတာနဲ႔ နည္းျပဘဝက ခဏနားမယ့္အေၾကာင္း ဖြင့္ေျပာထားတာပါ။

ဒါေပမဲ့ လီဗာပူးက ထြက္ခြာျဖစ္ခဲ့ရင္ သူဟာ ကိုယ့္ႏိုင္ငံအသင္းထက္

အဂၤလန္အသင္းကို ကိုင္တြယ္ဖို႔ မ်ားေနပါတယ္။ ယူ႐ို ၂၀၂၀ အၿပီးတုန္းက

ကေလာ့ပ္ဟာ ဂ်ိဳအာခ်င္လိုေနရာ အစားဝင္ဖို႔ ေရပန္းစားခဲ့ေပမယ့္

ဟန္ဆီဖလစ္ကို မခန႔္ခင္အထိ သူ႔ကိုယ္သူ႔ အဲဒီကေန ခပ္ေဝးေဝးပဲေနခဲ့တာပါ။

ကေလာ့ပ္ဟာ အဂၤလိပ္ကစားသမားေတြနဲ႔ ခိုင္မာတဲ့ဆက္ဆံေရးရွိၿပီး

အထူးသျဖင့္ ဟန္ဒါဆန္၊ အာႏိုးတို႔နဲ႔ လြန္စြာရင္းႏွီးသူျဖစ္လို႔

အဂၤလန္နည္းျပျဖစ္လာႏိုင္တယ္လို႔ Bild က ေရးသားခဲ့ပါတယ္။

တိုက္ဆိုင္ခ်င္ေတာ့ ၿပီးခဲ့တဲ့ႏိုဝင္ဘာကမွ သက္တမ္းတိုးထားတဲ့

အဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕စာခ်ဳပ္ကလည္း ၂၀၂၄ မွာ ကုန္ဆုံးမွာပါ။

ကေလာ့ပ္ဟာ လီဗာပူးကို ျမန္ႏႈန္းျမင့္အသားေပး စိတ္လႈပ္ရွားစရာ

တိုက္စစ္အသားေပးကစားပုံနဲ႔ ေျပာင္းလဲေစႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါ့အျပင္ သူဟာ အဂၤလန္က ႏိုငိငံေရးနဲ႔လူမႈေရးကိစၥေတြမွာလည္း

ပြင့္ပြင့္လင္းလင္းပဲ ေဝဖန္ေျပာဆိုတတ္တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*