
အာဆင်နယ်အသင်းနည်းပြအာတီတာက ကြားနေပရိသတ်တွေဟာ
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းထက် အာဆင်နယ်ကို
ပိုပြီး ဗိုလ်စွဲစေချင်ကြတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးလက်ထက်
၂၀၀၃-၀၄ ရာသီတုန်းက ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲခဲ့ပြီး
နောက်ပိုင်း ချန်ပီယံဆုနဲ့ဝေးကွာနေတာ နှစ်ပေါင်း(၂၀)နီးပါးကြာမြင့်နေပြီ
ဖြစ်ပြီး ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်
အားကောင်းနေပြီဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက ပြိုင်ဘက်ပရိသတ်တွေဟာ
အာဆင်နယ်ကို ပိုပြီးဗိုလ်စွဲစေချင်ကြတယ်လို့ ယူဆပါသလားဆိုပြီး
မေးမြန်းခဲ့တော့ အာတီတာက “အဲဒါကို ကျွန်တော် လုံး၀ ထောက်ခံပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ ကျွန်တော်တို့ကစားသမားတွေ
ဘယ်လောက်အထိ ကြိုးစားနေလဲဆိုတာ အားလုံးအမြင်ပဲဖြစ်ပြီး အဲဒီအပေါ်
ပရိသတ်တွေကလည်း ကိုယ်ချင်းစာနေကြပါတယ်။ ကျွန်တော်တို့အသင်းဟာ
ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းမဟုတ်ဘဲ အခုအချိန်အထိ အဲဒီအတွေးက
မပြောင်းလဲသေးပါဘူး။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့(၅)နှစ်အတွင်း ပရီးမီးယားလိဂ်ကို လွှမ်းမိုးနိုင်ခဲ့ပြီး
ဒီရာသီမှာလည်း ရာသီအစကတည်းက ဗိုလ်စွဲဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်သွားမှာ
ဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
[Zawgyi]
အာဆင္နယ္အသင္းနည္းျပအာတီတာက ၾကားေနပရိသတ္ေတြဟာ
ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ မန္စီးတီးအသင္းထက္ အာဆင္နယ္ကို
ပိုၿပီး ဗိုလ္စြဲေစခ်င္ၾကတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ဂႏၴဝင္နည္းျပႀကီး အာစင္ဝင္းဂါးလက္ထက္
၂၀၀၃-၀၄ ရာသီတုန္းက ရႈံးပြဲမရွိစံခ်ိန္နဲ႔ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲခဲ့ၿပီး
ေနာက္ပိုင္း ခ်န္ပီယံဆုနဲ႔ေဝးကြာေနတာ ႏွစ္ေပါင္း(၂၀)နီးပါးၾကာျမင့္ေနၿပီ
ျဖစ္ၿပီး ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္
အားေကာင္းေနၿပီျဖစ္ပါတယ္။
သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြက ၿပိဳင္ဘက္ပရိသတ္ေတြဟာ
အာဆင္နယ္ကို ပိုၿပီးဗိုလ္စြဲေစခ်င္ၾကတယ္လို႔ ယူဆပါသလားဆိုၿပီး
ေမးျမန္းခဲ့ေတာ့ အာတီတာက “အဲဒါကို ကြၽန္ေတာ္ လုံး၀ ေထာက္ခံပါတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲႏိုင္ဖို႔ ကြၽန္ေတာ္တို႔ကစားသမားေတြ
ဘယ္ေလာက္အထိ ႀကိဳးစားေနလဲဆိုတာ အားလုံးအျမင္ပဲျဖစ္ၿပီး အဲဒီအေပၚ
ပရိသတ္ေတြကလည္း ကိုယ္ခ်င္းစာေနၾကပါတယ္။ ကြၽန္ေတာ္တို႔အသင္းဟာ
ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့အသင္းမဟုတ္ဘဲ အခုအခ်ိန္အထိ အဲဒီအေတြးက
မေျပာင္းလဲေသးပါဘူး။
မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့(၅)ႏွစ္အတြင္း ပရီးမီးယားလိဂ္ကို လႊမ္းမိုးႏိုင္ခဲ့ၿပီး
ဒီရာသီမွာလည္း ရာသီအစကတည္းက ဗိုလ္စြဲဖို႔ ေရပန္းစားေနတာျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ကေတာ့ ကိုယ္လုပ္စရာရွိတာကို အေကာင္းဆုံးလုပ္သြားမွာ
ျဖစ္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။