
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက အနာဂတ်မှာ ယူနိုက်တက်တိုက်စစ်မှူး
ရော်နယ်ဒိုနဲ့တစ်သင်းတည် တွဲကစားလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ရာသီက ၂၀၂၅ အထိရှိမယ့်စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့်
လက်ရှိအချိန်မှာ ပီအက်စ်ဂျီပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းခံနေရပြီး
အနာဂတ် မသေမချာဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့နွေရာသီက
ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ကနဦး ၂နှစ်စာချုပ်နဲ့
ပြန်လည်ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ်
ပြိုင်ပွဲစုံ ၁၈ဂိုးသွင်းယူထားပေမယ့် အသင်းကတော့ ဖလားလက်မဲ့ရာသီနဲ့
ရင်ဆိုင်နေရပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်နေရပါတယ်။
နေမာဟာ ဘာစီလိုနာမှာ ၄ ရာသီကြာ ကစားခဲ့ပြီးနောက် ၂၀၁၇ မှာ ပီအက်စ်ဂျီကို
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေကြေးနဲ့ ရောက်လာခဲ့သူဖြစ်ပါတယ်။
”ကျွန်တော် ရော်နယ်ဒိုနဲ့ တစ်သင်းတည်းတွဲကစားချင်ပါတယ်။
ကျွန်တော်ဟာ မက်ဆီနဲ့ ဘာပေတို့လို ဂန္ထဝင်ကစားသမားတချို့နဲ့
တွဲကစားဖူးပေမယ့် ရော်နယ်ဒိုနဲ့တော့ တွဲမကစားဖူးသေးပါဘူး”လို့
ဘရာဇီးလက်ရွေးစင် နေမာက ပြောပါတယ်။
အသက် ၃၀ အရွယ်ရှိ နေမာက ကလေးဘဝမှာ စိတ်ကြိုက် ဥရောပကလပ်
အသင်းဆိုတာ မရှိခဲ့ပေမယ့် ကစားသမား တချို့အပေါ် လေးစားအားကျခဲ့တယ်လို့
ဆိုပါတယ်။ ”ဥရောပမှာ ကျွန်တော် အားပေးတဲ့ကလပ်မရှိခဲ့ပေမယ့်
ကြယ်ပွင့်ကစားသမားတွေကြောင့် အဲဒီပွဲတွေကို ကြည့်ဖြစ်ခဲ့ပါတယ်။
ကလေးဘဝမှာတုန်းက ဇီဒန်း၊ လမ်းပတ်၊ ရွန်နီနဲ့ ဂျရတ်တို့ရဲ့ ကစားပုံတွေကို
စောင့်ကြည့်ခဲ့ရတာ ပျော်စရာကောင်းပါတယ်။
သူတို့က ကျွန်တော်သဘောကျတဲ့ ကစားသမားမျိုးတွေပါ”လို့ နေမာက ဆက်ပြောပါတယ်။
zawgyi
” ကြၽန္ေတာ္ ေရာ္နယ္ဒိုနဲ႔ တစ္သင္းတည္းတြဲကစားခ်င္ပါတယ္ ” ေနမာ
ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာက အနာဂတ္မွာ ယူႏိုက္တက္တိုက္စစ္မႉး
ေရာ္နယ္ဒိုနဲ႔တစ္သင္းတည္ တြဲကစားလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ေနမာဟာ ၿပီးခဲ့တဲ့ရာသီက ၂၀၂၅ အထိရွိမယ့္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ေပမယ့္
လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းခံေနရၿပီး
အနာဂတ္ မေသမခ်ာျဖစ္ေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ၿပီးခဲ့တဲ့ေႏြရာသီက
ဂ်ဴဗင္တပ္စ္ကေန ယူႏိုက္တက္ကို ကနဦး ၂ႏွစ္စာခ်ဳပ္နဲ႔
ျပန္လည္ေရာက္ရွိလာတဲ့ ေရာ္နယ္ဒိုဟာ အသင္းရဲ႕ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္
ၿပိဳင္ပြဲစုံ ၁၈ဂိုးသြင္းယူထားေပမယ့္ အသင္းကေတာ့ ဖလားလက္မဲ့ရာသီနဲ႔
ရင္ဆိုင္ေနရၿပီး ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေတာင္ ႐ုန္းကန္ေနရပါတယ္။
ေနမာဟာ ဘာစီလိုနာမွာ ၄ ရာသီၾကာ ကစားခဲ့ၿပီးေနာက္ ၂၀၁၇ မွာ ပီအက္စ္ဂ်ီကို
ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊေၾကးနဲ႔ ေရာက္လာခဲ့သူျဖစ္ပါတယ္။
”ကြၽန္ေတာ္ ေရာ္နယ္ဒိုနဲ႔ တစ္သင္းတည္းတြဲကစားခ်င္ပါတယ္။
ကြၽန္ေတာ္ဟာ မက္ဆီနဲ႔ ဘာေပတို႔လို ဂႏၴဝင္ကစားသမားတခ်ိဳ႕နဲ႔
တြဲကစားဖူးေပမယ့္ ေရာ္နယ္ဒိုနဲ႔ေတာ့ တြဲမကစားဖူးေသးပါဘူး”လို႔
ဘရာဇီးလက္ေ႐ြးစင္ ေနမာက ေျပာပါတယ္။
အသက္ ၃၀ အ႐ြယ္ရွိ ေနမာက ကေလးဘဝမွာ စိတ္ႀကိဳက္ ဥေရာပကလပ္
အသင္းဆိုတာ မရွိခဲ့ေပမယ့္ ကစားသမား တခ်ိဳ႕အေပၚ ေလးစားအားက်ခဲ့တယ္လို႔
ဆိုပါတယ္။ ”ဥေရာပမွာ ကြၽန္ေတာ္ အားေပးတဲ့ကလပ္မရွိခဲ့ေပမယ့္
ၾကယ္ပြင့္ကစားသမားေတြေၾကာင့္ အဲဒီပြဲေတြကို ၾကည့္ျဖစ္ခဲ့ပါတယ္။
ကေလးဘဝမွာတုန္းက ဇီဒန္း၊ လမ္းပတ္၊ ႐ြန္နီနဲ႔ ဂ်ရတ္တို႔ရဲ႕ ကစားပုံေတြကို
ေစာင့္ၾကည့္ခဲ့ရတာ ေပ်ာ္စရာေကာင္းပါတယ္။
သူတို႔က ကြၽန္ေတာ္သေဘာက်တဲ့ ကစားသမားမ်ိဳးေတြပါ”လို႔ ေနမာက ဆက္ေျပာပါတယ္။
Leave a Reply