ကျောင်းတော်ကရန်စ မပြီးသေးဘူးလို့ လူကာကူကို အီဘရာဟီမိုဗစ် သတိပေး

ကြာတော့ကြာခဲ့ပါပြီ။ ဂျူဗင်တပ်မှာ ဇလာတန်အီဘရာဟီမိုဗစ် ကစားခဲ့တုန်းကပေါ့။ စီးရီးအေပွဲစဉ်တစ်ခုမှာ အင်တာမီလန်နောက်ခံလူ မာတာရာဇီရဲ့ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုကို

ဆွီဒင်တိုက်စစ်မှူးခံခဲ့ရတယ်။ ပြီးတော့ အင်တာမီလန်ကို ပြောင်းရွှေ့ချိန်မှာတော့ သူတို့နှစ်ယောက် သူငယ်ချင်းတွေလို အဆင်ပြေခဲ့ကြပါတယ်။ ဒါပေမဲ့ အေစီမီလန်ရောက်သွားပြန်တဲ့

ဆွီဒင်နတ်ဘုရားဟာ မာတာရာဇီကို အံ့အားသင့်စရာကောင်းလောက်အောင် လက်စားချေခဲ့တာပါ။ အီတလီသားကိုဆေးရုံပို့ရတဲ့အထိ တိုက်ကွမ်ဒိုကစ်နဲ့ကန်ခဲ့တဲ့အကြောင်းကိုလည်း

အီဘရာဟီမိုဗစ်က ဒီလိုလက်စားချေဖို့ ၄ နှစ်တောင် စောင့်ခဲ့ရတာလို့ ပွင့်ပွင့်လင်းလင်းပဲဝန်ခံခဲ့ပါတယ်။ တနည်းအားဖြင့် အီဘရာဟီမိုဗစ်ဟာ သူနဲ့ငြိဖူးရင် အကြွေးပြန်ဆပ်ဖို့ ဘယ်တော့မှမမေ့ခဲ့ပါဘူး။

အခုလည်း အင်တာမီလန်ပြန်ရောက်လာတဲ့ လူကာကူကို သူတို့နှစ်ယောက်ကြားကရန်စ မပြီးသေးဘူးလို့ သတိပေးလိုက်ပြန်ပါပြီ။ ဘယ်လ်ဂျီယံတိုက်စစ်မှူးနဲ့ အီဘရာဟီမိုဗစ်ဟာ

ကိုပါအီတာလီယာပွဲစဉ်မှာ ထိပ်တိုက်တွေ့ခဲ့ကြပြီး ဆွီဒင်သား ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ အပြန်အလှန်ရန်ညှိုးဖွဲ့မှုတွေကြောင့် ရှင်းလို့မပြီးနိုင်ဖြစ်ခဲ့ကြပါတယ်။

ဒီအကြောင်းကို Adrenaline ဆိုတဲ့ သူ့ရဲ့ကိုယ်ရေးအတ္ထုပတ္တိစာအုပ်မှာလည်း အီဘရာဟီမိုဗစ်က ပေါ်တင်ပဲရေးခဲ့ပါသေးတယ်။ လူကာကူကို ဗူဒူးမှော်အတတ်သုံးတတ်တဲ့

သူ့မိခင်အကြောင်း အစဆွဲထုတ်ပြီး ရန်စခဲ့တာမှန်ပေမယ့် ဘယ်တော့မှ တောင်းပန်မှာမဟုတ်ဘူးလို့ အီဘရာဟီမိုဗစ်က ဖွင့်ဟထားပါတယ်။

ဒါ့အပြင် သူနဲ့ဆန့်ကျင်ဘက်မှာရှိနေတာကြောင့် လက်စားချေဖို့လည်း မမေ့သေးဘူးလို့ဆိုထားတာဟာ လာမယ့်မီလန်ဒါဘီပွဲတွေကို ပိုပြီးဇာတ်ရှိန်မြင့်သွားစေနိုင်ပါတယ်။

(zawgyi)

ၾကာေတာ့ၾကာခဲ့ပါၿပီ။ ဂ်ဴဗင္တပ္မွာ ဇလာတန္အီဘရာဟီမိုဗစ္ ကစားခဲ့တုန္းကေပါ့။ စီးရီးေအပြဲစဥ္တစ္ခုမွာ အင္တာမီလန္ေနာက္ခံလူ မာတာရာဇီရဲ႕ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မႈကို

ဆြီဒင္တိုက္စစ္မႉးခံခဲ့ရတယ္။ ၿပီးေတာ့ အင္တာမီလန္ကို ေျပာင္းေ႐ႊ႕ခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ သူငယ္ခ်င္းေတြလို အဆင္ေျပခဲ့ၾကပါတယ္။ ဒါေပမဲ့ ေအစီမီလန္ေရာက္သြားျပန္တဲ့

ဆြီဒင္နတ္ဘုရားဟာ မာတာရာဇီကို အံ့အားသင့္စရာေကာင္းေလာက္ေအာင္ လက္စားေခ်ခဲ့တာပါ။ အီတလီသားကိုေဆး႐ုံပို႔ရတဲ့အထိ တိုက္ကြမ္ဒိုကစ္နဲ႔ကန္ခဲ့တဲ့အေၾကာင္းကိုလည္း

အီဘရာဟီမိုဗစ္က ဒီလိုလက္စားေခ်ဖို႔ ၄ ႏွစ္ေတာင္ ေစာင့္ခဲ့ရတာလို႔ ပြင့္ပြင့္လင္းလင္းပဲဝန္ခံခဲ့ပါတယ္။ တနည္းအားျဖင့္ အီဘရာဟီမိုဗစ္ဟာ သူနဲ႔ၿငိဖူးရင္ အေႂကြးျပန္ဆပ္ဖို႔ ဘယ္ေတာ့မွမေမ့ခဲ့ပါဘူး။

အခုလည္း အင္တာမီလန္ျပန္ေရာက္လာတဲ့ လူကာကူကို သူတို႔ႏွစ္ေယာက္ၾကားကရန္စ မၿပီးေသးဘူးလို႔ သတိေပးလိုက္ျပန္ပါၿပီ။ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးနဲ႔ အီဘရာဟီမိုဗစ္ဟာ

ကိုပါအီတာလီယာပြဲစဥ္မွာ ထိပ္တိုက္ေတြ႕ခဲ့ၾကၿပီး ဆြီဒင္သား ထုတ္ပယ္ခံခဲ့ရဖူးပါတယ္။ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈေတြနဲ႔ အျပန္အလွန္ရန္ညႇိဳးဖြဲ႕မႈေတြေၾကာင့္ ရွင္းလို႔မၿပီးႏိုင္ျဖစ္ခဲ့ၾကပါတယ္။

ဒီအေၾကာင္းကို Adrenaline ဆိုတဲ့ သူ႔ရဲ႕ကိုယ္ေရးအတၳဳပတၱိစာအုပ္မွာလည္း အီဘရာဟီမိုဗစ္က ေပၚတင္ပဲေရးခဲ့ပါေသးတယ္။ လူကာကူကို ဗူဒူးေမွာ္အတတ္သုံးတတ္တဲ့

သူ႔မိခင္အေၾကာင္း အစဆြဲထုတ္ၿပီး ရန္စခဲ့တာမွန္ေပမယ့္ ဘယ္ေတာ့မွ ေတာင္းပန္မွာမဟုတ္ဘူးလို႔ အီဘရာဟီမိုဗစ္က ဖြင့္ဟထားပါတယ္။ ဒါ့အျပင္

သူနဲ႔ဆန႔္က်င္ဘက္မွာရွိေနတာေၾကာင့္ လက္စားေခ်ဖို႔လည္း မေမ့ေသးဘူးလို႔ဆိုထားတာဟာ လာမယ့္မီလန္ဒါဘီပြဲေတြကို ပိုၿပီးဇာတ္ရွိန္ျမင့္သြားေစႏိုင္ပါတယ္။