





ကျူးကျော်သူရုရှားတို့ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝက်စ်ဟမ်းကြယ်ပွင့်ယာမိုလန်ကိုရဲ့
ယူကရိန်းက ဇာတိကလပ်အိမ်ကွင်းဟာ လုံးဝပျက်ဆီးသွားခဲ့ပါတယ်။





ယာမိုလန်ကိုဟာ ယူကရိန်းက ချာနီဟစ်ဗ်ဆိုတဲ့ ချာနီဟစ်ဗ်ဆိုတဲ့မြို့မှာ ကြီးပြင်းခဲ့တာပါ။
အဲဒီယူကရိန်းလက်ရွေးစင်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုလည်း
မြို့ခံကလပ်ဖြစ်တဲ့ ဒက်စ်နာချာနီဟစ်ဗ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။





အဲဒီမှာ စကစားပြီးတော့မှ သူဟာ ဒိုင်နမိုကိဗ်၊ ဒေါ့မန်နဲ့ ဝက်စ်ဟမ်တို့ကို
အဆင့်ဆင့်ပြောင်းရွှေ့ခဲ့တာပါ။ ဆိုဗီယက်ခေတ်ဖြစ်တဲ့ ၁၉၃၆ နှစ်မှာ





စတင်တည်ဆောက်ခဲ့တဲ့ ပရိသတ် ၁၂၀၀၀ ဆန့် ယူရီဂါဂါရင်ကွင်းဟာ အခုတော့
ရုရှားတို့ရဲ့ဗုံးဒဏ်ကြောင့် ရစရာမရှိဖြစ်သွားပါပြီ။ ပွဲကြည့်စင်အတော်များများ
ပျက်စီးသွားသလို ကွင်းအတွင်းမှာလည်း ချိုင့်ကြီးတွေဖြစ်သွားတာကြောင့်





အဲဒီကွင်းကို ပြန်အသုံးပြုဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒက်စ်နာအသင်ကတော့ သူတို့ရဲ့ Instagram စာမျက်နှာမှာ”ဒါတွေအားလုံးကို





ကျွန်တော်တို့ ပြန်တည်ဆောက်သွားမှာပါ။ ကျွန်တော်တို့ဟာ ပိုပြီးကြံ့ခိုင်လာဖို့ ရှိပါတယ်။
အောင်ပွဲအတွက် စည်းလုံးကြပါ။ ယူကရိန်းပြည်သူတွေဟာ ရှေ့တန်းကနေ
မားမားမတ်မတ်ရပ်တည်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးပါ”လို့





ရေးတင်ခဲ့ပါတယ်။ ကမ္ဘာ့ကုလသမ္မဂရဲ့အဆိုအရ ရုရှားရဲ့ကျူးကျော်စစ်စတင်ခဲ့တဲ့
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ကတည်းက အရပ်သားထိခိုက်သေဆုံးမှုဟာ ၁၈၀၀ နီးပါးရှိခဲ့တာပါ။





အရပ်သားသေဆုံးမှုအများဆုံးဟာ ဒုံးကျည်နဲ့ပစ်မှု၊ လေကြောင်းကနေ ဗုံးကြဲမှုတို့ကြောင့် ဖြစ်ပါတယ်။
ယာမိုလန်ကိုကတော့ ရုရှားရဲ့ကျူးကျော်မှုဟာ လူမျိုးတုံးသတ်ဖြတ်မှုစစ်စစ်ဖြစ်ကြောင်း ဆိုထားတာပါ။
zawgyi





က်ဴးေက်ာ္စစ္ဆင္ႏႊဲသူေတြရဲ႕ ဗုံးဒဏ္ေၾကာင့္ ယာမိုလန္ကိုရဲ႕ဇာတိကလပ္အိမ္ကြင္းပ်က္စီးသြားခဲ့
က်ဴးေက်ာ္သူ႐ုရွားတို႔ရဲ႕ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ဝက္စ္ဟမ္းၾကယ္ပြင့္ယာမိုလန္ကိုရဲ႕





ယူကရိန္းက ဇာတိကလပ္အိမ္ကြင္းဟာ လုံးဝပ်က္ဆီးသြားခဲ့ပါတယ္။
ယာမိုလန္ကိုဟာ ယူကရိန္းက ခ်ာနီဟစ္ဗ္ဆိုတဲ့ ခ်ာနီဟစ္ဗ္ဆိုတဲ့ၿမိဳ႕မွာ ႀကီးျပင္းခဲ့တာပါ။
အဲဒီယူကရိန္းလက္ေ႐ြးစင္ဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုလည္း





ၿမိဳ႕ခံကလပ္ျဖစ္တဲ့ ဒက္စ္နာခ်ာနီဟစ္ဗ္မွာ စတင္ခဲ့တာ ျဖစ္ပါတယ္။
အဲဒီမွာ စကစားၿပီးေတာ့မွ သူဟာ ဒိုင္နမိုကိဗ္၊ ေဒါ့မန္နဲ႔ ဝက္စ္ဟမ္တို႔ကို





အဆင့္ဆင့္ေျပာင္းေ႐ႊ႕ခဲ့တာပါ။ ဆိုဗီယက္ေခတ္ျဖစ္တဲ့ ၁၉၃၆ ႏွစ္မွာ
စတင္တည္ေဆာက္ခဲ့တဲ့ ပရိသတ္ ၁၂၀၀၀ ဆန႔္ ယူရီဂါဂါရင္ကြင္းဟာ အခုေတာ့
႐ုရွားတို႔ရဲ႕ဗုံးဒဏ္ေၾကာင့္ ရစရာမရွိျဖစ္သြားပါၿပီ။ ပြဲၾကည့္စင္အေတာ္မ်ားမ်ား





ပ်က္စီးသြားသလို ကြင္းအတြင္းမွာလည္း ခ်ိဳင့္ႀကီးေတြျဖစ္သြားတာေၾကာင့္
အဲဒီကြင္းကို ျပန္အသုံးျပဳဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။





ဒက္စ္နာအသင္ကေတာ့ သူတို႔ရဲ႕ Instagram စာမ်က္ႏွာမွာ”ဒါေတြအားလုံးကို
ကြၽန္ေတာ္တို႔ ျပန္တည္ေဆာက္သြားမွာပါ။ ကြၽန္ေတာ္တို႔ဟာ ပိုၿပီးႀကံ့ခိုင္လာဖို႔ ရွိပါတယ္။
ေအာင္ပြဲအတြက္ စည္းလုံးၾကပါ။ ယူကရိန္းျပည္သူေတြဟာ ေရွ႕တန္းကေန





မားမားမတ္မတ္ရပ္တည္ေနၾကပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ ကမာၻေျမႀကီးပါ”လို႔
ေရးတင္ခဲ့ပါတယ္။ ကမာၻ႔ကုလသမၼဂရဲ႕အဆိုအရ ႐ုရွားရဲ႕က်ဴးေက်ာ္စစ္စတင္ခဲ့တဲ့





ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၈ ကတည္းက အရပ္သားထိခိုက္ေသဆုံးမႈဟာ ၁၈၀၀ နီးပါးရွိခဲ့တာပါ။
အရပ္သားေသဆုံးမႈအမ်ားဆုံးဟာ ဒုံးက်ည္နဲ႔ပစ္မႈ၊ ေလေၾကာင္းကေန ဗုံးႀကဲမႈတို႔ေၾကာင့္ ျဖစ္ပါတယ္။
ယာမိုလန္ကိုကေတာ့ ႐ုရွားရဲ႕က်ဴးေက်ာ္မႈဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈစစ္စစ္ျဖစ္ေၾကာင္း ဆိုထားတာပါ။





Leave a Reply