ကျူးကျော်စစ်စတဲ့နေ့က အကွက်ကြိုမြင်ပြီး ချဲလ်ဆီးအတွက် ငွေတွေ ထုတ်ထားခဲ့တဲ့ ရိုမန်အေဗရာဗိုဗစ်ခ်ျ

ရိုမန် အေဘရာမိုဗစ်ချ် ဟာ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံကို

စတင်တိုက်ခိုက်တဲ့နေ့က အမေရိကန်ဒေါ်လာ (၁၀) သန်း အထက်ရှိ

ငွေကြေးပမာဏတစ်ခုကို သူ၏ကိုယ်ပိုင် ကုမ္ပဏီတစ်ခုမှ ချဲလ်ဆီးအသင်း ဒါရိုက်တာ

တစ်ဦးထံသို့ ချဲလ်ဆီးအသင်းအတွက် လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ရန်

လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။ ရုရှား ယူကရိန်းအရေးရဲ့ ဂယက်ကြောင့်

ရုရှားလူမျိုး ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာဗိုဗစ်ခ်ျကို ဗြိတိန်မှာကော

အီးယူမှာပါ အရေးယူပိတ်ဆို့မူ့တွေ လုပ်ဆောင်နေပါတယ်။

ဗြိတိန်မှာရှိတဲ့ ရိုမန်ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို အစိုးရက ထိန်းချုပ်လိုက်ပြီး

ချဲလ်ဆီးအသင်း‌အပေါ်မှာလည်းအရေးယူပိတ်ဆို့မှုတွေ ဆောင်ရွက်နေပါတယ်။

ချဲလ်‌ဆီးအသင်းရဲ့ ဘဏ်အကောင့်တွေကိုပါ ဗြိတိန်အစိုးရက ပိတ်ချခဲ့တာကြောင့်

အသင်းအတွက် အတော်လေးအကျပ်အတည်းဖြစ်ခဲ့ရပါတယ်။

အခုတော့ အဲဒီပိုက်ဆံတွေနဲ့ ကြားကာလ ချဲလ်ဆီးအသင်းအတွက် လိုအပ်တဲ့

သုံးစွဲမှုတွေ လုပ်ဆောင်ဖွယ်ရှိပါတယ်။ ချဲလ်ဆီးနည်းပြနဲ့ အသင်းသားတွေကတော့

လိုတဲ့ အသုံးစရိတ်တွေကို အိတ်စိုက်ထုတ်သုံးဖို့ ကြံရွယ်ထားပါတယ်။

zawgyi


ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံကို














Be the first to comment

Leave a Reply

Your email address will not be published.


*