
သူတို့ရဲ့ဘောလုံးအသင်းတွေကို ဖီဖာက ပိတ်ပင်ထားတဲ့အပေါ် တားဆီးပေးဖို့
ရုရှားက CAS(အားကစားခုံရုံး)ထံ အယူခံဝင်မှုဟာ ပယ်ချခံလိုက်ရပါတယ်။
ရုရှားဘောလုံးအဖွဲ့ချုပ်ရဲ့ဒီအရေးတကြီးတားဆီးပေးဖို့ အယူခံကို CAS က
ပယ်ချခဲ့တယ်ဆိုတာကို ဖီဖာက ကြေညာခဲ့တာပါ။
CAS ရဲ့ဒီဆုံးဖြတ်ချက်ကြောင့် ရုရှားအနေနဲ့ လာမယ့်ကြာသပတေးမှာ
ပိုလန်နဲ့ ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ယှဉ်ပြိုင်ခွင့်ရနိုင်မှာ
မဟုတ်တော့ပါဘူး။ တစ်နည်းအားဖြင့် အခုနှစ်နောက်ပိုင်း ကာတာနိုင်ငံမှာ
ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ရုရှားမပါနိုင်ဖု့ိက သေချာသလောက်နီးပါး
ဖြစ်သွားပါတယ်။ ရုရှားဟာ ပိုလန်၊ ဆွီဒင်နဲ့ ချက်တို့ပါဝင်တဲ့ ခြေစစ်ပွဲ play-off
လမ်းကြောင်းမှာ ပါဝင်နေတာဖြစ်ပြီး အဲဒီလမ်းကြောင်းအတွက် ဆီမီးနဲ့
ဗိုလ်လုပွဲတို့ကို အခုလနှောင်းပိုင်းမှာ ကစားစေမှာပါ။
အခုတော့ play-off ဆီမီးဖိုင်နယ်မှာ ရုရှားနဲ့ ရင်ဆိုင်ရမယ့် ပိုလန်ဟာ
အလိုအလောက်ပဲ ဗိုလ်လုပွဲတက်သွားပြီး မတ်လ ၂၉ ရက်နေ့မှာ
ဆွီဒင် သို့မဟုတ် ချက် တစ်သင်းသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ရုရှားလက်ရွေးစင်အသင်းတွေမဟုတ်ဘဲ ရုရှားကလပ်အသင်းတွေဟာလည်း
ဥရောပမှာ ပိတ်ပင်ခံထားရတာပါ။ ယူကရိန်းကို ကျူးကျော်မှုကြောင့်
အားကစားနည်းမျိုးစုံက ရုရှားကစားသမားတွေဟာလည်း ယှဉ်ပြိုင်ခွင့်
ပိတ်ပင်ခံထားရပါတယ်။ ရုရှားဘက်က အပြည့်အဝအယူခံတင်မှု
ပြီးဆုံးခြင်းမရှိသေးဘဲ အဲဒီမတိုင်ခင် အရေးတကြီးတားဆီးပေးဖို့
တောင်းဆိုတာကို ပယ်ချခြင်းသာ ခံခဲ့ရတာပါ။
zawgyi
က်ဴးေက်ာ္စစ္ေၾကာင့္ ကာတာကမာၻ႔ဖလားကေန ႐ုရွား ကန္ထုတ္ခံရဖို႔ ေသခ်ာၿပီ
သူတို႔ရဲ႕ေဘာလုံးအသင္းေတြကို ဖီဖာက ပိတ္ပင္ထားတဲ့အေပၚ တားဆီးေပးဖို႔
႐ုရွားက CAS(အားကစားခုံ႐ုံး)ထံ အယူခံဝင္မႈဟာ ပယ္ခ်ခံလိုက္ရပါတယ္။
႐ုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ဒီအေရးတႀကီးတားဆီးေပးဖို႔ အယူခံကို CAS က
ပယ္ခ်ခဲ့တယ္ဆိုတာကို ဖီဖာက ေၾကညာခဲ့တာပါ။
CAS ရဲ႕ဒီဆုံးျဖတ္ခ်က္ေၾကာင့္ ႐ုရွားအေနနဲ႔ လာမယ့္ၾကာသပေတးမွာ
ပိုလန္နဲ႔ ရင္ဆိုင္ရမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲကို ယွဥ္ၿပိဳင္ခြင့္ရႏိုင္မွာ
မဟုတ္ေတာ့ပါဘူး။ တစ္နည္းအားျဖင့္ အခုႏွစ္ေနာက္ပိုင္း ကာတာႏိုင္ငံမွာ
က်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားမွာ ႐ုရွားမပါႏိုင္ဖု႔ိက ေသခ်ာသေလာက္နီးပါး
ျဖစ္သြားပါတယ္။ ႐ုရွားဟာ ပိုလန္၊ ဆြီဒင္နဲ႔ ခ်က္တို႔ပါဝင္တဲ့ ေျခစစ္ပြဲ play-off
လမ္းေၾကာင္းမွာ ပါဝင္ေနတာျဖစ္ၿပီး အဲဒီလမ္းေၾကာင္းအတြက္ ဆီမီးနဲ႔
ဗိုလ္လုပြဲတို႔ကို အခုလေႏွာင္းပိုင္းမွာ ကစားေစမွာပါ။
အခုေတာ့ play-off ဆီမီးဖိုင္နယ္မွာ ႐ုရွားနဲ႔ ရင္ဆိုင္ရမယ့္ ပိုလန္ဟာ
အလိုအေလာက္ပဲ ဗိုလ္လုပြဲတက္သြားၿပီး မတ္လ ၂၉ ရက္ေန႔မွာ
ဆြီဒင္ သို႔မဟုတ္ ခ်က္ တစ္သင္းသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။
႐ုရွားလက္ေ႐ြးစင္အသင္းေတြမဟုတ္ဘဲ ႐ုရွားကလပ္အသင္းေတြဟာလည္း
ဥေရာပမွာ ပိတ္ပင္ခံထားရတာပါ။ ယူကရိန္းကို က်ဴးေက်ာ္မႈေၾကာင့္
အားကစားနည္းမ်ိဳးစုံက ႐ုရွားကစားသမားေတြဟာလည္း ယွဥ္ၿပိဳင္ခြင့္
ပိတ္ပင္ခံထားရပါတယ္။ ႐ုရွားဘက္က အျပည့္အဝအယူခံတင္မႈ
ၿပီးဆုံးျခင္းမရွိေသးဘဲ အဲဒီမတိုင္ခင္ အေရးတႀကီးတားဆီးေပးဖို႔
ေတာင္းဆိုတာကို ပယ္ခ်ျခင္းသာ ခံခဲ့ရတာပါ။
Leave a Reply