
အီတလီအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ မစွမ်းဆောင်ပေး
နိုင်ခဲ့ပေမယ့် နည်းပြမန်ချီနီကတော့ ဆုတစ်ခုရရှိသွားခဲ့ပါတယ်။
အဲဒါကတော့ ရွှေကြံ့သူတော်ဆုဆိုတာဖြစ်ပြီး မကြာသေးခင်အချိန်တွေမှာ
ကံအဆိုးဆုံးဖြစ်ခဲ့တဲ့ ဆယ်လီတွေကို အီတလီမှာပေးတဲ့ဆုပါ။
အဲဒီဆုကို အီတလီအမျိုးသားရုပ်သံက ဖန်တီးခဲ့တာဖြစ်ပြီး
နောက်ပြောင်သရော်တဲ့အနေနဲ့ ရွေးချယ်ပေးအပ်တာလည်း ဖြစ်ပါတယ်။
ယူရိုအီတလီဟာ မကြာသေးခင်ရက်ပိုင်းကပဲ အသင်းငယ်လေးကို
အံ့အားသင့်ဖွယ်ရှုံးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။
အဲဒီအတွက် နည်းပြမန်ချီနီဟာလည်း ဝေဖန်မှုတွေနဲ့ကြုံတွေ့ရပေမယ့်
ကြီးမားတဲ့ရွှေကြံ့သူတော်ရုပ်ကိုတော့ ရသွားခဲ့ပါတယ်။
သူရှိနေတဲ့နေရာဆီ ရွှေကြံ့သူတော်ဆုလာပေးတော့ မန်ချီနီဟာ
ငြင်းဆန်မနေဘဲ အပြုံးနဲ့ပဲ လက်ခံရယူခဲ့တာပါ။
”ဒီကြီးမားတဲ့ကြံ့သူတော်ရုပ်ကြီးက ကျွန်တော့်အတွက် ပိုပြီးတော့တောင်
ထိုက်တန်ပါတယ်။ ကျွန်တော်ဟာ ယုံကြည်မှုရှိခဲ့ပေမယ့် ကံဆိုးစွာနဲ့
ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်လက်မလျှော့သေးပါဘူး။
နောက်တစ်ကြိမ်ကမ္ဘာ့ဖလားအတွက် ထပ်ကြိုးစားဦးမှာပါ”လို့
ဆုလက်ခံရယူရင်း မန်ချီနီက ပြောခဲ့ပါတယ်။
ဆုပေးတဲ့သူတွေက ဒီလိုကြီးမားတဲ့ရွှေကြံ့သူတော်ရုပ်ကို ပေးတာဟာ
ဒါပထမဆုံးအကြိမ်လို့လည်း ပြောရမှာပါ။ မန်ချီနီဟာ သူ့နည်းပြဘဝမှာ
ရွှေ့ကြံ့သူတော်ဆုကို ၈ ကြိမ်မြောက်ရခဲ့တာလည်း ဖြစ်ပါတယ်။
အီတလီဘောလုံးလောကထဲ ရွှေ့ကြံ့သူတော်ဆုရဖူးသူတွေထဲမှာ
လက်ရှိစပါးနည်းပြကွန်တီနဲ့ အေစီတိုက်စစ်မှုးမိုဗစ်တို့လည်း ပါဝင်နေတာပါ။
zawgyi
ကံအဆိုးဆုံးျဖစ္ခဲ့တဲ့ နည္းျပမန္ခ်ီနီ ေ႐ႊႀကံ့သူေတာ္ဆုကို အၿပဳံးနဲ႔လက္ခံရယူ
အီတလီအသင္းကို ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ဖို႔ မစြမ္းေဆာင္ေပး
ႏိုင္ခဲ့ေပမယ့္ နည္းျပမန္ခ်ီနီကေတာ့ ဆုတစ္ခုရရွိသြားခဲ့ပါတယ္။
အဲဒါကေတာ့ ေ႐ႊႀကံ့သူေတာ္ဆုဆိုတာျဖစ္ၿပီး မၾကာေသးခင္အခ်ိန္ေတြမွာ
ကံအဆိုးဆုံးျဖစ္ခဲ့တဲ့ ဆယ္လီေတြကို အီတလီမွာေပးတဲ့ဆုပါ။
အဲဒီဆုကို အီတလီအမ်ိဳးသား႐ုပ္သံက ဖန္တီးခဲ့တာျဖစ္ၿပီး
ေနာက္ေျပာင္သေရာ္တဲ့အေနနဲ႔ ေ႐ြးခ်ယ္ေပးအပ္တာလည္း ျဖစ္ပါတယ္။
ယူ႐ိုအီတလီဟာ မၾကာေသးခင္ရက္ပိုင္းကပဲ အသင္းငယ္ေလးကို
အံ့အားသင့္ဖြယ္ရႈံးၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ ေဝးခဲ့ရတာပါ။
အဲဒီအတြက္ နည္းျပမန္ခ်ီနီဟာလည္း ေဝဖန္မႈေတြနဲ႔ႀကဳံေတြ႕ရေပမယ့္
ႀကီးမားတဲ့ေ႐ႊႀကံ့သူေတာ္႐ုပ္ကိုေတာ့ ရသြားခဲ့ပါတယ္။
သူရွိေနတဲ့ေနရာဆီ ေ႐ႊႀကံ့သူေတာ္ဆုလာေပးေတာ့ မန္ခ်ီနီဟာ
ျငင္းဆန္မေနဘဲ အၿပဳံးနဲ႔ပဲ လက္ခံရယူခဲ့တာပါ။
”ဒီႀကီးမားတဲ့ႀကံ့သူေတာ္႐ုပ္ႀကီးက ကြၽန္ေတာ့္အတြက္ ပိုၿပီးေတာ့ေတာင္
ထိုက္တန္ပါတယ္။ ကြၽန္ေတာ္ဟာ ယုံၾကည္မႈရွိခဲ့ေပမယ့္ ကံဆိုးစြာနဲ႔
ထင္သလိုျဖစ္မလာခဲ့ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္လက္မေလွ်ာ့ေသးပါဘူး။
ေနာက္တစ္ႀကိမ္ကမာၻ႔ဖလားအတြက္ ထပ္ႀကိဳးစားဦးမွာပါ”လို႔
ဆုလက္ခံရယူရင္း မန္ခ်ီနီက ေျပာခဲ့ပါတယ္။
ဆုေပးတဲ့သူေတြက ဒီလိုႀကီးမားတဲ့ေ႐ႊႀကံ့သူေတာ္႐ုပ္ကို ေပးတာဟာ
ဒါပထမဆုံးအႀကိမ္လို႔လည္း ေျပာရမွာပါ။ မန္ခ်ီနီဟာ သူ႔နည္းျပဘဝမွာ
ေ႐ႊ႕ႀကံ့သူေတာ္ဆုကို ၈ ႀကိမ္ေျမာက္ရခဲ့တာလည္း ျဖစ္ပါတယ္။
အီတလီေဘာလုံးေလာကထဲ ေ႐ႊ႕ႀကံ့သူေတာ္ဆုရဖူးသူေတြထဲမွာ
လက္ရွိစပါးနည္းျပကြန္တီနဲ႔ ေအစီတိုက္စစ္မႈးမိုဗစ္တို႔လည္း ပါဝင္ေနတာပါ။
Leave a Reply