
အာဆင်နယ်အသင်းနည်းပြအာတီတာဟာ အနက်ရောင်ကုတ်အင်္ကျီ၊
စတိုင်လ်ဘောင်းဘီရှည်နဲ့ အနက်ရောင်ရှူးဖိနပ် ဝတ်ရင် သူ့အသင်းက
နိုင်ပွဲရယူနိုင်လေ့ရှိတယ်လို့ ယုံကြည်ပြီး အဲဒီပုံစံအတိုင်း တောက်လျှောက်
ဝတ်ဆင်နေပါတယ်။
အာဆင်နယ်အသင်းဟာ အခုလောလောဆယ် အဆင့်(၂)နေရာက မန်စီးတီ
းအသင်းကို (၅)မှတ်ဖြတ်ပြီးတော့ အမှတ်ပေးဇယားထိပ်ဆုံးကနေ
ဦးဆောင်နေပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်
ချန်ပီယံ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်ရှိနေပြီဖြစ်ပါတယ်။
အာတီတာဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၁၅)ရက်တုန်းက မန်စီးတီးကို (၃-၁)နဲ့
ရှုံးနိမ့်ပြီးနောက်ပိုင်း အနက်ရောင်ကုတ်အင်္ကျီ၊ စတိုင်လ်ဘောင်းဘီရှည်နဲ့
အနက်ရောင်ရှူးဖိနပ်ကို ဝတ်ဆင်လေ့ရှိပြီး တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ
အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ (၄)ပွဲဆက်တိုက်နိုင်ပွဲဆက်နေပါတယ်။
မနေ့က ဘုန်းမောက်နဲ့ပွဲမှာလည်း အာတီတာက အဲဒီဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး
အာဆင်နယ်အသင်းဟာ အံ့အားသင့်စရာကောင်းအောင်ပဲ (၂-ဝ)ဂိုးပြတ်
ရှုံးနိမ့်နေတာကနေ (၃-၂)ဂိုးနဲ့ အနိုင်ယူပြီး မန်စီးတီးကို (၅)မှတ်ဖြတ်ထားနိုင်ဆဲ
ပါပဲ။
သူ့ရဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး The Telegraph သတင်းစာနဲ့အင်တာဗျူးမှာ
အာတီတာက “ကျွန်တော်ဟာ စနစ်တကျလုပ်ကိုင်တတ်သူဖြစ်သလို
‘လှေကြီးထိုးရိုးရိုး’ဆိုသလို နေတတ်တဲ့လူတစ်ယောက်ပါ။ အသင်းနိုင်ပွဲရနေချိန်မှာ
ကျွန်တော် အဝတ်အစားမလဲချင်ပါဘူး။ ပုံမှန်အတိုင်းပဲ အနက်ရောင်ကုတ်၊
ဘောင်းဘီရှည်၊ ရှူးဖိနပ်တွေကို ပွဲတိုင်း ဝတ်ဆင်သွားမှာပါ။ တကယ်လို့ အသင်း
ရှုံးပွဲကြုံမယ်ဆိုတော့မှ ကျွန်တော် အဝတ်အစားပြောင်းလဲဝတ်ဆင်သွားမှာ
ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
[Zawgyi]
အာဆင္နယ္အသင္းနည္းျပအာတီတာဟာ အနက္ေရာင္ကုတ္အက်ႌ၊
စတိုင္လ္ေဘာင္းဘီရွည္နဲ႔ အနက္ေရာင္ရႉးဖိနပ္ ဝတ္ရင္ သူ႔အသင္းက
ႏိုင္ပြဲရယူႏိုင္ေလ့ရွိတယ္လို႔ ယုံၾကည္ၿပီး အဲဒီပုံစံအတိုင္း ေတာက္ေလွ်ာက္
ဝတ္ဆင္ေနပါတယ္။
အာဆင္နယ္အသင္းဟာ အခုေလာေလာဆယ္ အဆင့္(၂)ေနရာက မန္စီးတီ
းအသင္းကို (၅)မွတ္ျဖတ္ၿပီးေတာ့ အမွတ္ေပးဇယားထိပ္ဆုံးကေန
ဦးေဆာင္ေနၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္
ခ်န္ပီယံ ဆြတ္ခူးႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနၿပီျဖစ္ပါတယ္။
အာတီတာဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၁၅)ရက္တုန္းက မန္စီးတီးကို (၃-၁)နဲ႔
ရႈံးနိမ့္ၿပီးေနာက္ပိုင္း အနက္ေရာင္ကုတ္အက်ႌ၊ စတိုင္လ္ေဘာင္းဘီရွည္နဲ႔
အနက္ေရာင္ရႉးဖိနပ္ကို ဝတ္ဆင္ေလ့ရွိၿပီး တိုက္တိုက္ဆိုင္ဆိုင္ဆိုသလိုပဲ
အာဆင္နယ္တို႔ ပရီးမီးယားလိဂ္မွာ (၄)ပြဲဆက္တိုက္ႏိုင္ပြဲဆက္ေနပါတယ္။
မေန႔က ဘုန္းေမာက္နဲ႔ပြဲမွာလည္း အာတီတာက အဲဒီဝတ္စုံကို ဝတ္ဆင္ခဲ့ၿပီး
အာဆင္နယ္အသင္းဟာ အံ့အားသင့္စရာေကာင္းေအာင္ပဲ (၂-ဝ)ဂိုးျပတ္
ရႈံးနိမ့္ေနတာကေန (၃-၂)ဂိုးနဲ႔ အႏိုင္ယူၿပီး မန္စီးတီးကို (၅)မွတ္ျဖတ္ထားႏိုင္ဆဲ
ပါပဲ။
သူ႔ရဲ႕ ယုံၾကည္မႈနဲ႔ပတ္သက္ၿပီး The Telegraph သတင္းစာနဲ႔အင္တာဗ်ဴးမွာ
အာတီတာက “ကြၽန္ေတာ္ဟာ စနစ္တက်လုပ္ကိုင္တတ္သူျဖစ္သလို
‘ေလွႀကီးထိုး႐ိုး႐ိုး’ဆိုသလို ေနတတ္တဲ့လူတစ္ေယာက္ပါ။ အသင္းႏိုင္ပြဲရေနခ်ိန္မွာ
ကြၽန္ေတာ္ အဝတ္အစားမလဲခ်င္ပါဘူး။ ပုံမွန္အတိုင္းပဲ အနက္ေရာင္ကုတ္၊
ေဘာင္းဘီရွည္၊ ရႉးဖိနပ္ေတြကို ပြဲတိုင္း ဝတ္ဆင္သြားမွာပါ။ တကယ္လို႔ အသင္း
ရႈံးပြဲႀကဳံမယ္ဆိုေတာ့မွ ကြၽန္ေတာ္ အဝတ္အစားေျပာင္းလဲဝတ္ဆင္သြားမွာ
ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။