ကော်နက်ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ VAR ရဲ့ အကြောင်းပြ ရှင်းလင်းချက်ကိုသိရဖို့ ကြိုးပမ်းမယ့် ဝက်စ်ဟမ်း

ချဲလ်ဆီးကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူး မက်စ်ဝဲလ်ကော်နက်ရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တာနဲ့ပတ်သက်ပြီး VAR ရဲ့ အကြောင်းပြ ရှင်းလင်းချက် ကို သိခွင့်ရဖို့ ဝက်စ်ဟမ်းအသင်းက ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။

ပရီး မီးယားလိဂ်မှာရှိတဲ့ အသင်းတိုင်းဟာ ဘောလုံးရာသီအတွင်း ပွဲစဉ်တစ်ပွဲ ပြီး ဆုံးတိုင်းမှာ ဘယ်လိုကိစ္စမျိုးကိုမဆို ဆွေးနွေးတောင်းဆိုခွင့်ရှိပါတယ်။ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ဂိုးသမားမန်ဒီအ ပေါ် ဘိုဝမ်က

ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်ဆိုပြီး VAR ဒိုင်လူကြီး ဂျီး လက်က ကော်နက်ရဲ့ သွင်းဂိုးကို အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်နဲ့ ခွင့်မပြု ခဲ့ပါဘူး။ ဒါကြောင့် ကွင်းလယ်ဒိုင် အန်ဒီမက်ဒလေက ရုပ်သံဖန်သားပြင်ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီးတဲ့နောက်

အလားတူဆုံးဖြတ်ချက်မျိုးပဲ ချ မှတ်ခဲ့တာဖြစ်လို့ ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ဝက်စ် ဟမ်းနည်းပြ မိုယက်စ်က စွပ်စွဲခဲ့ပါတယ်။ ‘’ဒါကို ခင်ဗျားလည်း မြင်ပါတယ်။ ရေပေါ်ဆီဒိုင်လူကြီးတွေကနေပြီး ထင်ရာမြင်ရာ လျှောက်လုပ်တဲ့

ကျော် မကောင်းကြားမကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။ VAR ကို ကြီးကြပ်ဖို့အတွက် ဘယ်သူဘယ်ဝါကို လွှတ်လိုက်လဲဆိုတာ ကျွန်တော်အများကြီး မပြောတော့ ပါဘူး။ ဒါက ကျွန်တော်တို့အတွက် မယုံနိုင်စရာကောင်းလွန်းတဲ့ ဆုံးဖြတ် ချက်မျိုးပါ။

ဒိုင်လူကြီးဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ဆွဲကိုင်ထား သင့်ပါတယ်။ နောက်ပြီး သူပြောတာကိုလည်း ထိုက်သင့်သလိုမျိုး ဆောင် ရွက်သင့်ပါတယ်။ သူတို့မှာ ကြီးကြပ်ဖို့က လူနည်းနည်းလေးပဲ ရှိတာ။ ဒါ ကြောင့် သူတို့က တစ်ခုခုပဲ လုပ်ဖို့ ကြိုးစားနေကြတာ။ ဒီနေ့ပွဲအပြီးမှာတော့ သူတို့အပေါ် ကျွန်တော် ယုံကြည်မှု

ကင်းမဲ့သွားခဲ့ပါပြီ။ VAR ကြည့်ပြီးတဲ့ နောက် ဂိုးကို ဘာလို့ မပေးခဲ့သလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး’’ လို့ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က ပြောဆိုခဲ့ပါတယ်။ VAR ရဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီးတော့လည်း ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန်ရိုက်စ် က ပွဲအပြီးမှာ ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးကို ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ တိုက္စစ္မႉး မက္စ္ဝဲလ္ေကာ္နက္ရဲ႕ သြင္းဂိုးကို ခြင့္မျပဳခဲ့တာနဲ႔ပတ္သက္ၿပီး VAR ရဲ႕ အေၾကာင္းျပ ရွင္းလင္းခ်က္ ကို သိခြင့္ရဖို႔ ဝက္စ္ဟမ္းအသင္းက ႀကိဳးပမ္းေတာ့မယ္လို႔ သိရပါတယ္။

ပရီး မီးယားလိဂ္မွာရွိတဲ့ အသင္းတိုင္းဟာ ေဘာလုံးရာသီအတြင္း ပြဲစဥ္တစ္ပြဲ ၿပီး ဆုံးတိုင္းမွာ ဘယ္လိုကိစၥမ်ိဳးကိုမဆို ေဆြးေႏြးေတာင္းဆိုခြင့္ရွိပါတယ္။ ခ်ဲလ္ဆီးနဲ႔ ဝက္စ္ဟမ္းတို႔ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္မွာ ဂိုးသမားမန္ဒီအ ေပၚ ဘိုဝမ္က

ရည္႐ြယ္ခ်က္ရွိရွိ က်ဴးလြန္ခဲ့တယ္ဆိုၿပီး VAR ဒိုင္လူႀကီး ဂ်ီး လက္က ေကာ္နက္ရဲ႕ သြင္းဂိုးကို အျငင္းပြားဖြယ္ရာ ဆုံးျဖတ္ခ်က္နဲ႔ ခြင့္မျပဳ ခဲ့ပါဘူး။ ဒါေၾကာင့္ ကြင္းလယ္ဒိုင္ အန္ဒီမက္ဒေလက ႐ုပ္သံဖန္သားျပင္ကို သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ၿပီးတဲ့ေနာက္

အလားတူဆုံးျဖတ္ခ်က္မ်ိဳးပဲ ခ် မွတ္ခဲ့တာျဖစ္လို႔ ဒါဟာ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္သာျဖစ္တယ္လို႔ ဝက္စ္ ဟမ္းနည္းျပ မိုယက္စ္က စြပ္စြဲခဲ့ပါတယ္။ ‘’ဒါကို ခင္ဗ်ားလည္း ျမင္ပါတယ္။ ေရေပၚဆီဒိုင္လူႀကီးေတြကေနၿပီး ထင္ရာျမင္ရာ ေလွ်ာက္လုပ္တဲ့ ေက်ာ္ မေကာင္းၾကားမေကာင္းတဲ့ ဆုံးျဖတ္ခ်က္ပါ။

VAR ကို ႀကီးၾကပ္ဖို႔အတြက္ ဘယ္သူဘယ္ဝါကို လႊတ္လိုက္လဲဆိုတာ ကြၽန္ေတာ္အမ်ားႀကီး မေျပာေတာ့ ပါဘူး။ ဒါက ကြၽန္ေတာ္တို႔အတြက္ မယုံႏိုင္စရာေကာင္းလြန္းတဲ့ ဆုံးျဖတ္ ခ်က္မ်ိဳးပါ။

ဒိုင္လူႀကီးဟာ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို ခိုင္ခိုင္မာမာ ဆြဲကိုင္ထား သင့္ပါတယ္။ ေနာက္ၿပီး သူေျပာတာကိုလည္း ထိုက္သင့္သလိုမ်ိဳး ေဆာင္ ႐ြက္သင့္ပါတယ္။ သူတို႔မွာ ႀကီးၾကပ္ဖို႔က လူနည္းနည္းေလးပဲ ရွိတာ။

ဒါ ေၾကာင့္ သူတို႔က တစ္ခုခုပဲ လုပ္ဖို႔ ႀကိဳးစားေနၾကတာ။ ဒီေန႔ပြဲအၿပီးမွာေတာ့ သူတို႔အေပၚ ကြၽန္ေတာ္ ယုံၾကည္မႈ ကင္းမဲ့သြားခဲ့ပါၿပီ။ VAR ၾကည့္ၿပီးတဲ့ ေနာက္ ဂိုးကို ဘာလို႔ မေပးခဲ့သလဲဆိုတာ

ကြၽန္ေတာ္ နားမလည္ႏိုင္ပါဘူး’’ လို႔ ဝက္စ္ဟမ္းနည္းျပ မိုယက္စ္က ေျပာဆိုခဲ့ပါတယ္။ VAR ရဲ႕ ဆုံးျဖတ္ခ်က္ နဲ႔ ပတ္သက္ၿပီးေတာ့လည္း ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ဒီကလန္႐ိုက္စ္ က ပြဲအၿပီးမွာ ေဝဖန္မႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။