ကောင်းဘွိုင်ဦးထုပ်နဲ့ အပီကနေတဲ့ ခြင်္သေ့မလေးရေချယ်ကို ဘက်ခမ်းတောင် ကြွေဆင်းသွားခဲ့ရ

ယူရို ၂၀၂၂ အမျိုးသမီးပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းကို ဒေးဗစ်ဘက်ခမ်းက ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။ အင်္ဂလန်အမျိုးသမီးအသင်းဟာ

ဆီမီးဖိုင်နယ်မှာ နာမည်ကြီးဆွီဒင်ကို ၄-၀ ဂိုးနဲ့အနိုင်ယူခဲ့တာပါ။ ဒါဟာ သူတို့အတွက် ၂၀၀၉ ခုနှစ်နောက်ပိုင်း ယူရိုဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဝင်ဘလေမှာ သူတို့နောက်ဆုံးရင်ဆိုင်ရမှာက ဂျာမနီ ဒါမှမဟုတ် ပြင်သစ်ပါ။ လက်ရှိအချိန်မှာ အင်္ဂလန်တစ်ဝှမ်းလုံး ခြိမ့်ခြိမ့်သဲအောင်ပွဲခံနေကြသလို ဒေးဗစ်ဘက်ခမ်းကလည်း

“ ဘယ်လိုညများလဲ .. မိန်းကလေးတွေကို ဂုဏ်ပြုပါတယ် ” လို့ အင်စတာဂရမ် story မှာ ဂုဏ်ပြုရေးသားထားပါတယ်။ ဒါ့အပြင် သူအကြိုက်ဆုံးပုံတစ်ပုံကိုလည်း

အင်္ဂလန်ဘောလုံးမင်းသားက မျှဝေထားပါသေးတယ်။ ကွင်းထဲမှာ တိုက်စစ်မှူးရေချယ်ဒါလီ ကောင်းဘွိုင်ဦးထုပ်ဆောင်းပြီး ကနေပုံပါ။ ဒါဟာ အထူးညရဲ့အကောင်းဆုံးပုံပဲလို့လည်း

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက ညွှန်းဆိုထားပါတယ်။ တကယ်တော့ ဘက်ခမ်းဟာ ဆီမီးပွဲမကစားခင်ကတည်းက အမျိုးသမီးအသင်းကို လှုံ့ဆော်မှုတွေလုပ်ပေးခဲ့သူပါ။

အထူးသဖြင့် တစ်ဦးတည်းသောသမီးလေးဟာပါးအတွက် ခြင်္သေ့ပျိုမလေးတွေဟာ စိတ်ဓာတ်ခွန်အားပေးနိုင်ကြောင်း၊ ဒီအတွက် ကျေးဇူးတင်ပါကြောင်း၊ အသင်းရဲ့စွမ်းဆောင်မှုကလည်း

စိတ်တက်ကြွစရာကောင်းကြောင်း၊ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ဂုဏ်ယူနေမှာဖြစ်ကြောင်း စတဲ့စကားတွေနဲ့ ဗွီဒီယိုမက်ဆေ့ချ်ပေးပို့ခဲ့တာဖြစ်ပါတယ်။

(zawgyi)

ယူ႐ို ၂၀၂၂ အမ်ိဳးသမီးၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ႏိုင္ခဲ့တဲ့ အဂၤလန္အသင္းကို ေဒးဗစ္ဘက္ခမ္းက ဂုဏ္ျပဳစကားေျပာၾကားလိုက္ပါတယ္။ အဂၤလန္အမ်ိဳးသမီးအသင္းဟာ ဆီမီးဖိုင္နယ္မွာ

နာမည္ႀကီးဆြီဒင္ကို ၄-၀ ဂိုးနဲ႔အႏိုင္ယူခဲ့တာပါ။ ဒါဟာ သူတို႔အတြက္ ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း ယူ႐ိုဗိုလ္လုပြဲကို ပထမဆုံးအႀကိမ္ တက္လွမ္းႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ဝင္ဘေလမွာ သူတို႔ေနာက္ဆုံးရင္ဆိုင္ရမွာက  ဂ်ာမနီ ဒါမွမဟုတ္ ျပင္သစ္ပါ။ လက္ရွိအခ်ိန္မွာ အဂၤလန္တစ္ဝွမ္းလုံး ၿခိမ့္ၿခိမ့္သဲေအာင္ပြဲခံေနၾကသလို ေဒးဗစ္ဘက္ခမ္းကလည္း

“ ဘယ္လိုညမ်ားလဲ .. မိန္းကေလးေတြကို ဂုဏ္ျပဳပါတယ္ ” လို႔ အင္စတာဂရမ္ story မွာ ဂုဏ္ျပဳေရးသားထားပါတယ္။ ဒါ့အျပင္ သူအႀကိဳက္ဆုံးပုံတစ္ပုံကိုလည္း

အဂၤလန္ေဘာလုံးမင္းသားက မွ်ေဝထားပါေသးတယ္။ ကြင္းထဲမွာ တိုက္စစ္မႉးေရခ်ယ္ဒါလီ ေကာင္းဘြိဳင္ဦးထုပ္ေဆာင္းၿပီး ကေနပုံပါ။ ဒါဟာ အထူးညရဲ႕အေကာင္းဆုံးပုံပဲလို႔လည္း

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းက ၫႊန္းဆိုထားပါတယ္။ တကယ္ေတာ့ ဘက္ခမ္းဟာ ဆီမီးပြဲမကစားခင္ကတည္းက အမ်ိဳးသမီးအသင္းကို လႈံ႕ေဆာ္မႈေတြလုပ္ေပးခဲ့သူပါ။

အထူးသျဖင့္ တစ္ဦးတည္းေသာသမီးေလးဟာပါးအတြက္  ျခေသၤ့ပ်ိဳမေလးေတြဟာ စိတ္ဓာတ္ခြန္အားေပးႏိုင္ေၾကာင္း၊ ဒီအတြက္ ေက်းဇူးတင္ပါေၾကာင္း၊ အသင္းရဲ႕စြမ္းေဆာင္မႈကလည္း

စိတ္တက္ႂကြစရာေကာင္းေၾကာင္း၊ တစ္တိုင္းျပည္လုံးအတိုင္းအတာနဲ႔ ဂုဏ္ယူေနမွာျဖစ္ေၾကာင္း စတဲ့စကားေတြနဲ႔ ဗြီဒီယိုမက္ေဆ့ခ်္ေပးပို႔ခဲ့တာျဖစ္ပါတယ္။