ကူလီဘာလေပြောပြတဲ့ ချဲလ်ဆီးကိုပြောင်းသင့်တယ်လို့ အကြံပေးခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်

နာပိုလီနောက်ခံလူကူလီဘာလေကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ခေါ်ယူနိုင်ပြီလို့ ချဲလ်ဆီးက အတည်ပြုလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဗဟိုနောက်ခံလူဟာ

စီးရီးအေကလပ်မှာ ၈ နှစ်ကြာ ကျင်လည်မှုကိုအဆုံးသတ်ပြီး ချဲလ်ဆီးနဲ့ ၂၀၂၆ ခုနှစ်အထိစာချုပ်ဖို့ သဘောတူခဲ့တာပါ။ဆီနီဂေါကြယ်ပွင့်ဟာ လက်ရှိအချိန်မှာ

လက်စ်ဗီးဂတ်စ်ကိုရောက်နေပြီး အသင်းသစ်ရဲ့ရာသီကြိုအမေရိကခရီးစဉ်ကို ပူးပေါင်းမှာဖြစ်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တစ်ပတ် ပေါင် ၁၆၂၀၀၀ ရမယ်လို့သိရပြီး စတာလင်းနောက်

ချဲလ်ဆီးကိုရောက်လာတဲ့ ဒုတိယမြောက်ကစားသမားဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးတရားဝင်ဝက်ဘ်ဆိုက်ကနေ ကူလီဘာလေက ဆီနီဂေါအသင်းဖော်ဖြစ်တဲ့ ချဲလ်ဆီးဂိုးသမားမန်ဒီနဲ့ နာပိုလီအသင်းဖော်ဟောင်း

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့က သူ့ကို စတမ်းဖို့ဒ်ဘရစ်ချ်လာဖို့ နားချခဲ့တာလို့ ဖွင့်ဟသွားခဲ့ပါတယ်။ “ ချဲလ်ဆီးက ကမ္ဘာမှာ အသင်းကြီးတစ်သင်းပါ။ ဒီကိုရောက်လာလို့ ကျွန်တော်ပျော်ပါတယ်။

ပရီးမီးယားလိဂ်မှာကစားဖို့ ကျွန်တော် အမြဲတမ်း အိပ်မက်မက်ခဲ့ရတာပါ။ ၂၀၁၆ တုန်းက ချဲလ်ဆီးနဲ့စကားပြောဖြစ်သေးပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ အခုတော့ သူတို့ ထပ်ကြိုးစားသလို

ကျွန်တော်လည်းလက်ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီးဟာ ကျွန်တော့်ကို ပရီးမီးယားလိဂ်မှာ သူတို့အတွက် တကယ်ကစားစေချင်လို့ပါပဲ။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို

ပိုမိုလွယ်ကူစေခဲ့သူတွေကတော့ မန်ဒီနဲ့ဂျော်ဂျင်ဟိုပေါ့။ သူတို့ကြောင့် အခုလို ပျော်စရာကောင်းတဲ့နေ့လေးကို ကျွန်တော်ပိုင်ဆိုင်ရတာပါ ” လို့ ကူလီဘာလေက ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

နာပိုလီေနာက္ခံလူကူလီဘာေလကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၄ သန္းနဲ႔ေခၚယူႏိုင္ၿပီလို႔ ခ်ဲလ္ဆီးက အတည္ျပဳလိုက္ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ ဗဟိုေနာက္ခံလူဟာ

စီးရီးေအကလပ္မွာ ၈ ႏွစ္ၾကာ က်င္လည္မႈကိုအဆုံးသတ္ၿပီး ခ်ဲလ္ဆီးနဲ႔ ၂၀၂၆ ခုႏွစ္အထိစာခ်ဳပ္ဖို႔ သေဘာတူခဲ့တာပါ။ဆီနီေဂါၾကယ္ပြင့္ဟာ လက္ရွိအခ်ိန္မွာ လက္စ္ဗီးဂတ္စ္ကိုေရာက္ေနၿပီး

အသင္းသစ္ရဲ႕ရာသီႀကိဳအေမရိကခရီးစဥ္ကို ပူးေပါင္းမွာျဖစ္ပါတယ္။ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ တစ္ပတ္ ေပါင္ ၁၆၂၀၀၀ ရမယ္လို႔သိရၿပီး စတာလင္းေနာက္ ခ်ဲလ္ဆီးကိုေရာက္လာတဲ့ ဒုတိယေျမာက္ကစားသမားျဖစ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးတရားဝင္ဝက္ဘ္ဆိုက္ကေန ကူလီဘာေလက ဆီနီေဂါအသင္းေဖာ္ျဖစ္တဲ့ ခ်ဲလ္ဆီးဂိုးသမားမန္ဒီနဲ႔ နာပိုလီအသင္းေဖာ္ေဟာင္း ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုတို႔က သူ႔ကို စတမ္းဖို႔ဒ္ဘရစ္ခ်္လာဖို႔

နားခ်ခဲ့တာလို႔ ဖြင့္ဟသြားခဲ့ပါတယ္။ “ ခ်ဲလ္ဆီးက ကမာၻမွာ အသင္းႀကီးတစ္သင္းပါ။ ဒီကိုေရာက္လာလို႔ ကြၽန္ေတာ္ေပ်ာ္ပါတယ္။ ပရီးမီးယားလိဂ္မွာကစားဖို႔ ကြၽန္ေတာ္ အၿမဲတမ္း အိပ္မက္မက္ခဲ့ရတာပါ။

၂၀၁၆ တုန္းက ခ်ဲလ္ဆီးနဲ႔စကားေျပာျဖစ္ေသးေပမယ့္ အလုပ္မျဖစ္ခဲ့ပါဘူး။ အခုေတာ့ သူတို႔ ထပ္ႀကိဳးစားသလို ကြၽန္ေတာ္လည္းလက္ခံခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခ်ဲလ္ဆီးဟာ ကြၽန္ေတာ့္ကို ပရီးမီးယားလိဂ္မွာ

သူတို႔အတြက္ တကယ္ကစားေစခ်င္လို႔ပါပဲ။ ကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္ကို ပိုမိုလြယ္ကူေစခဲ့သူေတြကေတာ့ မန္ဒီနဲ႔ေဂ်ာ္ဂ်င္ဟိုေပါ့။ သူတို႔ေၾကာင့္ အခုလို ေပ်ာ္စရာေကာင္းတဲ့ေန႔ေလးကို ကြၽန္ေတာ္ပိုင္ဆိုင္ရတာပါ ” လို႔ ကူလီဘာေလက ဖြင့္ဟသြားခဲ့ပါတယ္။