ကူလီဘာလီ ဖုန်းဆက်တာ မယုံလို့ တူချယ်ကို လှမ်းမေးခဲ့ရတဲ့ ဂျွန်တယ်ရီ

ချဲလ်ဆီးမှာ ကျောနံပါတ် ၂၆ အင်္ကျီကိုဝတ်ဆင်ဖို့ မူလပိုင်ရှင် ဂျွန်တယ်ရီဆီ ကူလီဘာလီ ဖုန်းဆက်ခွင့်တောင်းခဲ့တာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ဆီနီဂေါနောက်ခံလူဟာ တစ်ကြိမ်တည်းနဲ့ အဆင်ပြေခဲ့တာတော့ မဟုတ်ပါဘူး။ သူ ပထမအကြိမ် ဖုန်းခေါ်တာကို ဂျွန်တယ်ရီက မယုံကြည်ဘဲ ဖုန်းချသွားခဲ့တာပါ။

နာပိုလီကစားသမားဟောင်းဟာ ဂျွန်တယ်ရီရဲ့ဖုန်းနံပါတ်ကို ချဲလ်ဆီးဂန္ထဝင်တိုက်စစ်မှူးဟောင်း ဇိုလာဆီက တောင်းခဲ့ရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး

“ ကျွန်တော် ဖုန်းစခေါ်တော့ သူက မယုံဘူးဖြစ်နေပါတယ်။ သူ့ကို နောက်နေတာလို့ ထင်ပုံရပါတယ်။ ဒါကြောင့် ဖုန်းချသွားခဲ့တယ်။ ပြီးတော့ ကျွန်တော်ဆက်တာ တကယ်ဟုတ်မဟုတ်ဆိုတာ

တူချယ်ဆီ လှမ်းမေးခဲ့တာပါ ” လို့ ကူလီဘာလီက ဖွင့်ဟလိုက်ပါတယ်။ သူဟာ နာပိုလီမှာလည်း နံပါတ် ၂၆ ဝတ်ဆင်ကစားခဲ့တာကြောင့် ချဲလ်ဆီးမှာလည်း ဒီနံပါတ်ကိုပဲ ရွေးချယ်ခဲ့တာပါ။

ဒါပေမဲ့ ဒီနံပါတ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အစဉ်အလာကြီးမားတဲ့ ဂန္ထဝင်နံပါတ်တစ်ခုဖြစ်နေပါတယ်။ တနည်းအားဖြင့် ဂျွန်တယ်ရီ မရှိတော့တဲ့နောက်ပိုင်း အသင်းက တရားဝင်အနားပေးတာမဟုတ်ပေမယ့်

ဘယ်သူမှ မဝတ်ကြတော့ပါဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ် ဖုန်းခေါ်ရာမှာတော့ အားလုံးအဆင်ပြေသွားခဲ့ပြီး ကူလီဘာလီအတွက်လည်း အင်္ဂလန်လက်ရွေးစင်ဟောင်းက ဆုတောင်းပေးခဲ့ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးမွာ ေက်ာနံပါတ္ ၂၆ အက်ႌကိုဝတ္ဆင္ဖို႔ မူလပိုင္ရွင္ ဂြၽန္တယ္ရီဆီ ကူလီဘာလီ ဖုန္းဆက္ခြင့္ေတာင္းခဲ့တာ အားလုံးသိၿပီးသားျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ ဆီနီေဂါေနာက္ခံလူဟာ

တစ္ႀကိမ္တည္းနဲ႔ အဆင္ေျပခဲ့တာေတာ့ မဟုတ္ပါဘူး။ သူ ပထမအႀကိမ္ ဖုန္းေခၚတာကို ဂြၽန္တယ္ရီက မယုံၾကည္ဘဲ ဖုန္းခ်သြားခဲ့တာပါ။ နာပိုလီကစားသမားေဟာင္းဟာ ဂြၽန္တယ္ရီရဲ႕ဖုန္းနံပါတ္ကို

ခ်ဲလ္ဆီးဂႏၴဝင္တိုက္စစ္မႉးေဟာင္း ဇိုလာဆီက ေတာင္းခဲ့ရတာျဖစ္ပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး “ ကြၽန္ေတာ္ ဖုန္းစေခၚေတာ့ သူက မယုံဘူးျဖစ္ေနပါတယ္။ သူ႔ကို ေနာက္ေနတာလို႔ ထင္ပုံရပါတယ္။

ဒါေၾကာင့္ ဖုန္းခ်သြားခဲ့တယ္။ ၿပီးေတာ့ ကြၽန္ေတာ္ဆက္တာ တကယ္ဟုတ္မဟုတ္ဆိုတာ တူခ်ယ္ဆီ လွမ္းေမးခဲ့တာပါ ” လို႔ ကူလီဘာလီက ဖြင့္ဟလိုက္ပါတယ္။

သူဟာ နာပိုလီမွာလည္း နံပါတ္ ၂၆ ဝတ္ဆင္ကစားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးမွာလည္း ဒီနံပါတ္ကိုပဲ ေ႐ြးခ်ယ္ခဲ့တာပါ။ ဒါေပမဲ့ ဒီနံပါတ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အစဥ္အလာႀကီးမားတဲ့

ဂႏၴဝင္နံပါတ္တစ္ခုျဖစ္ေနပါတယ္။ တနည္းအားျဖင့္ ဂြၽန္တယ္ရီ မရွိေတာ့တဲ့ေနာက္ပိုင္း အသင္းက တရားဝင္အနားေပးတာမဟုတ္ေပမယ့္ ဘယ္သူမွ မဝတ္ၾကေတာ့ပါဘူး။

ဒါေပမဲ့ ေနာက္တစ္ႀကိမ္ ဖုန္းေခၚရာမွာေတာ့ အားလုံးအဆင္ေျပသြားခဲ့ၿပီး ကူလီဘာလီအတြက္လည္း အဂၤလန္လက္ေ႐ြးစင္ေဟာင္းက ဆုေတာင္းေပးခဲ့ပါတယ္။