ကူကူရယ်လာရဲ့ဆံပင်ကို ဆောင့်ဆွဲခဲ့တဲ့ ရိုမီယိုကို အရေးမယူလို့ ချဲလ်ဆီးပရိသတ်တွေ ပေါက်ကွဲ

ချဲလ်ဆီးပရိသတ်တွေကတော့ စပါးနဲ့သရေကျခဲ့တဲ့ပွဲမှာ မပေးသင့်တဲ့ချေပဂိုး ပေးလိုက်ရတယ်ဆိုပြီး ပေါက်ကွဲနေကြပါတယ်။ တူချယ်ရဲ့အသင်းဟာ လန်ဒန်ဒါဘီမှာ ကူလီဘာလီ၊ ရီဆီဂျိမ်းစ်တို့ရဲ့ဂိုးတွေနဲ့ ၂ ကြိမ်တိုင်ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ စပါးဟာ တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ နာကျင်အချိန်ပိုခေါင်းတိုက်ဂိုးနဲ့ အမှတ်ခွဲယူသွားခဲ့ပါတယ်။ အင်္ဂလန်တိုက်စစ်မှူး ဂိုးမသွင်းခင်မှာ ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာရဲ့ဆံပင်ကို စပါးနောက်ခံလူရိုမီယို ဆွဲထားပေမယ့်

ပြစ်ဒဏ်ဘောမပေးခဲ့တာကို အပြာရောင်ပရိသတ်တွေ တင်းနေကြတာပါ။ ကွင်းလယ်ဒိုင်အန်တိုနီတေလာက VAR ပြန်ကြည့်ပေမယ့်လည်း စပါးကိုသာထောင့်ကန်ဘော ကန်ခွင့်ပေးခဲ့ပါတယ်။ ဒီထောင့်ကန်ဘောကနေပဲ

ဟယ်ရီကိန်း ခေါင်းတိုက်ဂိုးသွင်းပြီး စပါး ချေပဂိုးရသွားခဲ့တာပါ။ “ ဘောလုံးပွဲမှာ ဆံပင်ဆွဲလို့ရလားဗျာ။ ဒီအတွက် ဘာမှအရေးမယူခဲ့ဘူးဆိုတာ ရယ်စရာကောင်းတယ် ” လို့ ချဲလ်ဆီးနည်းပြတူချယ်က ဝေဖန်ခဲ့သလို

ပရိသတ်တွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ တုံ့ပြန်နေကြပါတယ်။ တနည်းအားဖြင့် စပါးဟာ ချေပဂိုးတစ်ဂိုး ခိုးယူသွားတယ်လို့ ဝေဖန်နေကြတာပါ။ NBA Sports က အစီအစဉ်တင်ဆက်သူ

ရော်ဘီမက်စတိုးကလည်း ရိုမီယိုရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး VAR က အရေးယူဖို့ပျက်ကွက်ခဲ့တယ်လို့ဆိုသလို အနီကတ်နဲ့ထိုက်တန်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။ စပါးနည်းပြကွန်တီကတော့ ဒါဟာ

မတော်တဆဖြစ်ရပ်လို့ တုံ့ပြန်ထားပါတယ်။ တူချယ်နဲ့ကွန်တီဟာလည်း ပွဲအတွင်းမှာသာမက ပွဲအပြီးမှာပါ ငြိခဲ့ကြတာကြောင့် နှစ်ယောက်လုံး အနီကတ်ထိခဲ့ကြပါတယ်။

(zawgyi)

ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ စပါးနဲ႔သေရက်ခဲ့တဲ့ပြဲမွာ မေပးသင့္တဲ့ေခ်ပဂိုး ေပးလိုက္ရတယ္ဆိုၿပီး ေပါက္ကြဲေနၾကပါတယ္။ တူခ်ယ္ရဲ႕အသင္းဟာ လန္ဒန္ဒါဘီမွာ ကူလီဘာလီ၊ ရီဆီဂ်ိမ္းစ္တို႔ရဲ႕ဂိုးေတြနဲ႔

၂ ႀကိမ္တိုင္ဦးေဆာင္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ စပါးဟာ တိုက္စစ္မႉးဟယ္ရီကိန္းရဲ႕ နာက်င္အခ်ိန္ပိုေခါင္းတိုက္ဂိုးနဲ႔ အမွတ္ခြဲယူသြားခဲ့ပါတယ္။ အဂၤလန္တိုက္စစ္မႉး ဂိုးမသြင္းခင္မွာ ခ်ဲလ္ဆီးေနာက္ခံလူ ကူကူရယ္လာရဲ႕ဆံပင္ကို

စပါးေနာက္ခံလူ႐ိုမီယို ဆြဲထားေပမယ့္ ျပစ္ဒဏ္ေဘာမေပးခဲ့တာကို အျပာေရာင္ပရိသတ္ေတြ တင္းေနၾကတာပါ။ ကြင္းလယ္ဒိုင္အန္တိုနီေတလာက VAR ျပန္ၾကည့္ေပမယ့္လည္း စပါးကိုသာေထာင့္ကန္ေဘာ

ကန္ခြင့္ေပးခဲ့ပါတယ္။ ဒီေထာင့္ကန္ေဘာကေနပဲ ဟယ္ရီကိန္း ေခါင္းတိုက္ဂိုးသြင္းၿပီး စပါး ေခ်ပဂိုးရသြားခဲ့တာပါ။ “ ေဘာလုံးပြဲမွာ ဆံပင္ဆြဲလို႔ရလားဗ်ာ။ ဒီအတြက္ ဘာမွအေရးမယူခဲ့ဘူးဆိုတာ

ရယ္စရာေကာင္းတယ္ ” လို႔ ခ်ဲလ္ဆီးနည္းျပတူခ်ယ္က ေဝဖန္ခဲ့သလို ပရိသတ္ေတြကလည္း ဆိုရွယ္မီဒီယာေပၚမွာ တုံ႔ျပန္ေနၾကပါတယ္။ တနည္းအားျဖင့္ စပါးဟာ ေခ်ပဂိုးတစ္ဂိုး

ခိုးယူသြားတယ္လို႔ ေဝဖန္ေနၾကတာပါ။ NBA Sports က အစီအစဥ္တင္ဆက္သူ ေရာ္ဘီမက္စတိုးကလည္း ႐ိုမီယိုရဲ႕လုပ္ရပ္နဲ႔ပတ္သက္ၿပီး VAR က အေရးယူဖို႔ပ်က္ကြက္ခဲ့တယ္လို႔ဆိုသလို အနီကတ္နဲ႔ထိုက္တန္တယ္လို႔လည္း

ေျပာသြားခဲ့ပါတယ္။ စပါးနည္းျပကြန္တီကေတာ့ ဒါဟာ မေတာ္တဆျဖစ္ရပ္လို႔ တုံ႔ျပန္ထားပါတယ္။ တူခ်ယ္နဲ႔ကြန္တီဟာလည္း ပြဲအတြင္းမွာသာမက ပြဲအၿပီးမွာပါ ၿငိခဲ့ၾကတာေၾကာင့္ ႏွစ္ေယာက္လုံး အနီကတ္ထိခဲ့ၾကပါတယ္။