ကိုယ်ပိုင်ဂျက်လေယာဉ် ထုတ်ရောင်းတော့မယ့် ရော်နယ်ဒို

အပြောင်းအရွှေ့သတင်းတွေ လှိုင်လှိုင်ထွက်နေပေမယ့် ရော်နယ်ဒိုကတော့ သူလုပ်စရာရှိတာ ဆက်လုပ်နေပါတယ်။

အခုလည်း ကိုယ်ပိုင်ဂျက်လေယာဉ် Gulfstream G200 ကို အရောင်းစာရင်းတင်လိုက်ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖေါ်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မိသားစုအသုံးပြုဖို့ သေးလွန်းနေလို့ပါတဲ့။

ဒီလေယာဉ်ဟာ ပေါင် သန်း ၂၀ တန်ကြေးရှိပြီး ၂၀၁၅ တုန်းက ဝယ်ထားတာပါ။ IAI Galaxy လို့ အရင်က နာမည်ကြီးခဲ့တဲ့ အင်ဂျင်နှစ်လုံးတပ်လေယာဉ်ဟာ ရော်နယ်ဒိုနဲ့ ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို

ဥရောပတစ်လွှားပို့ဆောင်ပေးခဲ့ဖူးပါတယ်။ တစ်နာရီ ၅၆၀ မိုင်နှုန်းရှိတဲ့ Gulfstream G200 ဟာ ရော်နယ်ဒိုအတွက်တော့ ဇာတိမြေပေါ်တူဂီကို အသွားအပြန်လုပ်ဖို့ နတ်မြင်းပျံလိုပါပဲ။

ဒါပေမဲ့ ခရီးသည် ၈ ဦးကနေ ၁၀ ဦးလောက်သာဆန့်တာကြောင့် ပိုကြီးတဲ့လေယာဉ်နဲ့ချိန်းချင်နေတာလို့ သိရပါတယ်။ တကယ်တော့ ရော်နယ်ဒိုဟာ တစ်ကမ္ဘာလုံးမှာ အစင်း ၂၅၀ သာရှိတဲ့ ဒီလေယာဉ်ကို

ဝိုင်ဖိုင်၊ တယ်လီဖုန်း၊ ဖက်စ်၊ လျှပ်စစ်မီးဖို၊ မိုက်ခရိုဝေ့ဖ်၊ ရေခဲသေတ္တာ၊ ဖျော်ဖြေရေးစနစ်တွေနဲ့ အကျအနပြင်ဆင်ခဲ့တာပါ။ ဒါကြောင့် ပြန်လည်ဝယ်ယူသူဟာ

ကမ္ဘာကျော်ကစားသမားတစ်ယောက်ရဲ့အငွေ့အသက်တွေပါဝင်နေတဲ့လေယာဉ်တစ်စီးကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်သလို အသင့်သုံးရုံပဲလို့လည်း ရေးသားထားပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ တစ်နာရီ ပေါင် ၅၀၀၀ ကနေ ၈၅၀၀ ပေးပြီး အရင်လိုငှားစီးမယ်ဆိုရင်တောင် အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ သူအသုံးမပြုချိန်မှာ အဲဒီနှုန်းနဲ့ငှားရမ်းခဲ့ဖူးတာဖြစ်ပါတယ်။

(zawgyi)

အေျပာင္းအေ႐ႊ႕သတင္းေတြ လႈိင္လႈိင္ထြက္ေနေပမယ့္ ေရာ္နယ္ဒိုကေတာ့ သူလုပ္စရာရွိတာ ဆက္လုပ္ေနပါတယ္။ အခုလည္း ကိုယ္ပိုင္ဂ်က္ေလယာဥ္ Gulfstream G200 ကို အေရာင္းစာရင္းတင္လိုက္ေၾကာင္း ၿဗိတိန္သတင္းစာ The Sun က ေဖၚျပပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ သူတို႔မိသားစုအသုံးျပဳဖို႔ ေသးလြန္းေနလို႔ပါတဲ့။ ဒီေလယာဥ္ဟာ ေပါင္ သန္း ၂၀ တန္ေၾကးရွိၿပီး ၂၀၁၅ တုန္းက ဝယ္ထားတာပါ။ IAI Galaxy လို႔ အရင္က နာမည္ႀကီးခဲ့တဲ့ အင္ဂ်င္ႏွစ္လုံးတပ္ေလယာဥ္ဟာ

ေရာ္နယ္ဒိုနဲ႔ ခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ကို ဥေရာပတစ္လႊားပို႔ေဆာင္ေပးခဲ့ဖူးပါတယ္။ တစ္နာရီ ၅၆၀ မိုင္ႏႈန္းရွိတဲ့ Gulfstream G200 ဟာ ေရာ္နယ္ဒိုအတြက္ေတာ့ ဇာတိေျမေပၚတူဂီကို အသြားအျပန္လုပ္ဖို႔ နတ္ျမင္းပ်ံလိုပါပဲ။

ဒါေပမဲ့ ခရီးသည္ ၈ ဦးကေန ၁၀ ဦးေလာက္သာဆန႔္တာေၾကာင့္ ပိုႀကီးတဲ့ေလယာဥ္နဲ႔ခ်ိန္းခ်င္ေနတာလို႔ သိရပါတယ္။ တကယ္ေတာ့ ေရာ္နယ္ဒိုဟာ တစ္ကမာၻလုံးမွာ အစင္း ၂၅၀ သာရွိတဲ့ ဒီေလယာဥ္ကို

ဝိုင္ဖိုင္၊ တယ္လီဖုန္း၊ ဖက္စ္၊ လွ်ပ္စစ္မီးဖို၊ မိုက္ခ႐ိုေဝ့ဖ္၊ ေရခဲေသတၱာ၊ ေဖ်ာ္ေျဖေရးစနစ္ေတြနဲ႔ အက်အနျပင္ဆင္ခဲ့တာပါ။

ဒါေၾကာင့္ ျပန္လည္ဝယ္ယူသူဟာ ကမာၻေက်ာ္ကစားသမားတစ္ေယာက္ရဲ႕အေငြ႕အသက္ေတြပါဝင္ေနတဲ့ေလယာဥ္တစ္စီးကို ပိုင္ဆိုင္ခြင့္ရမွာျဖစ္သလို အသင့္သုံး႐ုံပဲလို႔လည္း ေရးသားထားပါတယ္။

ဒီလိုမွမဟုတ္ရင္ေတာ့ တစ္နာရီ ေပါင္ ၅၀၀၀ ကေန ၈၅၀၀ ေပးၿပီး အရင္လိုငွားစီးမယ္ဆိုရင္ေတာင္ အခြင့္အေရးရွိေတာ့မွာ မဟုတ္ပါဘူး။ ေရာ္နယ္ဒိုဟာ သူအသုံးမျပဳခ်ိန္မွာ အဲဒီႏႈန္းနဲ႔ငွားရမ္းခဲ့ဖူးတာျဖစ္ပါတယ္။