ကိုယ့်အလုပ်ကိုယ်လုပ်လို့ ဥရုဂွေးပိုင်တံခွန်ကို ဆရာကြီးဗန်ဒိုက် ဆုံးမသြဝါဒပေး

မန်စီးတီးကိုအနိုင်ရတဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အသင်းဖော်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ဖို့ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်က

တိုက်တွန်းလိုက်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ အဲဒီပွဲမှာ ကိုယ်တိုင်တစ်ဂိုးသွင်းနိုင်သလို ပင်နယ်တီတစ်ဂိုးရအောင်ပါ လုပ်ပေးနိုင်ခဲ့တာပါ။ ဒါကြောင့် ပွဲကြီးတွေမှာ သူ့အပေါ်ဖိအားတွေ

ကျရောက်လာနိုင်တာ သံသယရှိစရာမလိုပါဘူး။ ဗန်ဒိုက်ကတော့ “ ဂိုးသွင်းနိုင်ဖို့ အရေးကြီးပေမယ့် သူ့အတွက်ဆိုတာ ကျွန်တော့်အတွက်နဲ့ အတူတူပါပဲ။ ပြောင်းရွှေ့ကြေးဆိုတာ

စဉ်းစားသင့်တဲ့အရာမဟုတ်သလို သူလည်း စဉ်းစားမယ်မထင်ပါဘူး။ ခေါင်းငုံ့ပြီး အသင်းအတွက်ကြိုးစားရုံပါပဲ။ အသင်းအတွက် အရေးကြီးတာက ဒါပဲလေ။

သူလည်း ဒါကိုပြခဲ့တယ်ထင်ပါတယ်။ သူက မြင်တတ်တယ်၊ မြန်တယ်၊ သန်မာတယ်၊ ကျွန်တော်ပြောခဲ့ဖူးသလို မော်ဒန်တိုက်စစ်မှူးတစ်ယောက်ပါ။ ဟာလန်းလည်း ဒီလိုပါပဲ။

သူတို့ဟာ ရင်ဆိုင်ရခက်ကြသူတွေပါ ” လို့  ပြောလိုက်ပါတယ်။ နယ်သာလန်နောက်ခံလူဟာ ၂၀၁၈ တုန်းက ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ အန်ဖီးလ်ကိုရောက်လာခဲ့သူပါ။

သူ့လိုပဲ မြင့်မားတဲ့ပြောင်းရွှေ့ကြေးပိုင်ရှင်ဖြစ်နေတာကြောင့် နူနက်ဇ်အပေါ် စာနာစိတ်နဲ့အကြံပေးလိုက်တာဖြစ်သလို “ ပွဲပြီးမှ ဘယ်သူတွေ ဘာပဲပြောပြော ကစားနေချိန်မှာတော့

ကိုယ့်ကိုယ့်ကိုယ်သာ ဂရုစိုက်သင့်ပါတယ်။ ဘယ်သူတွေဘာပြောပြော ဂရုမစိုက်ပါနဲ့။ အဲဒါ ကျွန်တော်ရဲ့အောင်မြင်မှုသော့ချက်ပါပဲ ” လို့လည်း ဆက်လက်ပြောသွားခဲ့ပါတယ်။

(zawgyi)

မန္စီးတီးကိုအႏိုင္ရတဲ့ ကြန္ျမဴနတီဒိုင္းပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ အသင္းေဖာ္တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္ကို ကိုယ့္ကိုယ္ကိုယ္သာ ဂ႐ုစိုက္ဖို႔ လီဗာပူးလ္ေနာက္ခံလူဗန္ဒိုက္က

တိုက္တြန္းလိုက္ပါတယ္။ ဥ႐ုေဂြးတိုက္စစ္မႉးဟာ အဲဒီပြဲမွာ ကိုယ္တိုင္တစ္ဂိုးသြင္းႏိုင္သလို ပင္နယ္တီတစ္ဂိုးရေအာင္ပါ လုပ္ေပးႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ ပြဲႀကီးေတြမွာ

သူ႔အေပၚဖိအားေတြ က်ေရာက္လာႏိုင္တာ သံသယရွိစရာမလိုပါဘူး။ ဗန္ဒိုက္ကေတာ့ “ ဂိုးသြင္းႏိုင္ဖို႔ အေရးႀကီးေပမယ့္ သူ႔အတြက္ဆိုတာ ကြၽန္ေတာ့္အတြက္နဲ႔ အတူတူပါပဲ။

ေျပာင္းေ႐ႊ႕ေၾကးဆိုတာ စဥ္းစားသင့္တဲ့အရာမဟုတ္သလို သူလည္း စဥ္းစားမယ္မထင္ပါဘူး။ ေခါင္းငုံ႔ၿပီး အသင္းအတြက္ႀကိဳးစား႐ုံပါပဲ။ အသင္းအတြက္ အေရးႀကီးတာက ဒါပဲေလ။

သူလည္း ဒါကိုျပခဲ့တယ္ထင္ပါတယ္။ သူက ျမင္တတ္တယ္၊ ျမန္တယ္၊ သန္မာတယ္၊ ကြၽန္ေတာ္ေျပာခဲ့ဖူးသလို ေမာ္ဒန္တိုက္စစ္မႉးတစ္ေယာက္ပါ။ ဟာလန္းလည္း ဒီလိုပါပဲ။

သူတို႔ဟာ ရင္ဆိုင္ရခက္ၾကသူေတြပါ ” လို႔ ေျပာလိုက္ပါတယ္။ နယ္သာလန္ေနာက္ခံလူဟာ ၂၀၁၈ တုန္းက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၅ သန္းနဲ႔ အန္ဖီးလ္ကိုေရာက္လာခဲ့သူပါ။

သူ႔လိုပဲ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးပိုင္ရွင္ျဖစ္ေနတာေၾကာင့္ ႏူနက္ဇ္အေပၚ စာနာစိတ္နဲ႔အႀကံေပးလိုက္တာျဖစ္သလို “ ပြဲၿပီးမွ ဘယ္သူေတြ ဘာပဲေျပာေျပာ ကစားေနခ်ိန္မွာေတာ့

ကိုယ့္ကိုယ့္ကိုယ္သာ ဂ႐ုစိုက္သင့္ပါတယ္။ ဘယ္သူေတြဘာေျပာေျပာ ဂ႐ုမစိုက္ပါနဲ႔။ အဲဒါ ကြၽန္ေတာ္ရဲ႕ေအာင္ျမင္မႈေသာ့ခ်က္ပါပဲ ” လို႔လည္း ဆက္လက္ေျပာသြားခဲ့ပါတယ္။